မာတိကာသို့ ခုန်သွားရန်

ရှင်ဝဏ္ဏဓဇ

ဝီကီပီးဒီးယား မှ
(ဂွေးတောက်ကုန်းဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်ဝဏ္ဏဓဇ (၁၁၈၆ − ၁၂၅၄) သည် မင်းတုန်းမင်းလက်ထက်တွင် ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။[]

ဆရာတော်ကို ၁၁၈၆ ခုနှစ်တွင် တောင်တွင်းကြီးမြို့ အနောက်မြောက် ၁၀ မိုင်အကွာ မြို့သစ်ပိုင် ဝန်ချည်သီးကုန်းရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ရွှေတောင် ဖြစ်သည်။ မိဘနှစ်ပါးမှာ ဦးအောင်ဖြိုး − ဒေါ်နှင်းညို ဖြစ်သည်။

ငယ်စဉ်က တောင်တွင်းကြီးမြို့ ရေတိမ်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ သုံးဝါမရမီ မန္တလေးမြို့ စံကျောင်းတိုက်တွင် ပညာသင်ကြားနေခိုက် ပဉ္စမသံဂါယနာတွင် ပါဝင်ဆောင်ရွက်ခဲ့ရသည်။ ဆင်ဖြူမရှင်မိဖုရားကြီးက တောင်တွင်းကြီးမြို့ အရှေ့တောင် ဂွေးတောက်ကုန်းရွာအနီးရှိ တောအုပ်ကို ရှင်းလင်းကာ ဘုံးငါးဆင့်ရှိသည့် ကျောင်းတော်ကို ဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။ ထို့အပြင် မြသပိတ်၊ ဒေါင်းမြီးယပ်၊ သလွန်တော်များကိုလည်း လှူဒါန်းခဲ့သည်။[]

ပျံလွန်တော်မူခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၅၄ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[]

စာရေးသားခြင်း

[ပြင်ဆင်ရန်]

ဆရာတော် ရေးသားပြုစုတော်မူခဲ့သည့် မေတ္တာစာများမှာ ထင်ရှားသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၀၈။