ဂွမ်း တက္ကသိုလ်

ဝီကီပီးဒီးယား မှ
ဂွမ်း တက္ကသိုလ်
အမျိုးအစားcomedyanimation
ဘာသာစကားမြန်မာဘာသာ
ဖန်တီးသူနိုဘယ်အောင်

ဂွမ်းတက္ကသိုလ် သည် မြန်မာနိုင်ငံ မှ 2D animation ဟာသဇာတ်လမ်းတွဲ အတိုများဖြစ်သည်။ Joosk Character Design & Animation Studio မှ ၂၀၁၆ မတ်လတွင် Gwen University Facebook စာမျက်နှာမှတစ်ဆင့် စတင်ထုတ်လွှင့်ခဲ့သည်။ ၉၀ ခုနှစ်ဖွားများ ကြုံတွေ့ရသော မြန်မာနိုင်ငံပညာရေး စနစ်၏ အလွဲများကို ဟာသပုံစံ ဖန်တီးတင်ပြထားခြင်း ဖြစ်သည်။ short animation တစ်ခုစီ၏ ကြာမြင့်ချိန်မှာ ၃၀ စက္ကန့်မှ ၁ မိနစ်ခန့်ဖြစ်သည်။

ဇာတ်လမ်းနောက်ခံ[ပြင်ဆင်ရန်]

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ လေးယောက်ဖြစ်သော ဆိုးတေ၊ ချယ်ရီ၊ စိုင်းလမင်း နှင့် ဒွန်းကြည် တို့၏ ဘဝအကြောင်းဖြစ်သည်။

ရန်ကုန်မြို့ တွင် ဂွမ်း အမည်ရှိ တက္ကသိုလ် တစ်ခုရှိပြီး ဂွမ်းတက္ကသိုလ် ကို ရည်ရွယ်ချက် အမျိုးမျိုး၊ အကြောင်း အမျိုးမျိုးဖြင့် ကျောင်းသားတွေ နှစ်စဉ် ရောက်ရှိလာကြသည်။ တစ်ရက်တွင် ဂွမ်းတက္ကသိုလ်ကို ကျောင်းသား၊ ကျောင်းသူ လေးယောက် ရောက်ရှိလာခဲ့သည်။

ဘဝကို ပျော်ပျော်နှင့် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သော ဆိုးတေ၊ ကိုယ်ပိုင် ဆန္ဒမပါဘဲ မိဘ၏ဖိအားပေး အုပ်ချုပ်မှုကြောင့် ဂွမ်းတက္ကသိုလ်ကို ရောက်လာရသော်လည်း သူ့ဆန္ဒ၊ သူ့ရည်မှန်းချက်တွေကို အရှုံးမပေး ဆက်ရပ်တည်ဖို့ ကြိုးစားနေသူ ချယ်ရီ၊ မိဘက ပြောတဲ့အတိုင်း တသွေမတိမ်း ကြီးပြင်းလာပြီး ဂွမ်းတက္ကသိုလ်ကို မိဘက ရွေးချယ်ပေးသဖြင့် ရောက်ရှိလာသူ စိုင်းလမင်း၊ အမြဲတမ်း တတ်ယောင်ကား ဆရာကြီး လုပ်တတ်သော ဒွန်းကြည် တို့ ရောက်ရှိလာခဲ့သည်။

သူတို့၏ နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသည့် အဖြစ်အပျက်များကို ဟာသဇာတ်လမ်းအသွင် ဖန်တီးထားခြင်း ဖြစ်သည်။

ဇာတ်ကောင်များ[ပြင်ဆင်ရန်]

  • ဆိုးတေ
  • ချယ်ရီ
  • စိုင်းလမင်း
  • ဒွန်းကြည်

Animation ဇာတ်လမ်းတွဲ ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

မြန်မာ Animation Industry တွင် ခြေလှမ်းသစ်တွေ ဆက်လှမ်း နိုင်ရန် ရည်ရွယ်ကာ Joosk အဖွဲ့မှ Animation အတိုလေးများကို စမ်းသပ် ဖန်တီးခဲ့ကြသည်။ ယခင် Animation Work များမှ ရလာသော အတွေ့အကြုံများကို သုံးသပ် သင်ခန်းစာယူပြီး၊ ခြေလှမ်းသစ်အနေဖြင့် Short Animation Series တစ်ခုဖြစ်လာအောင် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ထုတ်လွှင့်ထားသော အပိုင်းများ[ပြင်ဆင်ရန်]

  1. ပိုက်ဆံလည်းမကုန် လူလည်း ရှင်းတဲ့နေရာ
  2. Only in မြန်မာပြည်
  3. မြန်မာပြည်မှာ သရဲဖြစ်ရတဲ့ဒုက္ခ
  4. ရှိ
  5. ခိုးဝှက်ဖွက်နှိုက်
  6. အားလုံး နားထောင်ကြပါလို့
  7. ဆိုး‌တေတို့ ငယ်‌ငယ်‌တုန်းကပေါ့
  8. မြန်မာလိုင်းကား ကမ္ဘာကို ထိုးဖောက်မည်

ကိုးကား[ပြင်ဆင်ရန်]

  1. ညိုမီ (၂၇ အောက်တိုဘာ ၂၀၁၆)။ Meet the animators behind Myanmar’s hottest web seriesမြန်မာတိုင်း(မ်)။ 28 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ ဒီဇင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. Featured Filmmaker: Thet Paing Kha။ Engage Media (၁၂ နိုဝင်ဘာ ၂၀၁၅)။ ၂၈ ဒီဇင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]