ဂွမ်းဂယ်ထို မင်းတရားကြီး
ပုံပန်းသွင်ပြင်
|
ဂွမ်းဂယ်ထို မင်းတရားကြီး 광개토대왕/廣開土大王 | |
|---|---|
| မင်းတရားကြီး | |
တော်ဝင်အုတ်ဂူကျောက်စာ | |
| ဂိုဂူလျော ဘုရင် | |
| နန်းစံနှစ် | ၃၉၁ ~ ၄၁၂ |
| ယခင်လူ | ဂိုဂူ့ဂ်ယမ်းမင်း |
| ဆက်ခံသူ | ဂျမ်းဆူမင်း |
| ဂိုဂူလျော အိမ်ရှေ့စံ | |
| နန်းစံနှစ် | ၃၉၁ ~ ၄၁၂ |
| ယခင်လူ | အိမ်ရှေ့စံ ဂူဘူ (ဆိုဆူရီးမ်မင်း) |
| ဆက်ခံသူ | အိမ်ရှေ့စံ ဂေါလျောန်း (ဂျမ်းဆူမင်း) |
| အမည်နာမ | |
| ကွယ်လွန်ပြီးနောက်အမည် | 국강상광개토경평안호태왕[၁] (國𦊆上廣開土境平安好太王) 국강상광개토지호태성왕[၂] (國罡上廣開土地好太聖王) |
| သင်္ချိုင်းတော်အမည် | ဂူ့ဂ်ဂမ်းဆမ်း(국강상/國罡上) |
| ခေတ်အမည် | ယောင်းလတ်ဂ်(영락/永樂) |
| အချက်အလက် | |
| ဖွားမြင်ချိန် | ၃၇၄ |
| ဖွားမြင်ရာ | ဂိုဂူလျော ဂူ့ဂ်နယ် ခံတပ်မြို့ |
| ကံတော်ကုန်ချိန် | ၄၁၂ (သက်တော် ၃၈ နှစ်) |
| ကံတော်ကုန်ရာ | ဂိုဂူလျော ဂူ့ဂ်နယ် ခံတပ်မြို့ |
| ခမည်းတော် | ဂိုဂူ့ဂ်ယမ်းမင်း |
| မယ်တော် | မသိရ |
| ပါရမီဖြည့်ဖက် | မသိရ |
| သားသမီး | ဂျမ်းဆူမင်း · မင်းသား(မသိရ) · မင်းသား(မသိရ)[၃] |
ဂွမ်းဂယ်ထို မင်းတရားကြီး(ကိုရီးယား: 광개토대왕/廣開土大王, ၃၇၄ ~ ၄၁၂) သို့မဟုတ် ဂွမ်းဂယ်ထိုမင်း(ကိုရီးယား: 광개토왕/廣開土王)သည် ဂိုဂူလျော၏ ၁၉ ဦးမြောက် ဘုရင်(နန်းစံနှစ် : ၃၉၁ ~ ၄၁၂)ဖြစ်သည်။ အမည်မှာ ဒမ်းဒေါ့(담덕/談德) သို့မဟုတ် အန်း(안/安)ဖြစ်ပြီး ဂိုဂူ့ဂ်ယမ်းမင်း၏ သားတော်ဖြစ်သည်။
ယခုခေတ် တောင်ကိုရီးယားနိုင်ငံတွင် သူ၏ အောင်မြင်မှုများကို ကြီးမားစွာ အသိအမှတ်ပြုသောအားဖြင့် ဂွမ်းဂယ်ထိုမင်းတရားကြီး(광개토대왕/廣開土大王)ဟူ၍ ခေါ်တွင်သည်။ တစ်ဖက်တွင် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့၌ ဟိုထယ်မင်း(호태왕/好太王)ဟူသော အမည်နာမဖြင့် ထင်ရှားသည်။