ဂုစတာ့ဖ် ကစ်ရ်ရှ်ဟော့ဖ်
ပုံပန်းသွင်ပြင်
(ဂွတ်စတာ့ဖ် ကစ်ရ်ရှ်ဟော့ဖ် မှ ပြန်ညွှန်းထားသည်)
ဂုစတာ့ဖ် ရိုဘက်ရ်တ် ကစ်ရ်ရှ်ဟော့ဖ်(ဂျာမန်: Gustav Robert Kirchhoff; ၁၂ မတ် ၁၈၂၄ ~ ၁၇ အောက်တိုဘာ ၁၈၈၇)သည် လျှပ်စစ်ပတ်လမ်းများ၊ စပက်ထရိုစကုပ်ဗေဒနှင့် အနက်ထည် ရောင်ခြည်ဖြာထွက်ခြင်း အစရှိသည့် နယ်ပယ်များကို တိုးတက်စေခဲ့သော ဂျာမန် ရူပဗေဒပညာရှင် ဖြစ်သည်။
| ဂုစတာ့ဖ် ကစ်ရ်ရှ်ဟော့ဖ် Gustav Kirchhoff | |
|---|---|
| နိုင်ငံလူမျိုး | |
| နယ်ပယ် | ရူပဗေဒ |
| အဖွဲ့အစည်းဌာန | ဘာလင် တက္ကသိုလ် ဘရက်စလောင် တက္ကသိုလ် ဟိုင်ဒယ်လ်ဘက်ရ်ခ် တက္ကသိုလ် |
| ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ | ရမ်ဖို့ဒ် ဆုတံဆိပ် |
သူသည် ၁၈၆၂ ခုနှစ်တွင် အနက်ထည်(black body)ဟူသော ဝေါဟာရကို ဖန်တီးခဲ့သည်။ လျှပ်စစ်ပတ်လမ်းနှင့် သာမိုဒိုင်းနမစ် နယ်ပယ်ဆိုင်ရာ ကစ်ရ်ရှ်ဟော့ဖ် နိယာမ နှစ်ခုသည် သူ၏ အမည်ကို ယူ၍ ပေးခဲ့ကြခြင်း ဖြစ်သည်။