ဂြိုလ်သား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကမ္ဘာဂြိုလ်သည်လည်း ဂြိုလ်တစ်ခုပင်ဖြစ်ငြားသော်လည်း ဂြိုလ်သားဟူသည်မှာ တိရိစ္ဆာန်နှင့်လူသားများ၊ နတ်ဒေဝတာများ စသည်တို့ကိုရည်ညွှန်းလိုသောသဘောမရှိပဲ အခြားဂြိုလ်တစ်ခုခုမှ စိတ်ကူးယဉ်သက်သက်ထက်မကသော သက်ရှိသတ္တဝါ ကိုဆိုလိုခြင်းဖြစ်သည်။


ဂြိုလ်သားနှင့်စပ်လျဉ်း၍[ပြင်​ဆင်​ရန်​]

နေစကြာဝဠာ ဂြိုလ်စုတွင် ကမ္ဘာဂြိုလ်မှ တပါး ကျန်ဂြိုလ်များတို့၌ သက်ရှိတို့ ပေါက်ပွါးနေထိုင်သည့်အထောက်အထား ခိုင်လုံစွာမတွေ့ရပေ။ သို့သော် အင်္ဂါဂြိုလ်တွင် သက်ရှိသတ္တဝါများ ရှိကောင်းရှိနိုင်သည်ဟူသော အယူအဆများ ပေါ်ပေါက်ခဲ့ဖူးသည်။ လက်ရှိတွင်လည်း အင်္ဂါဂြိုဟ်တွင်ရေရှိကြောင်းအထောက်အထားများတွေ့ရှိရသဖြင့် သက်ရှိများရှိနိုင်သည်သို့မဟုတ်ရှိခဲ့နိုင်သည်ဟု သိပ္ပံပညာရှင်များကယူဆကြသည်။ အင်္ဂါဂြိုဟ်မှပဲ့ထွက်လာဟန်ရှိသောဥက္ကာခဲများ ကမ္ဘာပေါ်သို့ကျရောက်လာသည်များကိုလေ့လာခြင်းဖြင့် သက်ရှိများ၏ကျောက်ဖြစ်ရုပ်ကြွင်းဟုထင်ရသောအရာများကိုတွေ့ရှိရသဖြင့် အင်္ဂါဂြိုဟ်တွင် တစ်ချိန်ကသက်ရှိများနေထိုင်ခဲ့ကြသည်ဟုယူဆဖွယ်ဖြစ်သည်။

သိပ္ပံပညာရှင်တို့က သက်ရှိများရှိနိုင်သည် သို့မဟုတ် နေထိုင်လို့ရသည်ဟုယူဆကြသောအခြားဂြိုဟ်များမှာ စနေဂြိုဟ်၏ဂြိုဟ်ရံလဖြစ်သည့် တိုင်တန်၊ ကြာသပတေးဂြိုဟ်၏ဂြိုဟ်ရံလဖြစ်သည့် ကာဆီနီ၊ နေစကြာဝဠာအပြင်ဖက်ရှိ ကက်ပလာ၂၂ ဂြိုဟ်များဖြစ်ကြသည်။

ထိုမှတဆင့် နေစကြာဝဠာအပြင်ဖက်ရှိ ဂြိုလ်တစ်ခုခုတွင်လည်း သက်ရှိသတ္တဝါ အချို့တည်ရှိနိုင်မည်ဖြစ်ကြောင်း၊ လူသားတို့ထက်ပင် အသိဉာဏ်အဆင့်မြင့်မားနေနိုင်ပြီး မြေကမ္ဘာဂြိုလ်သို့ လာရောက်စူးစမ်းလေ့လာခြင်းများလည်းရှိကြောင်း ပြောဆိုသူများ ယုံကြည်သူများရှိလာခဲ့သည်။ ရို့စ်ဝဲလ်ဖြစ်ရပ်ဆန်း Roswell case ဟူသော သတင်းများကြောင့် ဂြိုလ်သား နှင့် ပန်းကန်ပြားပျံခေါ်အမျိုးအမည်မသိယာဉ်ပျံများ UFO တို့အပေါ် စိတ်ပါဝင်စားသူများခဲ့သည်။ နောက်ဆက်တွဲအကျိုးရလဒ်အနေဖြင့် ကမ္ဘာ့အပြင်ဖက်မှ လူပိုတစ်ယောက် ဟုအဓိပ္ပါယ်ရသော ET ရုပ်ရှင်ဇာတ်လမ်း ပေါ်ပေါက်လာပြီး ဒေါ်လာသန်းပေါင်းများစွာ မြတ်စွန်းသည့်တိုင် စိတ်ဝင်စားမှုရရှိခဲ့သည်။