ဂျွန် ဘားကို

ဝီကီပီးဒီးယား မှ
The Right Honourable

ဂျွန် ဘားကို
၂၀၁၈ ၌ တွေ့မြင်ရစဉ်
အေညက်လွှတ်တော် သဘာပတိ
တာဝန်သက်တမ်း
၂၂ ဇွန် ၂၀၀၉ – ၄ နိုဝင်ဘာ ၂၀၁၉
ဧကရာဇ်ဒုတိယမြောက် အဲလိဇဘက် ဘုရင်မ
ဝန်ကြီးချုပ်
လက်ထောက်
  • Alan Haselhurst
  • Lindsay Hoyle
ယခင်လူမိုက်ကယ်မာတင်
ဆက်ခံသူလင့်ဇီ ဟွိုင်းလ်
Shadow Secretary of State for International Development
တာဝန်သက်တမ်း
၁၀ နိုဝင်ဘာ ၂၀၀၃ – ၈ စက်တင်ဘာ ၂၀၀၄
ခေါင်းဆောင်မိုက်ကယ် ဟိုးဝပ်
ယခင်လူCaroline Spelman
ဆက်ခံသူAlan Duncan
Shadow Chief Secretary to the Treasury
တာဝန်သက်တမ်း
၁၈ စက်တင်ဘာ ၂၀၀၁ – ၂၃ ဇူလိုင် ၂၀၀၂
ခေါင်းဆောင်Iain Duncan Smith
ယခင်လူOliver Letwin
ဆက်ခံသူHoward Flight
လွှတ်တော်ကိုယ်စားလှယ်
ဘက်ကင်ဟမ်ရွေးကောက်ခံနယ်မြေအတွက်
တာဝန်သက်တမ်း
၁ မေ ၁၉၉၇ – ၄ နိုဝင်ဘာ ၂၀၁၉
ယခင်လူGeorge Walden
ဆက်ခံသူGreg Smith
အက်ဆစ်ခ်စ် တက္ကသိုလ် အဓိပတိ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၂ ဇူလိုင် ၂၀၁၇
ဒုအဓိပတိAnthony Forster
ယခင်လူShami Chakrabarti
ဘက်ဒ်ဖာ့ရှီးယား တက္ကသိုလ် အဓိပတိ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၅ ဇူလိုင် ၂၀၁၄
ဒုအဓိပတိBill Rammell
ယခင်လူThe Baroness Howells of St Davids
Steward and Bailiff of the Manor of Northstead
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၄ နိုဝင်ဘာ ၂၀၁၉
ယခင်လူHeidi Alexander (၂၀၁၈)
Member of Lambeth London Borough Council for St Leonard's ward
တာဝန်သက်တမ်း
၁၉၈၆ – ၁၉၉၀
ကိုယ်ရေး အချက်အလက်များ
မွေးဖွားဂျွန် ဆိုင်းမန် ဘားကို
(1963-01-19) ၁၉ ဇန်နဝါရီ၊ ၁၉၆၃ (အသက် ၆၁)
Edgware လန်ဒန်မြို့, အင်္ဂလန်
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂလ (၂၀၁၉–လက်ရှိ)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
  • လွှတ်တော်သဘာပတိ(၂၀၀၉–၂၀၁၉)
  • ကွန်ဆာဗေးတစ်ပါတီ (၂၀၀၉ မတိုင်မီ)
ကြင်ဖော်(များ)Sally Illman (လက်ထပ် 2002)
သားသမီး
မိခင်ကျောင်းအက်စစ်ခ်စ် တက္ကသိုလ် (ဘီအေ)
ဝက်ဘ်ဆိုဒ်Official website

ဂျွန် ဆိုင်းမန် ဘားကို (အင်္ဂလိပ်: John Simon Bercow ; ၁၉ ဇန်နဝါရီ ၁၉၆၄ မွေးဖွား)[၂] သည် ဗြိတိသျှနိုင်ငံရေးတစ်ဦးဖြစ်ပြီး ၁၉၉၇ နှင်ြ ၂၀၁၉ ကြားကာလများတွင် ဘက်ကင်ဟမ်ရွေးကောက်နယ်မြေ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၀၉ မှ ၂၀၁၉ အထိ အောက်လွှတ်တော်တွင် သဘာပတိအဖြစ်လည်းကောင်း ဆောင်းရွက်ခဲ့သည်။ ၁၉၇၁ Selwyn Lloyd လက်ထက်ကတည်းက ဒုတိယ သဘာပတိဖြစ်စရာမလိုဘဲ သဘာပတိအဖြစ် တန်း၍ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ သဘာပတိအဖြစ် ရွေးချယ်မခံရမီ ကွန်ဆာဗေးတစ်ပါတီ၏ အမတ်တစ်ဦးဖြစ်သည်။

လန်ဒန်အရပ် လမ်းဘ(သ်)တွင် ၁၉၈၆ မှ ၁၉၉၀ အထိလအတိုင်ပင်ခံဖြစ်ပြီး ၁၉၈၇ နှင့် ၁၉၉၂ အထွေထွေရွေးကောက်ပွဲများတွင် ပါလီမန်နေရာရရှိရန် ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ ထို့နောက် ၁၉၉၇ တွင် ဘက်ကင်ဟမ်အတွက် ရွေးကောက်ခံရသည်။ နောက်ယောင်ခံအစိုးရထဲသို့ ၂၀၀၁ တွင် ဘားကို ကိုထည့်သွင်းခဲ့ကြ၍ အီယန် ဒန်ကန် စမစ်သ် နှင့် မိုက်ကယ် ဟိုးဝပ် တို့အောက်တွင်ဖြစ်၏ ။ ၂၀၀၂ နိုဝင်ဘာတွင် လိင်တူလက်ထပ်ခြင်းကို ၎င်းဧထောက်ခံမှုနှင့်ပတ်သက်သော အငြင်းပွားမှုတွင် နုတ်ထွက်ခဲ့ကာ နောက်တစ်နှစ် ၂၀၀၄ တွင် နောက်ယောင်ခံအစိုးရအဖွဲ့မှ ထုတ်ပယ်နိုင်စေရန် အလို့ငှာ ပြန်ရောက်ရှိလာခဲ့သည်။ ၎င်းပါတီ၏ လက်ယာယိမ်းသည့် အပိုင်းတွင် စူးစူးစိုက်စိုက်ပါဝင်ဆောင်ရွက်ခဲ့သော်လည်း ၎င်း၏ စိတ်ကူးအမြင်များမှာ အချိန်ကာလ ကုန်လွန်လာသည်နှင့်အမျှ ပြောင်းလဲလာကာ ၂၀၀၉ ၌ လေဘာပါတီသို့ ပြောင်းမည်ဟူသော ကောလဟာလများထွက်လာခဲ့သည်။ သို့သော် ၎င်းက ငြင်းဆိုခဲ့၏ ။[၃]

၂၀၀၉ ဇွန်တွင် မိုက်ကယ် မာတင်သည် လွှတ်တော်သဘာပတိအဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် ဘားကိုသည် သဘာပတိ ရွေးချယ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည်။ ၂၀၁၀၊ ၂၀၁၅၊ ၂၀၁၇ တို့တွင်လည်း ကန့်ကွက်သူမရှိ လွှတ်တော်သဘာပတိဖြစ်လာခဲ့ပြီး[၄] ဤအချက်သည် ဒုတိယကမ္ဘာစစ်ပြီးသည်မှ လေးကြိမ်တိုင် ရွေးချယ်ခြင်းခံရသော ပထမဆုံးသဘာပတိဖြစ်၍ ဝန်ကြီးချုပ်လေးဆက်နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သော ပထမဆုံးသဘာပတိလည်းဖြစ်သည်။[၅][၆] စက်တင်ဘာ ၂၀၁၉ တွင် ဘားကိုသည် အောက်လွှတ်တော်သဘာပတိ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ အောက်တိုဘာ (၃၁)တွင် နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။ ၂၀၁၉ နိုဝင်ဘာ Manor of Northstead ရာထူးခန့်အပ်ခြင်းခံရသည်အထိ သဘာပတိအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။[၇] သဘာပတိအဖြစ် (၁၀)နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် ဘားကိုသည် (၁၅)နှစ် ထမ်းဆောင်ခဲ့သော အဒ်ဝပ် ဖစ်ဇ်ရွိုင်း (တာဝန်ကာလ ၁၉၂၈-၁၉၄၃)ပြီးလျှင် သက်တမ်းအကြာဆုံးသော လွှတ်တော်သဘာပတိဖြစ်သည်။

၂၀၁၄ တွင် ဘားကို ကို ဘက်ဒ်ဖာ့ရှီးယား တက္ကသိုလ် (Bedfordshire) ၏ အဓိပတိအဖြစ် ခန့်အပ်ခဲ့၍[၈] ၂၀၁၇ ဇူလိုင်တွင် အက်ဆစ်ခ်စ် တက္ကသိုလ် (Essex) အဓိပတိအဖြစ်လည်း ခန့်အပ်ခံရသည်။[၉] ၂၀၂၀ ဇန်နဝါရီတွင် လန်ဒန်တက္ကသိုလ် ရွိုင်ရယ် ဟောလိုဝေး (ကောလိပ်)၏ နိုင်ငံရေးရာ အချိန်ပိုင်း ပါမောက္ခဖြစ်လာခဲ့သည်။[၁၀][၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. "10/01/2010"Westminster Hour။ 10 January 2010။ BBC Radio 4။ 23 December 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး18 January 2014 တွင် ပြန်စစ်ပြီး
  2. "John Bercow in conversation"။ 12 January 2020 တွင် ပြန်စစ်ပြီး 
  3. "The John Bercow story"၊ BBC၊ 24 June 2009။ 2 June 2015 တွင် ပြန်စစ်ပြီး 
  4. "John Bercow to continue as Commons Speaker with MPs' backing"၊ BBC News၊ 18 May 2015။ 18 May 2015 တွင် ပြန်စစ်ပြီး 
  5. "Speaker John Bercow reflects on 10 years of keeping British parliamentarians in line"၊ 4 October 2019။ "After being elected for four consecutive terms as Speaker, and serving under four prime ministers, Bercow is exiting at a time of high drama and tension in the U.K." 
  6. Tominey၊ Camilla။ "John Bercow: the Speaker dogged by claims of bullying and bias who was a thorn in the side of his own party"၊ 9 September 2019။ "Bercow is the longest-serving Speaker since Edward FitzRoy served 15 years in post between 1928 and 1943, and the first Speaker since FitzRoy to serve under four Prime Ministers." 
  7. Rowena Mason "John Bercow to step down as Speaker by 31 October" Archived 30 September 2019 at the Wayback Machine., The Guardian, 9 September 2019
  8. Chancellor of the University of Bedfordshire။ beds.ac.uk။ 18 May 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 May 2015 တွင် ပြန်စစ်ပြီး။
  9. "Speaker of the House of Commons to become our sixth Chancellor"၊ Colchester: The University of Essex၊ 18 July 2017။ 
  10. "John Bercow starts first paid job since quitting Parliament as Professor of Politics at Royal Holloway University"၊ The Telegraph၊ 24 January 2020။ 25 January 2020 တွင် ပြန်စစ်ပြီး 
  11. "John Bercow made Professor of politics at Royal Holloway, University of London"၊ London Evening Standard၊ 24 January 2020။ 25 January 2020 တွင် ပြန်စစ်ပြီး