ဂျွန် ဆစ်ဒန်ဟမ် ဖာနီဗယ်

ဝီကီပီးဒီးယား မှ
ဂျေ အက်စ် ဖာနီဗယ်
ပတ္တလားတီးနေသော မစ္စတာ ဖာနီဗယ်
မွေးဖွားဂျွန် ဆစ်ဒန်ဟမ် ဖာနီဗယ်
(1878-02-14)၁၄ ဖေဖော်ဝါရီ၊ ၁၈၇၈
ဂရိတ်ဘန်တလေ၊ အက်ဆက်နယ်၊ အင်္ဂလန်နိုင်ငံ
ကွယ်လွန်၇ ဇူလိုင်၊ ၁၉၆၀(1960-07-07) (အသက် ၈၂)
ကိန်းဘရစ်ချ်မြို့အင်္ဂလန်နိုင်ငံ
နိုင်ငံလူမျိုးဗြိတိသျှ
အခြား အမည်များJS Furnivall
မိခင်ကျောင်းTrinity Hall, ကိန်းဘရစ်ချ်တက္ကသိုလ်
Leiden University
အလုပ်အကိုင်Civil servant and Southeast Asian scholar
အိမ်ထောင်ဖက်(များ)မာဂရက် မညွန့် (၁၉၀၂-၁၉၂၀)[၁]
သားသမီးသမီး ၂ ဦး[၁]
ရရှိသည့်ဆုများOrder of Orange-Nassau (၁၉၄၈)
သတိုးသီရိသုဓမ္မဘွဲ့ (၁၉၄၉)

ဂျွန် ဆစ်ဒန်ဟမ် ဖာနီဗယ် (အင်္ဂလိပ်: John Sydenham Furnivall) (၁၈၇၈-၁၉၆၀) သည် ဗြိတိသျှသား ကိုလိုနီအရာထမ်းနှင့် စာရေးသူ ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ဖာနီဗယ်ကို ၁၈၇၈ ခု၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် အက်ဆက်နယ်၊ ဂရိတ်ဘန်တလေ၌ မွေးသည်။

တော်ဝင် ဆေးပညာ ကျေးဇူးတော်ကောလိပ် (ယခု အက်ပဆမ် ကောလိပ်) ၌ ပညာသင်ရာ ကိန်းဘရစ်တက္ကသိုလ်ဝင်ရန် ပညာတော်သင်ဆု ရသည်။ ကိန်းဘရစ်၌ ထရီနတီဟော၌ သင်ရသည်။ ၁၈၉၆ ခုတွင် သဘာဝသိပ္ပံဘာသာနှင့် ဘွဲ့ရသည်။[၂]

အရာထမ်းဘဝ[ပြင်ဆင်ရန်]

၁၉၀၁ ခုတွင် အိန္ဒိယပဋိညာဉ်ခံ ပြည်သူ့ဝန်ထမ်း (Indian Civic Service) အဖြစ် ဝင်ရာ မြန်မာသို့ သွားရန် တာဝန်ကျသည်။ ၁၉၀၂ ခု၊ ဒီဇင်ဘာလ ၁၆ ရက်တွင် ရန်ကုန်သို့ ရောက်လာသည်။ လက်ထောက်အရေးပိုင်နှင့် အိုးအိမ်အရာရှိအဖြစ် လုပ်ရသည်။

၁၉၁၅ ခုတွင် ဒုတိယအရေးပိုင် ဖြစ်လာသည်။ ၁၉၂၀ ပြည့်သော် မြေယာအိုးအိမ်နှင့် မြေစာရင်းဌာန၏ အရေးပိုင် ဖြစ်လာသည်။

၁၉၂၃ ခုတွင် အရာထမ်းဘဝမှ အနားယူသည်။

စာပေဆိုင်ရာ လှုပ်ရှားမှု[ပြင်ဆင်ရန်]

၁၉၀၆ ခုတွင် ဗမာပြည်သုတေသနအသင်းကို မြန်မာကျောင်းသားများနှင့် ပေါင်းထောင်သည်။ ထိုအသင်းမှာ ၁၉၀၆ ခုမှစ၍ ဗမာပြည်သုတေသနအသင်း ဂျာနယ်ကို ထုတ်နိုင်လာသည်။

အနားယူပြီးနောက် ၁၉၂၄ ခုတွင် ဗမာပြည်စာအုပ်အသင်း (ဘားမားဘွတ်ကလပ်) ကို ထောင်သည်။ ထိုအသင်းသည် ခေတ်စမ်းစာပေကို အားပေးပြီး ဂန္ထလောကကို ထုတ်ခဲ့သည်။

၁၉၂၈ ခုတွင် ဗမာပြည် ပညာပြန့်ပွားရေး အသင်း (Burma Education Extension Association, BEEA) ကို ထောင်သည်။ ထိုအသင်းသည် နောင်တွင် ဗမာပြည် ဘာသာပြန်အသင်းဖြစ်လာမည့် ရှေ့ဦးအသင်း ဖြစ်သည်။

၁၉၃၁ ခုတွင် အင်္ဂလန်သို့ ပြန်နေသည်။ ၁၉၃၃-၃၅ ကာလကို ကိုလိုနီအုပ်ချုပ်ရေးဘာသာအား လေးဒန်တက္ကသိုလ်၌ သင်ယူခြင်းဖြင့် ကုန်ဆုံးစေသည်။

၁၉၃၆ ခုတွင် ကိန်းဘရစ်တက္ကသိုလ်၌ မြန်မာ ဘာသာစကား၊ သမိုင်းနှင့် ဥပဒေ ဘာသာရပ်အား နည်းပြလုပ်သည်။ ၁၉၄၁ ခုအထိ ဖြစ်သည်။

နည်းပြလုပ်စဉ် မစ္စတာ ဒွန် (C. W. Dunn) နှင့် တွဲကာ ဗမာ-အင်္ဂလိပ် အဘိဓာန်ကို ထုတ်ဝေသည်။

၁၉၄၂ တွင် ထုတ်သည့် ဗမာပြည် ပြန်လည်ထုတ်ထောင်ရေး (Reconstruction in Burma) စာအုပ်သည် ၁၉၄၈ လွတ်လပ်ရေးရသော မြန်မာနိုင်ငံအတွက် မှီးငြမ်းစရာစာအုပ် ဖြစ်လာသည်။

ဦးနု၏ ဖိတ်ခေါ်ချက်ကြောင့် ၁၉၄၈ ခုတွင် မြန်မာသို့ ပြန်လာသည်။ အမျိုးသားစီမံကိန်းအကြံပေးအဖြစ် လုပ်သည်။

၁၉၅၇ ခုတွင် ဗြိတိသျှအစိုးရ၏ ပန်ကြားချက်အရ ကိုလိုနီဆိုင်ရာ လုပ်ဆောင်ချက်များနှင့် မူဝါဒ (Colonial Practice and Policy) ကို ရေးသည်။ ထိုစာအုပ်တွင် ကိုလိုနီဆိုင်ရာ မူဝါဒတို့ကြောင့် မြန်မာ့ လူမှုအဖွဲ့အစည်း မည်သို့ယိုယွင်းသွားကြောင်း ဆွေးနွေးထားသည်။

၁၉၆၀ ပြည့်တွင် အိမ်စောင့်အစိုးရ တက်လာပြီးနောက် နိုင်ငံခြားသားများအား နှင်ရာ ဖာနီဗယ်လည်း အင်္ဂလန်သို့ ပြန်ရသည်။

ရေးသားသော စာများ[ပြင်ဆင်ရန်]

  • ဗမာပြည် နိုင်ငံရေးနွယ် စီးပွားရေးမိတ်ဆက် (၁၉၃၁)
  • ဗမာပြည်ရှိ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ (၁၉၃၀)
  • နယ်သာလန်အိန္ဒိယသမိုင်း မိတ်ဆက် (၁၉၃၃)
  • ဗမာပြည်ရှိ ကြွယ်ဝမှု (၁၉၃၇)
  • နယ်သာလန်အိန္ဒိယ (၁၉၃၉)

မိသားစုဘဝ[ပြင်ဆင်ရန်]

ရန်ကုန်ရောက်သည့် ၁၉၀၂ ခုတွင်ပင် တောင်ငူသူ မာဂရက် (ခ) မညွန့်နှင့် လက်ထပ်သည်။[၃] သမီးနှစ်ယောက်ရှိသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၆၀ ခု၊ ဇူလိုင်လ ၇ ရက်တွင် ကိန်းဘရစ်၌ ကွယ်လွန်သည်။

ဘွဲ့ထားဂုဏ်ထူးများ[ပြင်ဆင်ရန်]

  • ဦးနုအစိုးရက သတိုးသီရိသုဓမ္မဘွဲ့ ပေးသည်။
  • ရန်ကုန်တက္ကသိုလ်က စာပေပါရဂူ ဒီလစ်ဘွဲ့ ပေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Coppel, Charles A. (July 1997). "Revisiting Furnivall's 'plural society': Colonial Java as a mestizo society?". Ethnic and Racial Studies 20 (3): 562–579. doi:10.1080/01419870.1997.9993975. 
  2. တမ်းပလိတ်:Acad
  3. Pham, Julie (2005). "J. S. Furnivall and Fabianism: Reinterpreting the 'Plural Society' in Burma". Modern Asian Studies 39 (2): 321–348. doi:10.1017/s0026749x04001593.