ဂျော့ ကလေမန်စိုး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Georges Clemenceau
Georges Clemenceau 1.jpg
Prime Minister of France
တာဝန်သက်တမ်း
16 November 1917 – 20 January 1920
သမ္မတRaymond Poincaré
ယခင်လူPaul Painlevé
ဆက်ခံသူAlexandre Millerand
တာဝန်သက်တမ်း
25 October 1906 – 24 July 1909
သမ္မတArmand Fallières
ယခင်လူFerdinand Sarrien
ဆက်ခံသူAristide Briand]]
Minister of Defence (France)
တာဝန်သက်တမ်း
16 November 1917 – 20 January 1920
ယခင်လူPaul Painlevé
ဆက်ခံသူAndré Joseph Lefèvre
Minister of the Interior
တာဝန်သက်တမ်း
14 March 1906 – 24 July 1909
ဝန်ကြီးချုပ်Ferdinand Sarrien
ယခင်လူFernand Dubief
ဆက်ခံသူAristide Briand
ကိုယ်ရေး အချက်အလက်များ
မွေးဖွားGeorges Benjamin Clemenceau
28 September 1841
Mouilleron-en-Pareds, Vendée
ကွယ်လွန်၂၄ နိုဝင်ဘာ၊ ၁၉၂၉(1929-11-24) (အသက် ၈၈)
16th arrondissement, Paris
နိုင်ငံရေးပါတီIndependent Radicals
ကြင်ဖော်(များ)Mary Eliza Plummer
(1869–1891; divorced)
ကျွမ်းကျင်မှုJournalist
Physician
နာမည်ပြောင်«Father of Victory»
«The Tiger»

ပြင်သစ်နိုင်ငံပြု သုခမိန်ကြီး ဂျော့ယူဂျင်း ကလေမန်စိုးသည် ၁၈၄၁ ခု စက်တင်ဘာလ ၂၈ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ဗရစ်တန္နီနယ် လာဗန်းဒေးမြို့တွင် ဖွားမြင်သည်။ မိဖမျိုးရိုးအလိုက် ဆေးပညာကို သင်ကြား တတ်မြောက်ခဲ့ပြီးလျှင်၊ ပါရစ်မြို့တွင် ဆရာဝန်အဖြစ်ဖြင့် အသက်မွေးနေထိုင်ခဲ့သည်။ ကလေမန်စိုးသည် နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့၍၊ သမ္မတနိုင်ငံကို သဘောကျနှစ်သက်သူ ဖြစ်၏။ သူသည် မှန်သည် ထင်လျှင် မကြောက်မရွံ့ ထင်ရာကို ပြောရဲ၊လုပ်ရဲ၊ ရေးရဲသောသတ္တိရှိသူ ဖြစ်သည်။ ဧကရာဇ် တတိယနပိုလီယန်လက်ထက်တွင် သမ္မတနိုင်ငံလိုလားသူတဦးအဖြစ် သူ၏ဆူပူလှုပ်ရှားမှုများကြောင့် ဖမ်းဆီး အကျဉ်းချထားခြင်း ခံခဲ့ရ၏။ ၁၈၆၆ ခုနှစ်တွင် ထောင်မှလွတ်သောအခါ၊ ကလေမန်စိုးသည် အမေရိကန်ပြည်ထောင်စုနိုင်ငံသို့ သွားရောက်နေထိုင်၍ သတင်းစာများတွင် အမေရိကန် ပြည်တွင်းစစ်နှင့်ဆိုင်သော ဆောင်းပါးများကို ရေးသားခဲ့လေသည်။ ထိုသို့ နေထိုင်စဉ် အမေရိကန်သူတစ်ဦးနှင့် လက်ထပ်ခဲ့၏။

၁၈၆၉ ခုနှစ်တွင် ပြင်သစ် ပြည်တွင်းရေး အခြေအနေ ရှုပ်ထွေးနေကြောင်း ကြားသိရသည်နှင့် တစ်ပြိုင်နက် ပြင်သစ် နိုင်ငံသို့ အမြန်ဆုံးပြန်လာပြီး နိုင်ငံရေးရာကိစ္စများတွင် ကိုယ်ထိလက်ရောက် ပါဝင် ဆောင်ရွက်ခဲ့လေသည်။ ၁၈၇ဝ- ၇၁ ခုနှစ်တွင် ဖြစ်ပွားသော ပြင်သစ်ဂျာမန် စစ်ဘေးကြောင့် ပင်ပန်း ဒုက္ခရောက်လျက်ရှိသော ပါရစ်မြို့သူမြို့သားတို့ကို တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်ခဲ့၏။ ၁၈၇၁ ခုနှစ်တွင် ပါရစ်မြူနီစီပယ် အဖွဲ့ဝင်တစ်ဦး ဖြစ်လာသည်။ နောက်ငါးနှစ်ခန့်ကြာသောအခါ ပြည်သူ့လွတ်တော်သို့ မွန့်မာတာနယ်၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့လေသည်။ ၁၈၉၃ ခုနှစ်အထိ ပြည်သူ့လွတ်တော် အမတ်အဖြစ် ဆောင်ရွက်ခဲ့စဉ်၊ သူသဘောမကျသော နိုင်ငံရေးသမားများကို ပြင်းပြင်းထန်ထန် ပုတ်ခတ်ပြောဆိုတတ်သည့် အလေ့ကြောင့်၊ သူ့အား 'ကျားကြီး' ဟု ပြောင်လှောင်ခေါ်ဝေါ်ခဲ့လေသည်။ သူသည် လွှတ်တော်အတွင်း ရက်ဒီကယ်ရီ ပတ်ဗလစ်ကန်ပါတီ၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့၏။ ၁၈၈ဝ ပြည့်နှစ်တွင် 'တရားမှန်' အမည်ရှိသော သတင်းစာတစ်စောင်ကို ထုတ်ဝေခဲ့သည်။ ထိုသတင်းစာမှာ အစိုးရ အဖွဲ့ကို အပြင်းအထန် ဝေဖန်ရာတွင် ထိရောက်လှသဖြင့် အစိုးရဖြုတ် သတင်းစာဟုပင် အမည်တွင်ခဲ့သည်။ ၁၈၉၃ ခုနှစ်တွင် ပနားမားတူးမြောင်း အရှုပ်အထွေးနှင့်စပ်လျဉ်း၍ ကလေမန်စိုးမှာ မတရားစွပ်စွဲခြင်း ခံရသဖြင့်၊ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့လေသည်။ သို့ရာတွင် ကလေမန်စိုးသည် စိတ်မပျက်ဘဲ သူ၏ သတင်းစာတွင် အချိန်ပြည့်အာရုံစိုက်၍ ရေးသားခဲ့၏။ ၁၈၉၆ ခုနှစ်တွင် ပြင်သစ်စစ်တပ်မှ ဗိုလ်ကြီး အဲလဖရက်ဒရေးဖပ်၏ အမှုနှင့် စပ်လျဉ်း၍၊ ကလေမန်စိုးသည် စာရေးဆရာကြီး အေမီးဇိုလာနှင့်အတူ ဒရေးဖပ်ဖက်မှ ခုခံကာကွယ်ပြီး ရေးသားခဲ့လေသည်။

ကလေမန်စိုးသည် သတင်းစာမှနေ၍ အစိုးရအဖွဲ့ကို အမြဲတမ်း ဝေဖန်ရေးသားခဲ့သော်လည်း၊ သူကိုယ်တိုင် အစိုးရအဖွဲ့တွင် ပါဝင်ရန် များစွာ မလိုလားခဲ့ချေ။ သို့ရာတွင် အခြေအနေအရ ၁၉ဝ၆ ခုနှစ်၌ ဆီနိတ် လွှတ်တော်အမတ်အဖြစ်ဖြင့် ဆောင်ရွက်နေစဉ် ပြည်ထဲရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရပြီးလျှင်၊ ထိုနှစ်ကုန်ခါနီးမှ ၁၉ဝ၉ ခုနှစ်တွင်အထိ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့လေသည်။ ၁၉၁၁ ခုနှစ်တွင် ကလေမန်စိုးသည် အထက်လွှတ်တော်အမတ်အဖြစ်နှင့်ပင် ပြည်တွင်းအခြေအနေနှင့် နိုင်ငံခြားရေးပြဿနာများတွင် အမြော်အမြင်ရှိသူဖြစ်သည့်အတိုင်း၊ ဂျာမနီ၏ရန်ကို စိုးရိမ်ရကြောင်း ပြင်သစ်အစိုးရအား အတိအလင်း သတိပေးခဲ့၏။ သို့ရာတွင် အစိုးရက တစ်စုံတစ်ရာ အရေးမယူဘဲနေသဖြင့်၊ ၁၉၁၃ ခုနှစ်တွင်'လွတ်လပ်သူ'အမည်ရှိ သတင်းစာတစ်စောင်ကို ထုတ်ဝေပြီးနောက်၊ ထိုသတင်းစာမှနေ၍ ဂျာမန်ရန်ကို ခုခံနိုင်ရန်အတွက် ပြင်သစ်လူထုအား စစ်အတတ် လေ့လာသင်ကြားရန်နှင့် လက်နက်အင်အားများ တိုးချဲ့စုဆောင်းရန် အပြင်းအထန် နှိုးဆော်ရေးသားခဲ့လေသည်။

၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားရာ၊ ဂျာမန်တို့၏ အလုံးအရင်းနှင့် တိုက်ခိုက်ခြင်းဒဏ်ကို ပြင်သစ်တို့ အလူးအလဲ ခံရလေသည်။ ထိုအခါ ကလေမန်စိုးသည် အစိုးရအား သူ၏ကြိုတင်သတိပေးချက်ကို လက်မခံ၍ မှားခဲ့ကြောင်းနှင့် စစ်အောင်နိုင်ရေးအတွက် ပြုပြင်သင့်သည့်အချက်များကို ထုတ်ဖေါ်၍ အပြင်းအထန် ရှုတ်ချရေးသားပြန်ရာ၊ ထိုသတင်းစာကို အစိုးရက ပိတ်ထားလိုက်လေသည်။ သို့သော် ကလေမန်စိုးသည် ချက်ချင်းပင် 'မလွတ်လပ်သူ'အမည်ဖြင့် သတင်းစာတစ်စောင်ကို ထုတ်ဝေပြန်လေသည်။

၁၉၁၆ နှင့် ၁၇ ခုနှစ် များတွင် ပြင်သစ်လူထုသည် စစ်ဒဏ်ကို မခံနိုင်ကြတော့သဖြင့် စစ်ပြီးရန် လိုလားလျက် ရှိသော်လည်း၊ ကလေမန်စိုး၏ သတင်းစာမှာမူ စစ်အောင်နိုင်ရေးကိုသာ သွေးထိုးရေးသားလျက် ရှိလေသည်။ ထိုအချိန်တွင် နိုင်ငံကို ဦးစီးမည့် ခေါင်းဆောင်ကောင်း လိုအပ်သဖြင့်၊ ပြင်သစ်သမ္မတကြီး ပွန်ကရေးက ကလေမန်စိုးအား ဝန်ကြီးချုပ်နှင့် စစ်ဝန်ကြီးရာထူးကို အပ်နှင်းခဲ့သည်။ ထိုအခါ ကလေမန်စိုးသည် မိမိနှင့်စိတ်သဘောချင်းတိုက်ဆိုင်သော အခြားခေါင်းဆောင်ကြီးများနှင့် စစ်အောင်နိုင်ရေး အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးလျှင်၊ စစ်တပ်တွင်လည်ကောင်း၊ အုပ်ချုပ်ရေးဖက်၌လည်းကောင်း၊ အရည်အခြင်းနှင့်မပြည့်စုံဟု ထင်ရသူ အားလုံးကို ချက်ချင်းရာထူးမှ နုတ်ပစ်လေသည်။ စစ်တပ်ကိုလည်း တစ်နိုင်ငံလုံးက လေးစားမှုရှိလာစေရန် ဂုဏ်ပြုမြှင့်တင်ခဲ့၏။ စစ်မက်ရေးရာ အားလုံးကို မာရှယ်ဖေါ့အား အပ်နှင်း၍ စီမံခန့်ခွဲစေသည်။ ဤသို့ ကလေမန်စိုးသည် ပြင်သစ်နိုင်ငံကို စစ်နိုင်အောင် စွမ်းဆောင်ပေးခဲ့လေသည်။ပထမကမ္ဘာစစ်ကြီးပြီးဆုံး၍ စစ်ပြေငြိမ်းရေးညီလာခံကြီးကို ပါရစ်မြို့တော်တွင် ကျင်းပသောအခါ၊ ကလေမန်စိုးအား ဥက္ကဋ္ဌကြီးအဖြစ် တင်မြှောက်ကြသည်။ သူသည် ဂျာမန်တို့အား အနည်းငယ်မျှ ယုံကြည် စိတ်ချခြင်း မရှိသဖြင့်၊ ထိုညီလာခံတွင် ဂျာမန်တို့ထံမှ လက်နက်ခဲယမ်းမီးကျောက်အားလုံးကို သိမ်းဆည်းရန် အကြံပေးခဲ့လေသည်။ ထိုစစ်ပြေငြိမ်းရေး ညီလာခံ၏ ဆုံးဖြတ်ချက်အရ၊ ပြင်သစ်နိုင်ငံသည် ဂျာမနီထံမှ အယ်လဆက်နှင့် လိုရန်းနယ်များကို ပြန်လည်ရရှိခဲ့သည်။ ၁၉၁၉ ခုနှစ်အကုန်တွင် ကျင်းပသော ပြင်သစ်ရွေးကောက်ပွဲကြီးတွင် ဝင်ရောက်အရွေးခံရန် အမည်တင်သွင်းခဲ့၏။ သို့သော် သူ၏အမည်ကို ပြန်လည်နုတ်သိမ်းလိုက်ပြီးလျှင် နိုင်ငံရေးမှ အနားယူနေခဲ့လေသည်။ အသက်အရွယ် ကြီးရင့်လာသဖြင့် နိုင်ငံရေးကို စွန်လွှတ်ခဲ့သော်လည်း၊ ကလေမန်စိုးမှာ ကျန်းမာသန်စွမ်း၍ ဖျတ်လတ်ပေါ့ပါးလျက်ပင် ရှိနေသေး၏။ စာပေဝါသနာပါသည့်အလျောက် စာအုပ်ပေါင်း မြောက်မြားစွာ ရေးသားပြုစုခဲ့လေသည်။ အသက် ၈ဝ ကျော်၌ပင် အိန္နိယ၊ မြန်မာနှင့်အမေရိကန်နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သေးသည်။ နိုင်ငံခြားမှ ပြန်ရောက်လာပြီးနောက်၊ မိမိမွေးရာ ရပ်မြေတွင် စာပေရေးသားလျက်ရှိစဉ် ၁၉၂၉ ခု နိုဝင်ဘာလ ၁၄ ရက်နေ့ (အသက် ၈၈ နှစ်အရွယ်)တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)