မာတိကာသို့ ခုန်သွားရန်

ဂျောယောမြို့၊ ကျိုတို

ဝီကီပီးဒီးယား မှ
ဂျောယော
城陽市
City
en:Shōdō Kanga ruins
ဂျောယော၏ အလံတော်
အလံတော်
ဂျောယော၏ တံဆိပ်တုံး
Emblem
ဂျောယော သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဂျောယော
ဂျောယော
Location in Japan
ကိုဩဒိနိတ်: 34°51′11″N 135°46′48″E / 34.85306°N 135.78000°E / 34.85306; 135.78000ကိုဩဒိနိတ်: 34°51′11″N 135°46′48″E / 34.85306°N 135.78000°E / 34.85306; 135.78000
CountryJapan
RegionKansai
PrefectureKyoto
အစိုးရ
  MayorToshiharu Okuda
ဧရိယာ
  စုစုပေါင်း၃၂.၇၁ စတုရန်းကီလိုမီတာ (၁၂.၆၃ စတုရန်းမိုင်)
လူဦးရေ (September 1, 2023)
  စုစုပေါင်း၇၂၈၆၉
  သိပ်သည်းမှု၂၂၀၀/km (၅၈၀၀/sq mi)
အချိန်ဇုန်JST (UTC+09:00)
City hall address16-17 Higashinokuchi, Terada, Jōyō-shi, Kyōto-fu 610-0195
ဝဘ်ဆိုက်တရားဝင် ဝက်ဘ်ဆိုက်တ်
Joyo City Hall

ဂျောယောမြို့ (城陽市, Jōyō-shi) သည် ဂျပန်နိုင်ငံ၊ ကျိုတိုစီရင်စုတွင်ရှိသည့် မြို့တစ်ခု ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တါင် မြို့၏ ခန့်မှန်းလူဦးရေသည် ၇၂,၈၆၉ ဦး၊ အိမ်ထောင်စု ၃၀၇၂၀ ခု ရှိသည်။ လူဦးရေသိပ်သည်းဆအနေဖြင့် တစ်စတုရန်းကီလိုမီတာလျှင် ၂၂၀၀ ဦး နေထိုင်ကြသည်။ မြို၏ စုစုပေါင်းဧရိယာသည် ၃၂.၇၁ စတုရန်းကီလိုမီတာ (၁၂.၆၃ စတုရန်းမိုင်) ရှိသည်။[]

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

ဂျောယောမြို့သည် ကျိုတိုစီရင်စု၏ အရှေ့တောင်ဘက်တွင် ရှိသည်။ ကျိုတိုမြို့နှင့် နာရမြို့အကြားတွင် ရှိသည်။ ကျိုတိုမြစ်ဝှမ်းဒေသ၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ အရှေ့ဘက်တွင် တောင်တန်းများနှင့် အနောက်ဘက်တွင် ခိဇုဂဝမြစ် ရှိသည်။ အအိုယမြစ်သည် မြို့၏ တောင်ဘက်ခြမ်းကို အရှေ့ဘက်မှ အနောက်ဘက်သို့ ဖြတ်သန်းစီးဆင်းသွားသည်။ မြေပြင်အနေအထားမှာ အနောက်ဘက်သည် ပြေပြစ်သည်။ အရှေ့ဘက်တွင် မြေမျက်နှာပြင်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

ဆက်စပ်နေသည့် မြို့များ

[ပြင်ဆင်ရန်]

ကျိုတိုစီရင်စု

ရာသီဥတု

[ပြင်ဆင်ရန်]

ဂျောယောမြို့သည် နွေးရာသီတွင် နွေးထွေးပြီး ဆောင်းရာသီတွင် အေးမြသည်။ ဆောင်းရာသီတွင် နှင်းသည် အနည်းငယ်သာ ကျဆင်းလေ့ရှိသည်။ နှစ်ပတ်လည်ပျမ်းမျှအပူချိန်သည် ၁၃.၆ ဒီဂရီစင်တီဂရိတ် ရှိသည်။ နှစ်ပတ်လည်ပျမ်းမျှမိုးရေချိန်သည် ၁၃၅၆ မီလီမီတာ ရှိသည်။ စက်တင်ဘာလသည် အစိုစွတ်ဆုံးလ ဖြစ်သည်။ ဩဂုတ်လသည် ပျှမ်းမျှအပူချိန်အမြင့်ဆုံး ဖြစ်ကာ ၂၆.၃ ဒီဂရီစင်တီဂရိတ် ရှိသည်။ ဇန်နဝါရီလသည် အနိမ့်ဆုံးဖြစ်ပြီး ၂.၈ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ရှိသည်။

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံလူဦးရေစာရင်းအရ ဂျောယောမြို့၏ လူဦးရေသည် မကြာသေးခင်ဆယ်စုနှစ်များအတွင်း ကျဆင်းလျက်ရှိသည်။[]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1940 ၁၀၉၆၃    
1950 ၁၃၇၀၆+25.0%
1960 ၁၄၆၉၀+7.2%
1970 ၃၅၆၅၈+142.7%
1980 ၇၄၃၅၀+108.5%
1990 ၈၄၇၇၀+14.0%
2000 ၈၄၃၄၆−0.5%
2010 ၈၀၀၅၁−5.1%
2020 ၇၄၆၀၇−6.8%

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဂျောယောမြို့ဧရိယာသည် ရှေးခေတ် ယမရှိရိုတိုင်းပြည်၏ အစိတ်အပိုင်းအတွင်း ပါဝင်ခဲ့သည်။ ၁၈၈၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် မြို့ပြစနစ်တည်ထောင်ခြင်းနှင့်အတူ ခုဆဲဒေသတွင် ခုဆွတ်ခဝရွာ၊ တိုမိုနိုရှောရွာနှင့် တဲရဒရွာ၊ ဆွတ်ဇုခိဒေသတွင် အအိုဒနိရွာများကို တည်ထောင်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဂျောယောမြို့ကို တည်ထောင်ရန်အတွက် ထိုရွာများကို ပေါင်းစည်းဖန်တီးခဲ့သည်။ ၁၉၇၂ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် ဂျောယောကို မြို့တစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။

စီးပွားရေး

[ပြင်ဆင်ရန်]

ရွှေနှင့် ငွေနန်းပြားထုတ်လုပ်ခြင်း လုပ်ငန်းကို ဂျောယောမြို့တွင် လုပ်ကိုင်ကြသည်။ ၎င်းတို့ကို ကီမိုနိုနှင့် အိုဘိ တို့ ရက်လုပ်ရာတွင် အသုံးပြုကြသည်။ ဂျောယောမြို့သည် ဂျပန်တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိသည်။

စိုက်ပျိုးရေးလုပ်ငန်း

[ပြင်ဆင်ရန်]
  • figs
  • ကန်စွန်းဥ

ပညာရေး

[ပြင်ဆင်ရန်]

ဂျောယောမြို့တွင် အစိုးရမူလတန်းကျောင်း ၁၀ ခုနှင့် အစိုးရအလယ်တန်းကျောင်း ၅ ခု ရှိသည်။ ၎င်းကျောင်းများကို မြို့တော်အစိုးရက စီမံလျက်ရှိသည်။ ထို့အပြင် ကျိုတိုစီရင်စုပညာရေးအဖွဲ့က စီမံလည်ပတ်လျက်ရှိသည့် အစိုးရအထက်တန်းကျောင်း ၂ ခု လည်း ရှိသည်။ စီရင်စုမှ ချို့တဲ့သူများအတွက် ဖွင့်လှစ်ပေးထားသည့် အထူးပညာရေးကျောင်းတစ်ခုလည်း ရှိသည်။

ညီအစ်မမြို့များ

[ပြင်ဆင်ရန်]

ဂျောယောမြို့တွင် ညီအစ်မမြို့ ၂ ခု ရှိသည်။

ခရီးသွားနေရာများ

[ပြင်ဆင်ရန်]
  • အအိုဒနိဆီးသီးတောအုပ် (青谷梅林) - ၂၀ ဟက်တာအကျယ်အဝန်းရှိသည့် မြေပေါ်တွင် အုမဲဟုခေါ်သည့် ဆီးသီးပင် ၁၀,၀၀၀ ကျော် ရှိသည်။ ကျိုတိုစီရင်စုတွင် အကြီးဆုံး တောအုပ်လည်း ဖြစ်သည်။ ဤအုမဲတောအုပ်၏ မူလဇာတ်မြစ်ကိုလည်း မသိရှိရပေ။
  • ဟိရခဝကျောင်းတော်အပျက်အစီးများ
  • ခုဆွတ်ခဝခိုဖွန်းများ

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Jōyō City official statistics (in ja)။ 18 September 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 March 2026 တွင် ပြန်စစ်ပြီး။
  2. Jōyō population statistics