ဂျောနန်းတောင်
| ဂျောနန်းတောင် | |
|---|---|
| 常念岳 | |
Mount Jōnen, Mount Yokotooshi and Azusa River in spring from Azumi Basin | |
| အမြင့်ဆုံးအမှတ် | |
| အမြင့် | ၂,၈၅၇ m (၉,၃၇၃ ft)[၁] |
| စာရင်းသွင်းခြင်း | 100 Famous Japanese Mountains List of mountains in Japan |
| ကိုဩဒိနိတ် | 36°19′32″N 137°43′39″E / 36.32556°N 137.72750°Eကိုဩဒိနိတ်: 36°19′32″N 137°43′39″E / 36.32556°N 137.72750°E[၂] |
| အမည်ပေးခြင်း | |
| ဘာသာစကား | Japanese |
| ပထဝီဝင် | |
| တည်နေရာ | Azumino, Nagano and Matsumoto, Nagano, Japan |
| ပင်မတောင်တန်း | Jōnen Mountains in Hida Mountains |
| မြေမျက်နှာသွင်ပြင်ပြ မြေပုံ | Geospatial Information Authority 25000:1 穂高岳 50,000:1 上高地 |
| တောင်တက်ခြင်း | |
| ပထမဆုံး တက်ရောက်ခြင်း | Walter Weston in 1894 (Mountaineering) |
ဂျောနန်းတောင် (常念岳, Jōnen-dake) သည် ဂျပန်နိုင်ငံ၊ နဂနိုစီရင်စုတွင် တည်ရှိသည့် ဟိုဒတောင်တန်းများတွင် ပါဝင်သည့် တောင်တစ်ခု ဖြစ်သည်။[၃] ဤတောင်သည် ချူးဘု - ဆန်းဂခုအမျိုးသားဥယျာဉ်အတွင်း တည်ရှိသည်။ တောင်၏ ပုံသဏ္ဌာန်သည် တြိဂံပုံစံ ရှိသည်။ ၂၈၅၇ မီတာ (၉၃၇၃ ပေ) မြင့်သည်။ ဂျပန်နိုင်ငံ၏ ထင်ရှားသည့် တောင် ၁၀၀ စာရင်းတွင် ထည့်သွင်းဖော်ပြခံရသည့်တောင်တစ်ခုလည်း ဖြစ်သည်။ ဤတာင်ကို အဇုမိမြစ်ဝှမ်းမှလည်း မြင်နိုင်သည်။[၄]
အကြောင်းအရာ
[ပြင်ဆင်ရန်]ဤတောင်ကို နှမ်းဖတ်ကျောက်များ (Granite) များဖြင့် ဖွဲ့စည်းထားသည်။ ၁၉၅၉ ခုနှစ်မတိုင်မီကာလတွင် တောင်ပတ်ဝန်းကျင်တွင် လိပ်ပြာမျိုးစိတ် ၉ ခုကို တွေ့ရသည်။ လိပ်ပြာမျိုးစိတ်တစ်ခုဖြစ်သည့် Colias erate နှင့် အခြားအမျိုးအစားများကိုလည်း ယခုအထိ တွေ့နိုင်သေးသည်။ တောင်ပေါ်တွင် နှင်းများတင်ကျန်ရစ်နေသည့် ပုံသဏ္ဌာန်ကို ကြည့်ကာ တောင်ယာလုပ်ကိုင်ရမည့်အချိန်ကို ဆုံးဖြတ်ခဲ့ကြသည်။ တောင်၏ ပုံသဏ္ဌာန်ကို "ဂျောနန်းဘိုး" (常念坊, Jōnen-Bō) ဟု ခေါ်ကြသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]- ၁၉၈၄ ခုနှစ် နွေရာသီ - အင်္ဂလိပ်လူမျိုး ဝေါ်တာဝက်စတန် (Walter Weston) သည် တောင်ပေါ်သို့ ပထမဆုံးရောက်သည့် ဂျပန်လူမျိုးမဟုတ်သည့် နိုင်ငံခြားသား ဖြစ်ခဲ့သည်။[၅][၆][၃]
- ၁၉၀၆ ခုနှစ် နွေရာသီ - အုဆုအိခိုဂျိမ သည် တောင်ထိပ်သို့တက်ရောက်ခဲ့သည်။
- ၁၉၁၉ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် - တောင်ပေါ်တွင် တည်းခိုသည့်တဲငယ် "ဂျောနန်းတဲငယ်"(常念小屋, Jōnen-goya) ကို ဖွင့်လှစ်ခဲ့သည်။[၇]
- ၁၉၂၂ ခုနှစ် - ခယူးယဖုခုဒ သည် ဂျောနန်းတဲငယ်တွင် တည်းခိုကာ တောင်ပေါ်သို့ တက်ရောက်ခဲ့သည်။
- ၁၉၃၁ ခုနှစ်၊ ဇွန်လ - တောင်တက်ပါတီပွဲနှင့် ကယ်ဆယ်ရေးအသင်းတို့၏ မတော်တဆမှု ဖြစ်ပွားခဲ့သည်။
- ၁၉၃၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက် - တောင်ရှိရာဧရိယာတစ်ဝိုက်ကို "ချူးဘု - ဆန်းဂခုအမျိုးသားဥယျာဉ်" နေရာ အဖြစ် ထည့်သွင်းခဲ့သည်။
- ၂၀၀၇ ခုနှစ်၊ မေလ ၂၈ ရက် - ဂျပန်နိုင်ငံ စာတိုက်နှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနသည် ဂျောနန်းခဆနှင့်အတူ မဆွတ်မိုတိုရဲတိုက်ကို စာတိုက်တံဆိပ်ခေါင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။
- ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် - NHK သည် ဂျောနန်းတောင်နှင့် ပတ်သက်သည့် တီဗွီအစီအစဉ်နှင့် တောင်ပေါ်နေ လိပ်ပြာများအကြောင်းကို ထုတ်လွှင့်ခဲ့သည်။[၈]
တောက်တက်ခြင်း
[ပြင်ဆင်ရန်]တောင်တက်လမ်းကြောင်းများ
[ပြင်ဆင်ရန်]တောင်ထိပ်သို့တက်ရောက်နိုင်သည့် လမ်းကြောင်း (၃) ခု ရှိသည်။
- အိချိနိုမြစ်လမ်းကြောင်း -
- မအဲဂျောနန်းတောင်လမ်ကြောင်း -
- ဂျောနန်းတောင်ကန့်လန့်ဖြတ်လမ်း (မြောက်ဘက်နှင့် တောင်ဘက်သို့) -
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]ရုပ်ပုံများ
[ပြင်ဆင်ရန်]- ယရိတောင်မှ မြင်ရသည့် ဂျောနန်းတောင်
- နေထွက်ချိန် ယရိတောင်မှ မြင်ရသည့် ဂျောနန်းတောင် Mount Jōnen and sunrise from Mount Yari
- ချောတောင်မှ မြင်ရသည့် နှင်းများဖုံးနေသည့် ဂျောနန်းတောင်
- နွေရာသီကာလတွင် မအဲ - ဂျောနန်းတောင်မှ မြင်ရသည့် ဂျောနန်းတောင်Mount Jōnen in summer from Mount Mae-Jōnen
- ဆောင်းဦးရာသီတွင် အနီရောင်သို့ပြောင်းလဲသွားသည့် ယရိတောင်ကို ဂျောနန်းတောင်မှ မြင်ရပုံ
- ယောခိုတိုရှိတောင်မှ မြင်ရသည့် ဂျောနန်းတောင်နှင့် ဂျောနန်းတဲငယ် (၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ)
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Map inspection service of 25000:1 穂高岳။ Geospatial Information Authority of Japan။ 11 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 2, 2010 တွင် ပြန်စစ်ပြီး။
- ↑ Mountains altitude list in Japan(Nagano)။ Geospatial Information Authority of Japan။ December 2, 2010 တွင် ပြန်စစ်ပြီး။
- 1 2 100 Famous Japanese Mountains။ The Asahi Shimbun Companyin။ 1982။ ISBN 4-02-260871-4။
- ↑ Chūbu-Sangaku National Park။ Ministry of the Environment (Japan)။ February 27, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 2, 2010 တွင် ပြန်စစ်ပြီး။
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs nameddic - ↑ Walter Weston (2005) [1896]။ 日本アルプスの登山と探検 [Mountaineering and exploration in Japanese alps] (ဂျပန်ဘာသာစကားဖြင့်)။ ဘာသာပြန်သူ Iwanami Shoten (new ed.)။ ISBN 4-00-334741-2။
- ↑ The story of mountain huts in Northern Japanese Alps။ Tokyo Shimbun။ 1997။ ISBN 4-8083-0374-4။
- ↑ Mount Jōnen on Eco channel of NHK။ NHK။ 22 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 2, 2010 တွင် ပြန်စစ်ပြီး။