ဂျူနီးပါးပင်
| ဂျူနီးပါးပင် | |
|---|---|
| Utah juniper (Juniperus osteosperma) in Nevada, United States | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Tracheophytes |
| (unranked): | Gymnospermae |
| Division: | Pinophyta |
| မျိုးပေါင်း: | Pinopsida |
| မျိုးစဉ်: | Pinales |
| မျိုးရင်း: | Cupressaceae |
| မျိုးရင်းသေး: | Cupressoideae |
| မျိုးစု: | Juniperus L. |
| အမျိုးအစား မျိုးစိတ် | |
| en:Juniperus communis | |
ဂျူနီးပါးပင်သည် ထင်ရှူးပင်တစ်မျိုး ဖြစ်သည်။ မြောက်ကမ္ဘာခြမ်းရှိ အေးသောဒေသများတွင် ပေါက်သည်။ ဂျူနီးပါး အမျိုးများစွာ ရှိသည်။ ဥရောပတိုက်တွင် ပေါက်သော ဂျူနီးပါး ကွန်မျူနိအပင်မျိုးမှာ ရိုးရိုး ဂျူးနီးပါးမျိုး ဖြစ်၏။ ထိုအပင်မျိုးသည် အထူးသဖြင့် ထုံးကျောက်တောင်များ၌ ပေါက်ကြသည်။ များသောအားဖြင့် ချုံဖုတ်ကလေးလောက်သာ မြင့်ကြသော်လည်း ပေ ၂ဝ၊ ၂၅ ပေအထိ မြင့်သော အပင်များ လည်းရှိသည်။ ဂျူနီးပါး၏ အသားမှာ နီ၏။ တစ်ပင်လုံးမှ တာပင်တိုင် အနံ့ထွက်သည်။ ဂျူနီးပါးအသားကို အိမ်ထောင် ပရိဘောဂနှင့် ခဲတံပြုလုပ်ရာတွင် အသုံးပြုကြသည်။ ထို့ပြင် ဝင်းခြံတိုင်များ အဖြစ်ဖြင့်လည်း အသုံးပြုကြသည်။ ရုတ်တရက်သော် ဂျူနီးပါးကို မည်သူမျှ ထင်ရှူးပင်ဟူ၍ ထင်မည်မဟုတ် ချေ။ အကြောင်းမှာ ဂျူနီးပါးအသီးတို့သည် သာမန်ထင်ရှူး သီးတို့ကဲ့သို့ ကတော့ပုံမရှိဘဲ ဗယ်ရီသီးကလေး များကဲ့သို့ လုံး နေကြသောကြောင့် ဖြစ်၏။ အသီး၏အရောင်မှာ နက်ပြာရောင် ဖြစ်သည်။ အစိမ်းပုပ်ရောင် အရွက်များသည် အပ်ပုံသဏ္ဌာန် ရှိကြသည်။ ဂျူနီးပါးသီးကို ဘယဆေးများ ဖော်စပ်ရာတွင် အသုံးပြုရသည်။ အရက်များတွင် အထူးသဖြင့် ဂျင်အရက်တွင် အနံ့အရသာ ရစေရန်အတွက်လည်း အသုံးပြုကြသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)