ဂျိုးဖြူကန်
ဂျိုးဖြူကန် | |
---|---|
တည်နေရာ | တိုက်ကြီးမြို့နယ် |
ကိုဩဒိနိတ် | 17°22′22.5″N 96°01′34.0″E / 17.372917°N 96.026111°Eကိုဩဒိနိတ်: 17°22′22.5″N 96°01′34.0″E / 17.372917°N 96.026111°E |
အကျယ်ဆုံး အလျား | ၆၉.၂ km (၄၃.၀ mi)[၁] |
မျက်နှာပြင် ဧရိယာ | ၂.၈ စတုရန်းမိုင် |
ရေထုထည် | ၁၆၆၀၀ ဂါလန်သန်း |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၁၅ ပေ |
ဂျိုးဖြူကန် သည် ရန်ကုန်မြို့သို့ ရေပေးဝေလျက်ရှိသည့် ရေကန်တစ်ကန် ဖြစ်သည်။[၂][၃]
သမိုင်းကြောင်း[ပြင်ဆင်ရန်]
ဂျိုးဖြူကန်ကို အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၃၇ခုနှစ်က စတင်၍ တည်ဆောက်ခဲ့ပြီး ၁၉၄၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ရေကန်သည် တိုက်ကြီးမြို့နယ် ချောင်းမကြီးလေးခုဆုံရာနေရာတွင် တည်ရှိသည်။ တည်ဆောက်မှု ကုန်ကျစရိတ်သည် ၁၇၅ သိန်း ရှိခဲ့သည်။ ရေသယ်ယူပို့ဆောင်သည့် လမ်းကြောင်းမှာ ဂျိုးဖြူကန်မှ ကုက္ကိုင်းအထိ ပိုက်လိုင်းအရှည်သည် ၄၃ မိုင် ရှိသည်။ ထိုသို့ သယ်ယူပို့ဆောင်သည့် ပိုက်လိုင်းများသည် အချင်း ၅၆ လက်မ ရှိကာ သံမဏိပိုက်များ ဖြစ်သည်။[၂][၃]
ရေပေးဝေမှု[ပြင်ဆင်ရန်]
ဂျိုးဖြူကန်သည် ရေဂါလန်သန်းပေါင်း ၁၆၆၀၀ ကို သိုလှောင်ထားနိုင်သည်။ တစ်နေ့လျှင် ရေဂါလန်သန်းပေါင်း ၂၇ သန်း ပေးဝေနိုင်သည်။[၁][၂][၃]
ပြုပြင်ထိန်းသိမ်းခြင်း[ပြင်ဆင်ရန်]
တည်နေရာ[ပြင်ဆင်ရန်]
ဂျိုးဖြူရေကန်သည် တိုက်ကြီးမြို့နယ်တွင် တည်ရှိ၍ သွားရောက်မည်ဆိုပါက ရန်ကုန် - ပြည်လမ်း ၄၉ မိုင်အရောက် ညာဘက် ၇ မိုင်အကွာတွင် တည်ရှိသည်။[၂][၃]
အတိုင်းအတာများ[ပြင်ဆင်ရန်]
- စတင်တည်ဆောက်သောခုနှစ် - ၁၉၃၆ ခုနှစ်
- ပြီးစီးသောခုနှစ် - ၁၉၄၀ ခုနှစ်
- ရေဝေရေလဲဧရိယာ ၁၂.၇ စတုရန်းမိုင်
- ကန်ရေပြည့်ရေပြင်ဧရိယာ - ၂.၈ စတုရန်းမိုင်
- ရေသိုလှောင်နိုင်အား - ၁၆၆၀၀ ဂါလန်သန်း
- အသုံးပြုနိုင်သော ပမာဏ - ၈၄၀၀ ဂါလန်သန်း
- အမြင့်ဆုံးကန်ရေချိန် - ၂၁၅ ပေ
- အနိမ့်ဆုံးကန်ရေချိန် - ၁၃၈ ပေ
- ပထမ ရေယူပေါက် - ၂၀၁ ပေ
- ဒုတိယရေယူပေါက် - ၁၈၀ ပေ
- တတိယ ရေယူပေါက် - ၁၃၈ ပေ
- တစ်နေ့ရေပေးဝေနိုင်မှုပမာဏ - ၂၇ ဂါလန်သန်း
- အကွာအဝေး - ၄၃ မိုင်[၁]
ခရီးသွားဆိုင်ရာ[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ ၁.၂ Yangon City Myanmar
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ စီးပွားရေးမြို့တော်ရဲ့ ရေအရင်းအမြစ် ဂျိုးဖြူ | The Myanmar Times
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ THE VOICE - News Myanmar။ 1 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2020 တွင် ပြန်စစ်ပြီး။