ဂျိန်ဖော့လူမျိုး
| Jinghpo, Wunpong, Zaizo, Dungzo,
景頗, ဂျိန်းဖော | |
|---|---|
Jingpo women in traditional dress | |
| အများစု နေထိုင်သည့် နေရာ | |
| 1,000,000–1,500,000[၁] | |
| ∟ | 540,763[၂] |
| 147,828 | |
| 10,000 | |
| 7,958 | |
| 100–200 | |
| ဘာသာစကား | |
| ဂျိန်းဖော့ , မြန်မာဘာသာစကား, and မန်ဒရင်း(ဘာသာစကား) | |
| ကိုးကွယ်မှု | |
| Majority: ခရစ်ယာန်[၃] Minority: ထေရဝါဒဗုဒ္ဓဘာသာ[၄] , ရိုးရာနတ်ကိုးကွယ်မှု | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
| |
ဂျိန်းဖော ဝါ ဂျိန်ဖော့ တို့သည် ကချင်လူမျိုး များထဲမှ အင်အားအကြီးဆုံးမျိုးနွယ်စု တစ်ခုဖြစ်သည်။ ဂျိန်းဖော့လူမျိုးများသည် တိဗက်-ဗမာအုပ်စုဝင်တိုင်းရင်းသားလူမျိုးဖြစ်သည်။ ကချင်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးပေါင်း ဆယ်မျိုးခန့် ရှိရာ ဂျိန်ဖော့တို့သည် လူဦးရေ အများဆုံးဖြစ်သည်။ ထက်ဝက်ခန့်မှာ ခရစ်ယာန်ဘာသာဝင်များဖြစ်၍ ကျန်သူများမှာ ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်သူများ ဖြစ်သည်။ လော်ဝေါ်၊ အဇီး၊ လရှီ၊ ရဝမ်လူမျိုးများနှင့် ဓလေ့ထုံးစံ ယဉ်ကျေးမှုများတွင် ၇၀%ခန့် တူညီကြလေသည်။
ဂျိန်ဖော့အနွယ်ဝင်တို့မှာ မရစ်၊ မရမ်၊ အင်ခွန်၊ လဖိုင်၊ လထော၊ မဂေါင်၊ ဒူးလင်း၊ ဂျဆင်းဟူ၍ ရှစ်မျိုးရှိသည်။ လဖိုင်တို့သည် မိုင်းလင်းအနောက်ဖျားနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတိုင်အောင် ပျံ့နှံ့လျက်ရှိပြီးလျှင် မရစ်တို့သည် တြိဂံနယ်မြေ၊ ဟူးကောင်းဒေသ လိုင်ဆိုင်းနှင့် ကာမိုင်းနယ်များတွင် နေထိုင်လျက် ရှိကြသည်။ ဂျိန်ဖော့ အများစုတို့သည် ဗန်းမော်ခရိုင် တောင်တန်းဒေသ၊ မြစ်ကြီးနားခရိုင် ခန္တီးနယ်အတွင်းပိုင်း၊ နန်းပမောက်မြစ် အရှေ့ဘက်ကမ်း၊ ကသာခရိုင် အတွင်းပိုင်းနှင့် ကချင်တောင်တန်း ဒေသများတွင် အခြေစိုက်နေထိုင်လျက် ရှိကြပြီး မိုးမိတ်၊ ခိုတောင်၊ မြောက်သိန္နီ၊ ကိုးကန့်၊ ကျိုင်းတုံ၊ ကွတ်ခိုင်နယ်များတိုင်အောင် ပျံ့နှံ့လျက် ရှိကြလေသည်။ ဂျိန်ဖော့လူမျိုးတို့၏ ခံယူချက်အရ ဂျိန်ဖော့ဟူသော စကား၏ အဓိပ္ပာယ်မှာ လူဟူ၍ပင် ဖြစ်သည်။ ယင်းတို့၏ စကားဖြင့် မရှဖြစ်သည်။ ဂျင်းဆိုင်၊ ဖောဆိုင် ဟူ၍လည်း ခေါ်သည်။ အဓိပ္ပာယ်မှာ အတည်တကျဖြစ်ပြီး အမြင်ကျယ်လာသည်ဟု ဆိုသည်။ ထို့ကြောင့် ဂျိန်ဖော့ဟူသည် အတည်တကျ ဖြစ်ပြီး အမြင်ကျယ်လာသောလူမျိုးဟု အဓိပ္ပာယ်ကောက်နိုင်သည်။
ရိုးရာခံယူချက်အရ ဂျိန်ဖော့အုပ်စုထဲတွင် ပထမဆုံး ဂျိန်ဖော့မှာ ပေါင်ယောင် ဖြစ်သည်ဟုဆိုသည်။ ပထမဦးဆုံးဖြစ်သော ပေါင်ယောင်မှာ ဂရင်၊ မဂေါင်၊ ဝါခယက်ဝါ စသည်ဖြင့် အဆင့်ဆင့် ပေါက်ဖွားလာကြရာ ဂွမ်ဆာအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသူများသည်။ ဝါခယက်ဝါ မှ ဆင်းသက်လာသည်ဟု ခံယူကြသည်။ ဂျိန်ဖော့များသည် ပေါင်ယောင်လက်ထင်မှစ၍ ကျိုင်ခူးမဂျွယ် ဒေသတွင် အတည်တကျ ရောက်ရှိနေထိုင်ကြသည်ဟု ဆိုသည်။ ထို့ကြောင့် ဂျိန်ဖော့စကား အုပ်စု၏ ခံယူချက်အရ ဂျိန်ဖော့တို့၏ မူရင်းဒေသမှာ ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့် မေလိခမြစ်တို့အကြား မြောက်တြိဂံနယ်မြေ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ [၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ (Kachin National Organisation) 8 January 2007 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ Myanmar Gov't 18 September 2006 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs namedmR - ↑ china.org.cn – The Jingpo Ethnic Group
- ↑ မောင်ပုဆိုးကြမ်း ရေးသည့် တိုင်းရင်းသား လူမျိုးများ အဘိဓာန် စာအုပ်မှ
ဘာသာစကား
[ပြင်ဆင်ရန်]ဂျိန်းဖော
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင်ဂျိန်းဖော့ဘာသာစကားပြောဆိုသူ ၁၅၀၀၀၀၀ခန့်ရှိပြီး တရုတ်နိုင်ငံတွင် ဂျိန်းဖော့ဘာသာစကားပြောဆိုသူ ၁၅၀၀၀၀ခန့်ရှိသည်။ဂျိန်းဖော့ဘာသာစကားသည် တရုတ်-တိဗက်အုပ်စု ၏ တိဗက်-ဗမာအုပ်စုတွင်ပါဝင်သော ကချင်(Kachinic) အုပ်စုဝင်ဘာသာစကားတွင်ပါဝင်သည်။ တိဗက်-ဗမာဘာသာစကားအုပ်စုဝင် ဘာသာစကားမှ မြောက်ပိုင်းနာဂဘာသာစကားများနီးကပ်စွာ ဆက်စပ်နေသည်။ဇိုင်းဝါးဘာသာစကားနှင့်လည်း နီးကပ်စွာဆက်စပ်နေပြီး အပြန်အလှန်နားလည်နိုင်သည်ဟုယူဆရသည်။ဂျိန်းဖော့ဒေသိယသံများစွာအနက် တရုတ်နိုင်ငံတွင် စံဂျိန်းဖော့ဘာသာစကားကို တယ်ဟုန်ဒေသအနောက်မြောက်ဘက်ဒေသတွင် သုံးပြုသော Enkunဒေသိယ သံကိုအခြေခံထားသည်။Singpho ဒေသိယသံကို အိန္ဒိယနိုင်ငံတွင်ပြောဆိုကြသည်။ဂျိန်းဖော့ဘာသာစကား၏ လွှမ်းမိုးမှုများကြောင့် ကချင်လူမျိူးစုများတွင် ဂျိန်းဖော့ဘာသာစကားအား ဘုံဘာသာစကားအဖြင့် လက်ခံကျင့်သုံးခဲ့ကြသည်။ဂျိန်းဖော့ ဘာသာစကား၏ ဝေါဟာရများသည် ဇိုင်ဝါး၊ လော်ဝေါ် နှင့် လရှီ ဘာသာစကားများတွင် သိသာစွာ လွှမ်းမိုးထားနိုင်ထားပြီး၊ ရဝမ်နှင့်လီဆူ ဘာသာစကားများကိုလည်းအနည်းငယ်လွှမ်းမိုးထားနိုင်ခဲ့သည်။

ဇိုင်ဝါး
[ပြင်ဆင်ရန်]ဇိုင်ဝါးဘာသာစကား(တရုတ်တွင် Zǎiwǎyǔ (载瓦语)) ကို တရုတ်နိုင်ငံတွင်လူပေါင်း ၈၀၀၀၀ခန့်အသုံးပြု၍ မြန်မာနိုင်ငံတွင် လူ၃၀၀၀၀ခန့်အသုံးပြုသည်။တရုတ်-တိဗက်ပင်မအုပ်စုကြီး တွင်ပါဝင်ပြီး၊ တိဗက်-ဗမာအုပ်စု၏ ယီ-ဗမာ အုပ်စုခွဲမှ မြောက်ပိုင်းဗမာဘာသာစကားနွယ်အဖြစ် သက်မှတ်ထားသည်၊ ဗမာဘာသာစကားနှင့်နီးကပ်စွာ ဆက်စပ်နေသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ထူထောင်ပြီးနောက်၊ စံဇိုင်ဝါး အရေးအသားနှင့် ဘာသာစကားကို Luxi ကောင်တီတွင်ပါဝင်သော Xishan ဒေသ Longzhun ရွာ ရှိဇိုင်ဝါးအရေးအသားနှင့်ဘာသာစကားကို သက်မှတ်ခဲ့သည်။ဂျိန်းဖော့ဘာသာစကား၏ လွှမ်းမိုးမှုများကြောင့် ဇိုင်ဝါးဘာသာစကားသည်ဂျိန်းဖော့ဘာသာသာစကားနှင့်ချိတ်ဆက်ထားသည်။
အခြားဘာသာစကားများ
[ပြင်ဆင်ရန်]ဂျိန်းဖောအများစုသည်ဘာသာစကားများစွာ တတ်မြောက်ကြပြီး ဂျိန်းဖော့ဘာသာစကားအပြင် မြန်မာဘာသာစကား၊မန်ဒရင်းတရုတ်ဘာသာစကား နှင့် ရှမ်းဘာသာစကားများလည်း ဂျိန်းဖောများအကြားတွင် တတ်မြောက်ကြသည်။
