မာတိကာသို့ ခုန်သွားရန်

ဂျိမ်းစ် ပိစ်

ဝီကီပီးဒီးယား မှ
ဗိစ်ဘာဒင်မြို့ရှိ ဂျိမ်းစ် ပိစ်

ခန်းနစ်သ် ဂျိမ်းစ် ပိစ် (အင်္ဂလိပ်: Kenneth James Peace) ကို ၁၉၆၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင် ပေးစ်လီမြို့၌ မွေးဖွားခဲ့သည်။ သူသည် စကော့တ်လူမျိုး တေးရေးဆရာ၊ တေးဂီတဖျော်ဖြေပွဲစန္ဒယားဆရာနှင့် အမြင်အာရုံဆိုင်ရာ အနုပညာရှင် တစ်ဦးဖြစ်သည်။

ကိုယ်ရေးရာဇဝင်

[ပြင်ဆင်ရန်]

ဂျိမ်းစ် ပိစ်ကို ၁၉၆၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင် စကော့တလန်နိုင်ငံ ပေးစ်လီမြို့၌ မွေးဖွားခဲ့သည်။ သူသည် သူ၏ငယ်စဉ်ကလေးဘဝ အချိန်အများစုကို စကော့တလန်အနောက်ပိုင်းရှိ ပင်လယ်ကမ်းခြေအပန်းဖြေမြို့ဖြစ်သော ဟယ်လင်စ်ဘာ့ဂ်တွင် ကုန်ဆုံးခဲ့သည်။[][][] သူ့မိသားစုတွင် အနုပညာရှင်များစွာရှိပြီး (ဥပမာ - ဂျွန် မက်ဂီး) ၂၀ ရာစုပထမပိုင်းက နာမည်ကျော် အကဂီတရေးစပ်သူတစ်ဦးဖြစ်သော ဖီးလစ်စ် ဘန်းစ်နှင့်လည်း သူသည် ဆွေမျိုးတော်စပ်သည်။[][] သူသည် အသက် ၈ နှစ်အရွယ်ကပင် စန္ဒယားသင်ခန်းစာများကို စတင်သင်ယူခဲ့ကာ သူ၏ ပထမဆုံးအကြိမ် များပြည်သူရှေ့ဖျော်ဖြေမှုမှာ အသက် ၁၄ နှစ်တွင် ဖြစ်ပြီး စကော့တ် ဂျော့ပ်လင်၏ဂီတကို တီးခတ်ခဲ့ခြင်းဖြစ်သည်။[] ၁၆ နှစ်တွင် သူသည် တော်ဝင်စကော့တလန်ဂီတနှင့်ဇာတ်သဘင်ကျောင်း (ယခုအခါ စကော့တလန်တော်ဝင်ဂီတကျောင်းဟုခေါ်) သို့ အသက်အငယ်ဆုံးအချိန်ပြည့်ကျောင်းသားအဖြစ် တက်ရောက်ခွင့်ရခဲ့သည်။[][][][] ၁၉၈၃ တွင် သူသည် ဂလပ်စ်ဂိုတက္ကသိုလ်မှ စန္ဒယားသင်ကြားရေးဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ နောက်နှစ်တွင် သူသည် မင်ဒယ်လ်ဆွန်၏ စန္ဒယားဖျော်ဖြေပွဲ အမှတ် (၁) ကို အာရ်အက်စ်အမ်အေဒီသံစုံတီးဝိုင်းနှင့်အတူ တီးခတ်ခဲ့၍ ဂီတဖျော်ဖြေမှုဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။[][] တရားဝင်ကျောင်းတက်ရောက်မှုကိုရပ်နားခဲ့ပြီးနောက် သူသည် စန္ဒယားဆရာတစ်ယောက်အဖြစ် တောင်းဆိုမှုအများအပြားခံခဲ့ရပြီး အက်ဒင်ဗာရာမြို့တွင် ၁၉၈၈ မှ ၁၉၉၁ ခုနှစ်အထိ နေထိုင်ခဲ့သည်။[][]

James Peace - Idylls Op.4b

ဂျိမ်းစ် ပိစ်သည် ဂျာမနီနိုင်ငံ ဘာ့ဒ်နောင်းဟိုင်တွင် ၁၉၉၁ မှ ၂၀၀၉ ခုနှစ်အထိ အခြေချနေထိုင်ခဲ့သည်။[][] သူသည် ၁၉၉၈ မှစတင်၍ တန်ဂိုအကကို သုတေသနပြုလေ့လာခဲ့ပြီး တန်ဂိုအက၏လှုံ့ဆော်မှုကိုအခြေခံသော သူ၏ကိုယ်ပိုင်စန္ဒယားသံစဉ်များ ပါဝင်သည့် Tango escocés (စကော့တလန်တန်ဂို) ဟုခေါ်သော စီဒီခွေကို ထုတ်လုပ်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် သူသည် ဗစ်တိုးရီးယားဂီတကောလိပ်၏ ဂုဏ်ထူးဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။[][][][၁၀][၁၁] ထိုနှစ်တွင်ပင် သူသည် စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ဂျာမနီမြောက်ပိုင်း တစ်ကိုယ်တော်တေးဂီတဖျော်ဖြေပွဲခရီးစဉ်များကို ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလတွင် ကမ္ဘာ့အရှေ့ဖျားဒေသသို့ သွားရောက်ခဲ့ကာ ဟောင်ကောင်တွင် သူ၏ Tango XVII ကို ပထမဆုံးအကြိမ်အဖြစ် ဖျော်ဖြေတီးခတ်ခဲ့သည်။[][][၁၀][၁၁][၁၂][၁၃]

နောက်နှစ်များတွင် သူ၏တေးဂီတဖျော်ဖြေမှုများကို ဥရောပတွင် အဓိက ပြုလုပ်ခဲ့သည်။ သူ၏ ကိုယ်ပိုင်တန်ဂိုဂီတသံစဉ်များကို အောက်ပါမြို့များတွင် ဖျော်ဖြေခဲ့သည် - အမ်စတာဒမ်၊ အေသင်၊[၁၄] ဘာလင်၊[၁၅] ဘရပ်ဆဲလ်၊ ဟယ်လ်ဆင်ကီ၊[၁၆] လစ္စဘွန်း၊[][၁၇] လန်ဒန်၊ မာဒရစ်၊[][၁၈] အော်စလို၊[၁၉] ရေးကဗိနှင့်[၂၀] ဗီယင်နာ။[၂၁]

မျက်နှာဖုံးစာမျက်နှာ၊ ဂျိမ်းစ် ပိစ် ရေးသားသော Eternal Song Op.32 (လေ့လာမှုတေးဂီတ)

သူ၏ တန်ဂိုနှင့်ဆိုင်သောလက်ရာများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၀၈ ခုနှစ်တွင် သူသည် လန်ဒန်ဂီတကောလိပ်၏ ဂုဏ်ထူးဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။[၂၂][၂၃][၂၄]

အက်ဒင်ဗာရာတွင် ခဏနေပြီးနောက် ဗိစ်ဘာဒင်မြို့တွင်နေထိုင်ရန် သူသည် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျာမနီသို့ပြန်လာခဲ့သည်။[][] ဤသည်ကပင် အနုပညာဖန်တီးမှုတွန်းအားအသစ်များကို ဖြစ်ပေါ်စေခဲ့၍ သူသည် သူ၏ကိုယ်ပိုင်တေးဂီတသံစဉ်အချို့အကြောင်း ရုပ်ရှင်တိုများ ဖန်တီးထုတ်လုပ်ခဲ့သည်။ သူ၏ရုပ်ရင်တိုလက်ရာများအနက် တစ်ခုမှာ ဗိစ်ဘာဒင်ရှိ ဂျိမ်းစ် ပိစ် ဟူသော မှတ်တမ်းရုပ်ရှင်ဖြစ်သည်။[၂၂][၂၃][၂၄]

ဆုများနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ

[ပြင်ဆင်ရန်]

●      ပထမဆု၊ အက်ဂ်နက်စ်မစ်လာပြိုင်ပွဲ၊ ဂလပ်စ်ဂိုမြို့ ၁၉၈၃ ခုနှစ်[]

●      ပထမဆု၊ ဒွန်းဘာတင်ရှိုင်းယား အီးအိုင်အက်စ်ပြိုင်ပွဲ၊ ဂလပ်စ်ဂိုမြို့ ၁၉၈၄ ခုနှစ်[]

●      ပထမဆု၊ ဆီဘဲလီးယပ်စ်စာစီစာကုံးဆု၊ ဂလပ်စ်ဂိုမြို့ ၁၉၈၅ ခုနှစ်[]

Eternal song (ဘားများ 602-606)

●      ဂုဏ်ထူးဆောင်ဒီပလိုမာ၊ တီအိုင်အမ် နိုင်ငံတကာဂီတရေးစပ်မှုပြိုင်ပွဲ၊ ရောမမြို့ ၂၀၀၀ ခုနှစ်[][][၂၅]

●      ဂုဏ်ထူးဆောင်ဒီပလိုမာ၊ အိုင်ဘီအယ်လ်အေဖောင်ဒေးရှင်း၊ နယူးယော့ခ်မြို့ ၂၀၀၂ ခုနှစ်[][][၂၅]

●      အမှတ်တရဆုတံဆိပ်၊ နိုင်ငံတကာ စန္ဒယားနှစ်ယောက်တွဲအဖွဲ့၊ တိုကျိုမြို့ ၂၀၀၂ ခုနှစ်[၂၆]

●     ရွှေတံဆိပ်၊ "လုတယ်စ်" နိုင်ငံတကာအကယ်ဒမီ၊ ပါရီမြို့ ၂၀၀၈ ခုနှစ်[][]

ရေးစပ်ခဲ့သော အထင်ကရတေးဂီတများ

[ပြင်ဆင်ရန်]

●      ရေတံခွန်[၂၇]

●      ကျေးလက်တောလားများ

●      မနက်ခင်းချစ်ခြင်းဖွဲ့တေးသံ

●      တိတ်တဆိတ်မျက်ရည်များ

●      အမေ့ခံသစ်ရွက်များ

●      နှဲတေးသွား

●      ဘလာ့ဒ်

●      အခမ်းအနားချီတက်ပွဲ အမှတ် (၁)

Tango Milonga op. 26

●      အခမ်းအနားချီတက်ပွဲ အမှတ် (၂)

●      ဆောင်းဦးရွှေ[၂၈]

Tango XVIII တေးဂီတကို ဂျိမ်းစ် ပိစ် (ဂျိမ်းစ် ပိစ်, စန္ဒယား)

●      ထာဝရတေးသီချင်း[][၂၉]

●     "ဂျော်ဂျီယာအတွက်" (ဂျော်ဂျီယာ: საქართველოსთვის)

●      (စာသား - ထမာရ်ချစ်ခ်ဗိုင်းဇယ်၊ ဇူးရဘ်ချစ်ခ်ဗိုင်းဇယ်နှင့် ဂျိမ်းစ် ပိစ်)

●     တန်ဂို ၂၄ ပုဒ်[][][][၁၀][၂၂][၂၃][၂၄][၃၀][၃၁][၃၂]

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]

Souvenir de Buenos Aires - youtube

Lento Lacrimoso - youtube

Autumn Gold - youtube

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 6 7 8 9 10 Birgitta Lamparth။ "Keine ‘stacheligen’ Klänge"၊ Wiesbadener Tagblatt၊ ဂျာမန်သတင်းစာ။ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
  2. 1 2 3 4 5 6 7 Julia Anderton။ "Tango wie eine süß-saure Geschichte"။ Wiesbadener Kurier၊ ဂျာမန်သတင်းစာ)။ ၂၀၁၂ ခုနှစ်၊ မတ်လ ၂၄ ရက်။
  3. 1 2 3 4 Soledad Carrizo-Araya။ "Una entrevista al compositor James Peace"။ Hoja de Ruta Digital၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ။[လင့်ခ်သေ]
  4. 1 2 3 4 Sabine Klein။ "Meine Musik ist wie ich - sehr romantisch"။ Frankfurter Rundschau၊ ဂျာမန်သတင်းစ)။ ၁၉၉၂ ခုနှစ်၊ ထုတ်ဝေမှုအမှတ် ၂၅၄၊ စာမျက်နှာ ၂။
  5. 1 2 3 4 5 G. Müller။ "Die Seele des Klaviers tanzt Tango"။ Kulturspiegel Wetterau၊ ဂျာမန်မဂ္ဂဇင်း။ ၂၀၀၁ ခုနှစ်၊ မတ်လ ၁၇ ရက်၊ စာမျက်နှာ ၅။
  6. Manfred Merz။ "Virtuose, gefühlsbetonte Welt der Romantik"၊ Wetterauer Zeitung၊ ဂျာမန်သတင်းစာ၊ ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ စာမျက်နှာ ၁၉။
  7. "James Peace"။ The Tango Times၊ နယူးယောက်က မဂ္ဂဇင်။ ထုတ်ဝေမှုအမှတ် - ၂၀၀၂/၂၀၀၃ - ၃၉၊ စာမျက်နှာ ၁-၅။
  8. 1 2 3 National Library of Scotland။ Tango escocés
  9. 1 2 3 Philharmonie de Paris။ Tango escocés
  10. 1 2 3 de bibliotheek။ Tango escocés
  11. 1 2 "James Peace"။ La Cadena၊ ဟော်လန်မဂ္ဂဇင်း။ ၂၀၀၂ ခုနှစ်၊ စက်တင်ဘာလ၊ စာမျက်နှာ ၂၆။
  12. TangoTang၊ ဟောင်ကောင် (香港)။ သတင်းလွှာ၊ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
  13. "James Peace"။ 南華早報၊ ဟောင်ကောင်သတင်းစာ။ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။
  14. ဖျော်ဖြေပွဲ လက်ကမ်းစာစောင် {Για σένα Αγγελική}။ အေသင်မြို့၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်။
  15. Tangodanza၊ ဂျာမန်မဂ္ဂဇင်း။ ထုတ်ဝေမှုအမှတ် ၁/၂၀၀၂ - ၉။
  16. ဖျော်ဖြေပွဲပိုစတာ၊ ၂၀၁၄ ခုနှစ်၊ ဖင်လန်နိုင်ငံ ဖျော်ဖြေပွဲခရီးစဉ်။
  17. ဖျော်ဖြေပွဲပိုစတာ၊ ၂၀၁၆ ခုနှစ် ပေါ်တူဂီ ဖျော်ဖြေပွဲခရီးစဉ်။
  18. ဖျော်ဖြေပွဲပိုစတာ၊ ၂၀၁၃ ခုနှစ် စပိန် ဖျော်ဖြေပွဲခရီးစဉ် - ¡Feliz Cincuenta Cumpleaños - 2013!
  19. Listen.no။ James Peace (flygel)။ Munch Museet။ အော်စလို၊ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။
  20. Ríkarður Ö Pálsson၊ "Skozkir Slaghörputangoár"။ Morgunblaðið၊ အိုက်စလန်သတင်းစာ။ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
  21. ဗီယင်နာမှာကျင်းပတဲ့ ဖျော်ဖြေပွဲရဲ့ လက်ကမ်းစာစောင်။ ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်23။
  22. 1 2 3 National Library of Scotland။ K. James Peace in Wiesbaden
  23. 1 2 3 Deutsche Nationalbibliothek. K. James Peace in Wiesbaden
  24. 1 2 3 Whittaker Live။ "Wiesbadener Highlander K. James Peace - New DVD"
  25. 1 2 "James Peace"။ FRIZZ၊ ဂျာမန်မဂ္ဂဇင်း။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ၊ စာမျက်နှာ ၅
  26. နိုင်ငံတကာ စန္ဒယားစုံတွဲအသင်း (東京)၊ တိုကျို။ ၂၀၀၂ ခုနှစ် ဆုရရှိသူများစာရင်း။ 27 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 January 2026 တွင် ပြန်စစ်ပြီး။
  27. Hessisches Staatstheater။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၂/၁၉ ရက်နေ့များတွင် ကျင်းပမည့် ဖျော်ဖြေပွဲများ၏ လက်ကမ်းစာစောင်
  28. "Violine schwebt über das Orchester"။ Schwäbische Post၊ သတင်းစာ ဂျာမနီ။ ၁၉၉၄ ခုနှစ်၊ ဇွန်လ ၄ ရက်။
  29. National Library of Scotland။ Eternal Song Op.32၊ Peace, K. James
  30. British Viola Society Newsletter။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ
  31. Hoja de Ruta Digital၊ México။ "Una corta historia del tango"၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်
  32. National Library of Scotland။ Tangos op.33၊ Peace၊ K. James