ဂျဲဂျူကျွန်း

ဝီကီပီးဒီးယား မှ
(ဂျယ်ဂျူးကျွန်း မှ ပြန်ညွှန်းထားသည်)
ဂျဲဂျူကျွန်းအား ဂြိုဟ်တုဓာတ်ပုံဖြင့် မြင်ရစဉ်

ဂျဲဂျူကျွန်း(済州岛) (ကိုရီးယား: 제주도) သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးကျွန်း ဖြစ်သည်။ ဂျဲဂျူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွင် ရှိပြီး ဧရိယာအားဖြင့် ၁၈၃၃.၂ စတုရန်းကီလိုမီတာ ကျယ်သည်။ [၁] တောင်ကိုရီးယားမြေ၏ ၂% မျှ ဖြစ်သည်။ ၂၀၂၀ စစ်တမ်းအရ လူဦးရေ ၆၇၀,၀၀၀ မျှ နေထိုင်သည်။ [၂]

ကိုရီးယားကျွန်းဆွယ်အစွန် ကိုရီးယားရေလက်ကြားတွင် ရှိပြီး (တောင်)ဂျိုလာပြည်နယ်၏ တောင်ဘက်တွင် ဖြစ်သည်။ ဂျဲဂျူပြည်နယ်ရှိ ဂျဲဂျူကျွန်းသည် တောင်ကိုရီးယားနိုင်ငံ၏ တခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်လည်း ဖြစ်၏။

လွန်ခဲ့သော နှစ် ၂ သန်းခန့်က မီးတောင်ပေါက်ကာ ဖြစ်လာသောကျွန်းဖြစ်သည်။ [၃] ကမ္ဘာ့အမွေအနှစ်စာရင်းဝင်လည်း ဖြစ်သည်။ [၄] ကျွန်းပေါ်၌ ရာသီဥတုမျှတပြီး ဆောင်းကာလ၌ပင် ၀ ဒီဂရီဆဲလစီးယပ်အောက် မကျ‌ပေ။ ဂျဲဂျူကျွန်းသည် ကျော်ကြားသော အားလပ်ရက်အပန်းဖြေရာဖြစ်ပြီး ကျွန်း၏စီးပွားရေးတွင် ခရီးသွားလုပ်ငန်းကလည်း အတော်အသင့် ထောက်ပံ့နေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. “120417(조간)_2012년도_지적통계연보_발간(지적기획과1)” (HWP). April 16, 2012. The total area of the Jeju Special Self-Governing Province is 1,849 km.
  2. Ministry of Public Administration and Security, September 30, 2020. At the end of September 2020, the total resident registration population of Jeju Special Self-Governing Province is 672,948, of which 4,000 reside in attached books such as Chuja Islands and Udo Island.
  3. "Jeju Island". Business Traveller. February 2011.
  4. "UNESCO names World Heritage sites". BBC News. June 28, 2007.