ဂျမား ဟာရှော့ဂျီ

ဝီကီပီးဒီးယား မှ
ဂျမား ဟာရှော့ဂျီ
Jamal Khashoggi
Khashoggi in 2018
မွေးဖွားဂျမား အာမက် ဟာရှော့ဂျီ
Jamal Ahmad Khashoggi

(1958-10-13)၁၃ အောက်တိုဘာ၊ ၁၉၅၈
မဒီနာမြို့၊  ဆော်ဒီအာရေဗျ
ကွယ်လွန်၂ အောက်တိုဘာ၊ ၂၀၁၈(2018-10-02) (အသက် ၅၉)[၁]
ဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံး၊ အစ္စတန်ဘူလ်မြို့တူရကီနိုင်ငံ
ဌာနေအမေရိကန်ပြည်ထောင်စု
နိုင်ငံလူမျိုးဆော်ဒီအာရေဗျ
မိခင်ကျောင်းအင်ဒီယားနားပြည်နယ် တက္ကသိုလ်
အလုပ်အကိုင်ဂျာနယ်လစ်၊ စာရေးဆရာ။
လက်တွဲဖော်(များ)Hatice Cengiz (ဇနီးလောင်း 2018)
ဆွေမျိုးသားချင်းNabila Khashoggi (cousin)
Emad Khashoggi (cousin)
Dodi Fayed (cousin)
Adnan Khashoggi (uncle)
Samira Khashoggi (aunt)
Soheir Khashoggi (aunt)
Muhammad Khashoggi (grandfather)
ဝက်ဘ်ဆိုဒ်jamalkhashoggi.com

ဂျမား အာမက် ဟာရှော့ဂျီ (English pronunciation: /kəˈʃʊɡi, kəˈʃɡi/; အာရပ်: جمال أحمد خاشقجيJamāl Aḥmad Ḫāšuqji) (၁၃၊ အောက်တိုဘာ၊ ၁၉၅၈ – ၂၊ အောက်တိုဘာ၊ ၂၀၁၈) သည် ဆော်ဒီအာရေဗျ ဂျာနယ်လစ်၊ စာရေးဆရာနှင့် အယ်လ်-အာရပ် သတင်းဌာန၏ အထွေထွေမန်နေဂျာနှင့် အယ်ဒီတာချုပ်ဟောင်းတစ်ဦး ဖြစ်သည်။ ဟာရှော့ဂျီသည် ၂၀၁၇၊ စက်တင်ဘာလတွင် ဆော်ဒီအာရေဗျမှ ထွက်ခွာခဲ့ပြီး ကိုယ့်သဘောနဲ့ကိုယ် ပြည်နှင်ဒဏ်ကျခံမှုလုပ်ခဲ့သည်။ ဆော်ဒီအစိုးရမှ သူ့ကို တွစ်တာမှ ပိတ်ပင်ခဲ့သည်ဟု ဆိုပြီး နောက်ပိုင်းတွင် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆော်လမန်နှင့် ဘုရင် ဆော်လမန်တို့ကို ဝေဖန်ရေး သတင်းဆောင်းပါးများကို ရေးသားခဲ့သည်။ ဟာရှော့ဂျီသည် ဆော်ဒီဦးဆောင်သော ယီမင်ပြည်တွင်းရေးစွက်ဖက်မှု [၂]ကို ဆန့်ကျင်သည်။ ဟာရှော့ဂျီသည် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးသို့ အောက်တိုဘာလ ၂ရက်နေ့ ၂၀၁၈တွင် ဝင်သွားခဲ့ပြီး အဆောက်အအုံတွင်းမှ ပြန်ထွက်မလာခဲ့ပါ။ အာမစ်သတင်းမှ ကောင်စစ်ဝန်ရုံးအတွင်း၌ ဟာရှော့ဂျီအသတ်ခံလိုက်ရပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဖြတ်တောက်ခံရကြောင်း ရေးသားခဲ့ပြီးနောက် အောက်တိုဘာ ၁၅ရက်နေ့တွင် တူရကီအရာရှိများနှင့် ဆော်ဒီအရာရှိများက ကောင်စစ်ဝန်ရုံးအတွင်းရှာဖွေခဲ့သည်။[၃] ကနဦးအစပိုင်း၌ ဆော်ဒီအစိုးရမှ သေဆုံးမှုသတင်းကို ငြင်းဆန်ခဲ့ပြီး ဟာရှော့ဂျီသည်း အသက်ရှင်လျက် ကောင်စစ်ဝန်ရုံးမှ ထွက်ခွာသွားသည်ဟု အခိုင်အမာဆိုခဲ့သည်။ သို့သော် အောက်တိုဘာ ၂၀ရက်တွင် ဟာရှော့ဂျီသည် ကောင်စစ်ဝန်ရုံးအတွင်း သေဆုံးခဲ့သည်ကို ဝန်ခံခဲ့ပြီး သူသည် တိုက်ခိုက်မှုတခုအတွင်း အသတ်ခံ ခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]