လားရှိုးသိန်းအောင်

ဝီကီပီးဒီးယား မှ
(ဂျင်မီဂျက် မှ ပြန်ညွှန်းထားသည်)

လားရှိုးသိန်းအောင် (၁၉၄၆ -၂၀၁၈)သည် မြန်မာအမျိုးသား အဆိုတော် တစ်ဦး ဖြစ်ပြီး တချို့က ဂျင်မီဂျက်ဟုလည်း ခေါ်ကြသည်။ စတူဒီယို ခေတ်ဦး အဆိုတော်ကြီး လားရှိုးသိန်းအောင်ရဲ့ ကိုယ်ပိုင် သီချင်းတွေဟာ တခေတ်တခါမှာ အောင်မြင်ခဲ့ရုံသာမက ဒီနေ့ခေတ်မှာလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျနေတဲ့ သီချင်းတွေ ရှိနေဆဲ ဖြစ်သည်။

လားရှိုးသိန်းအောင်ကို ၁၉၄၆-ခုနှစ်၊ ရှမ်းပြည်နယ် လားရှိုးမြို့၌ မွေးဖွားခဲ့သည်။ ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်သည်။[၁] လားရှိုးသိန်းအောင်သည် ၁၉၇၂ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လက်မခံနိုင်ဘဲ တောခိုသွားခဲ့ပြီး အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ အမေရိကန်နိုင်ငံတွင် ဂီတလုပ်ငန်း အပါအဝင် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရင်း အမေရိကန်နိုင်ငံသူ တစ်ဦးနှင့် အိမ်ထောင်ကျကာ သမီးတစ်ယောက်၊ သား နှစ်ယောက်ရှိသည်။[၂] လားရှိုးသိန်းအောင် သည် မြန်မာပြည်မှ ထွက်ခွါသွားပြီးနောက် နှစ်ပေါင်း ၄၀ ကျော်အကြာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင်မှ ဦးသိန်းစိန်အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာနိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှာ တကိုယ်တော်ရှိုး ပြုလုပ်ခဲ့ပြီး အဆိုပါ ရှိုးပွဲဟာ သူ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် အကြာမှာ ပြုလုပ်ခဲ့တဲ့ ရှိုးပွဲလည်း ဖြစ်ပါသည်။[၃]

သီဆိုခဲ့သောသီချင်းများ[ပြင်ဆင်ရန်]

2

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၁၈-ခု၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဟူစတန်မြို့တွင် ဒေသစံတော်ချိန် ည ၂ နာရီခွဲ အချိန်၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၂-နှစ် ရှိပြီ ဖြစ်သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 21 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 March 2022 တွင် ပြန်စစ်ပြီး။
  2. https://burma.irrawaddy.com/lifestyle/entertainment/2018/12/29/178854.html
  3. https://burma.irrawaddy.com/news/2012/12/20/28590.html?fbclid=IwAR3YwZ2wGXZTXYNQ48mxEkLUNr0kgL9uE3WOSpCDUGi4hoKfPwyEJHoBblg
  4. https://www.bbc.com/burmese/burma-46704035