ဂျင်ဆင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဂျင်ဆင်
ကောလိသိန်
ကောလိစိန်
Panax quinquefolius.jpg
Panax quinquefolius foliage and fruit
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: Plantae
(unranked): Angiosperms
(unranked): Eudicots
(unranked): Asterids
မျိုးစဉ်: Apiales
မျိုးရင်း: Araliaceae
မျိုးရင်းသေး: Aralioideae
မျိုးစု: Panax
L.
Species

Subgenus Panax

Section Panax
Series Notoginseng
Panax notoginseng
Series Panax
Panax bipinnatifidus
Panax ginseng
Panax japonicus
Panax quinquefolius
Panax vietnamensis
Panax wangianus
Panax zingiberensis
Section Pseudoginseng
Panax pseudoginseng
Panax stipuleanatus

Subgenus Trifolius

Panax trifolius

ဂျင်ဆင် (Ginseng) ခေါ် ကောလိသိန် ခေါ် ကောလိစိန်သည် အပင်ငယ်မျိုးဖြစ်ပြီး၊ ရွက်ညှာတစ်ခုတွင် ငါးရွက် ထွက်သည်။ အရွက်တစ်ခုလျှင် ခွေးသွားစိတ်ငယ်များ ရှိသည်။ အမြစ်သည် ၆ လက်မ မှ ၈ လက်မ ခန့်အထိရှည်ပြီး မြစ်ဥမျိုး ဖြစ်သည်။ ၎င်းကို ထူးထူးခြားခြား သုံးကြသည်။ မြစ်ဥတွင် မြစ်မွှာကလေးများ မြောက်များစွာ ရှိသည်။ မြစ်ဥ၏ ထိပ်၌ တဆင့် သေးငယ်၍ ဦးခေါင်းကဲ့သို့ ဖြစ်နေတတ်သည်။ ထိုမြစ်ဥ ၌ အထက်တွင် မြစ်ကြီး တစ်ခုနှင့် အောက်တွင် မြစ်ကြီး ၂ ခု ရှိတတ်သည်။ ၎င်းကို အစွဲပြု၍ လူ၏ သဏ္ဍန် ခြေလက်ခေါင်း ဖြစ်နေတတ်သည်။ ရှေးယခင်ခေတ်က သူယောင်ပင် ၊ နတ်ဆေးပင်ဟု ကိုးစား ယုံကြည်ကြသည်။[၁]ဂျင်ဆင်ကို မြန်မာဝေါဟာရအားဖြင့် ဂျင်စင်၊ ဂျင်စင်း၊ ဂျင်ဆင်းစသဖြင့် မျိုးစုံ ရေးသားထားကြသည်။

ရင်းမြစ်ဗေဒ[ပြင်ဆင်ရန်]

အင်္ဂလိပ်စာလုံး ဂျင်ဆင်း (ginseng)သည် တရုတ်ဝေါဟာရ rénshēn မှ ဆင်းသက်လာပြီး၊ Rén က "လူ"ကို ဆိုလို၍ shēn က "ပင်မြစ်"ကို ဆိုလိုရာ၊[၂] ညွှန်းချင်သည်မှာ ၎င်း၏ အမြစ်သည် လူသားတဦး၏ ခြေများကဲ့သို့ ထူးခြားစွာ နှစ်ခွကွဲနေသော ပုံသဏ္ဌာန် ရှိခြင်း ဖြစ်သည်။[၃] အင်္ဂလိပ်အသံထွက်သည် တောင်ပိုင်းတရုတ် အသံထွက် မှ ဆင်းသက်လာပြီး၊ ကန်တုံလို ယွန်ဆွန် နှင့် ဟော့ကင်းလို ဂျင်စင်မ်နှင့် ဆင်တူသည်။

ရုက္ခဗေဒနည်းအရ မျိုးစုအမည် (အားလုံး ကုသသည်ဟု အဓိပ္ပါယ်ရသော) ပနပ် (Panax)သည် ပနာစီး (panacea)နှင့် ရင်းမြစ် တူပြီး၊ လင်နေးယပ် (Linnaeus) သည် တရုတ်တိုင်းရင်းဆေးတွင် အကြောလျှော့ဆေးအဖြစ် ကျယ်ပြန့်စွာ အသုံးပြု‌သောကြောင့် ဤမျိုးစုကို အသုံးချသည်။

P. ginseng အပြင် အခြားအပင်များစွာကိုလည်း ဂျင်ဆင်းမြစ်ဟု မှားယွင်း သိနေကြသည်။ အသုံးအများဆုံး ဥပမာများမှာ ရှီးယန်ဆင်း ဖြစ်ပြီး၊ အမေရိကန် ဂျင်ဆင်း(P. quinquefolius)၊ ဂျပန် ဂျင်ဆင်း(P. japonicus)၊ မင်းသားဂျင်ဆင်း (Pseudostellaria heterophylla) နှင့် ဆိုက်ဘေးရီးယန်း ဂျင်ဆင်း(Eleutherococcus senticosus) ဟုလည်း သိကြသည်။ အမည်အားလုံးတွင် ဂျင်ဆင်းပါသော်လည်း အပင်တပင်စီ၏ လုပ်ဆောင်ချက်သည် တမူစီ ကွာခြားသည်။ ဂျင်ဆင်းအစစ်အမှန်သည် ပနပ် မျိုးစုတွင်သာ ပါဝင်သည်။[၄]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၆ ရာစုတွင် တရုတ်နှင့် ကိုရီးယားရှိ ဂျင်ဆင်းစိုက်ခင်းများကို ထိန်းချုပ်ရန်မှာ အဓိက ဖြစ်လာသည်။[၅] ၁၉၀၀ ပြည့်လွန်နှစ်များထိ၊ ရနိုင်သော ဂျင်ဆင်းရိုင်းများ ရှားပါးလာသော်လည်း၊ ဝယ်လိုအားကြောင့် ကိုရီးယားသည် ယနေ့ကာလထိ ဆက်လက် လုပ်ဆောင်နေရဆဲ ဖြစ်သော ဂျင်ဆင်စိုက်ပျိုးရေးကို စတင်ခဲ့သည်။ ၂၀၁၀ တွင် နိုင်ငံတကာ ဈေးကွက်၌ ကမ္ဘာ့‌ဂျင်ဆင်း တန် ၈၀၀၀ ၏ အားလုံးနီးပါးကို တရုတ်၊ တောင်ကိုရီးယား၊ ကနေဒါ[၆]နှင့် အမေရိကန်ဟူသော လေးနိုင်ငံက ထုတ်လုပ်သည်။

ဆေးအသုံး[ပြင်ဆင်ရန်]

ဂျင်ဆင်းကို တရုတ်တိုင်းရင်းဆေးတွင် ရာစုနှစ်များစွာ အသုံးပြုလာခဲ့သော်လည်း၊[၇] ၎င်းတွင် ဇီဝဗေဒ အကျိုးသက်ရောက်မှုများ ရှိသည်ကို လူသားတို့ နည်းပညာသုံးပြီး လေ့လာတွေ့ရှိသည်မှ စတွက်လျှင် အစကနဦး ဖြစ်ရပ်သာ ဖြစ်သည်။[၈] အစွမ်းများတွင် ဉာဏ်ရည်တက်လာစေခြင်း၊ ပင်ပန်းနွမ်းနယ်မှု လျှော့ချပေးခြင်း၊ သွေးဆုံးကိုင်လက္ခဏာကို လျှော့ချပေးခြင်းနှင့် ဆီးချိုရောဂါ အပျော့စား ရသူများတွင် အင်ဆူလင် တုံ့ပြန်မှု လျှော့ချပေးခြင်းတို့ ဖြစ်သော်လည်း၊ ဤ လေ့လာတွေ့ရှိမှုများသည် မည်သို့ တွေ့ရှိပါသည်နည်းဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။[၉] ဂျင်ဆင်းသုံးခြင်း၏ အကျိုးသက်ရောက်မှုအကြောင်း ကောက်ချက်ချခြင်းက မဖြစ်နိုင်မီ၊ ပို၍ အရည်အသွေးကောင်းသော ဆေးခန်းများတွင် စမ်းသပ်ခြင်းက အထူးလိုအပ်သည်။[၈][၉]

စီးပွားဖြစ် ဂျင်ဆင်ကို နိုင်ငံပေါင်း ၃၅ နိုင်ငံထက်ပိုပြီး ဒေါ်လာ ၂ ဘီလီယံထက် ပိုလွန်၍ ရောင်းချရကာ၊ တဝက်မှာ ၂၀၁၃ တွင် တောင်ကိုရီးယားမှ လာသည်။[၁၀] သမိုင်းကြောင်းအရ တရုတ်သည် အကြီးမားဆုံး စားသုံးသူ ဈေးကွက် ဖြစ်နေခဲ့သည်။ အမြစ်ကို တခုလုံး ဖြစ်စေ၊ ပါးပါးလှီး၍ ဖြစ်စေ၊ အခြောက်ခံထားသည်ကို ရနိုင်လေ့ရှိသည်။ ဂျင်ဆင်ရွက်သည် သိပ်နာမည်မကြီးသော်လည်း၊ တခါတရံ အသုံးချသည်။ ကိုရီးယားတွင် ဂျင်ဆင်းရောသော လက်ဖက်ရည်နှင့် အရက်ကို အင်စမ်ချာ (ဂျင်ဆင်းလက်ဖက်ရည်)နှင့် အင်စမ်ဂျု (ဂျင်ဆင်းအရက်)ဟု ခေါ်ကာ သောက်သုံးကြသည်။

ဂျင်ဆင်းကို စွမ်းအားဖြည့် အချိုရည်များနှင့် ဆေးရည်များတွင် ပမာဏနည်းနည်းနှင့် ပါဝင်သည်ကိုလည်းကောင်း၊ ဖြည့်စွက်အစာအဖြစ် ရောင်းချသည်ကိုလည်းကောင်း တွေ့ရမည်။[၈] ပနပ်မျိုးစိတ်၏ တမျိုးတည်းသော ဂျင်ဆင်နိုဆိုက် ဒြပ်များကို သူတို့၏ ဇီဝဗေဒအရ စွမ်းဆောင်နိုင်သော ဂုဏ်သတ္တိများကို လေ့လာနေကြပြီ ဖြစ်သည်။[၈][၉][၁၁]

စိတ်ချရမှု[ပြင်ဆင်ရန်]

ဂျင်ဆင်သည် ယေဘုယျအားဖြင့် ကောင်းကျိုးများပြီး၊ ရေတိုအတွင်း အသုံးပြုလွန်ပါကလည်း ဆိုးကျိုးသက်ရောက်နိုင်ခြေ နည်းသည့် ဟန်ရှိသည်။[၈][၉][၁၂]

ဂျင်ဆင်ကို မကြာမကြာ အသုံးပြုပါက ဘေးထွက်ဆိုးကျိုးအနေဖြင့် ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်းနှင့် အစာခြေစနစ် ပြဿနာများ ဖြစ်မည်ကို စိတ်ပူကြသည်လည်း ရှိသည်။[၈][၉] အညွန်းပေးထားသော ဆေးဝါးများနှင့် ဂျင်ဆင်းကို တွဲသောက်လျှင် အန္တရာယ် ဖြစ်နိုင်ခြေ နည်းသည်ဟု ယုံကြည်ထားသော်လည်း၊ သွေးကျဲဆေး၊ ဝါးဖရင်းနှင့် တွဲသုံးသည့်အခါ တန်ပြန်သက်ရောက်မှု ရှိနိုင်သည်။[၈] ဂျင်ဆင်းသည် ဖီနယ်ဇင်း (phenelzine) နှင့် တွဲလျှင် မလိုလား‌အပ်သော တန်ပြန်သက်ရောက်မှုများ ရှိသည်ကို ပြသခဲ့ပြီး ဖြစ်သည်။[၁၃] ကင်ဆာကုသဆေး အင်မာတီနစ် (imatinib) နှင့် ဆိုလျှင် အသည်းပျက်စီးခြင်း (hepatotoxicity) ဖြစ်စေပြီး၊ စိတ်‌ဖိစီးမှုလျော့ကျဆေး လမို့ထရစ်ဂျင်း (lamotrigine) နှင့် ဆိုလျှင်အပြန်အလှန် သက်ရောက်မှု ရှိသည်ကိုလည်း အစီရင်ခံကြပြီး ဖြစ်သည်။[၁၄][၁၅]

အသုံးလွန်ခြင်း[ပြင်ဆင်ရန်]

တွင်ကျယ်စွာ သုံးသော ဂျင်ဆင်းများ (P. ginseng and P. quinquefolia) သည် ယေဘုယျအားဖြင့် သုံးစွဲမှု များလျှင်တောင်မှ စိတ်ချရသည်ဟု ယူဆထားသည်။[၁၆] ပနပ်ဂျင်ဆင်းကို အပျော့စား အသုံးလွန်ခြင်းကြောင့် အတွေ့ရများဆုံး ဝိသေသ လက္ခဏာများထဲမှ တခုကို ရွေးပြောပါ ဆိုလျှင် သွေးထွက်ခြင်း ဖြစ်သည်။ အပျော့စား သုံးစွဲလွန်မှု လက္ခဏာများတွင်

  1. နှုတ်ခမ်း‌ခြောက်ခြင်း(dry mouth and lips)၊
  2. စိတ်လှုပ်ရှားခြင်း(excitation)၊
  3. ဂဏာမငြိမ်ခြင်း(fidgeting)၊
  4. ဒေါသဖြစ်ခြင်း(irritability)၊
  5. တုန်လှုပ်ခြင်း(tremor)၊
  6. မောခြင်း(palpitations)၊
  7. အမြင်ဝါးခြင်း(blurred vision)၊
  8. ခေါင်းကိုက်ခြင်း(headache)၊
  9. အိပ်မပျော်ခြင်း(insomnia)၊
  10. ကိုယ်အပူချိန် တက်ခြင်း(increased body temperature)၊
  11. သွေးဖိအားတက်ခြင်း(increased blood pressure)၊
  12. edema၊
  13. ခံတွင်းပျက်ခြင်း(decreased appetite)၊
  14. ငိုက်မျည်းခြင်း(dizziness)၊
  15. ယားယံခြင်း(itching)၊
  16. နှင်းခူဖြစ်ခြင်း(eczema)၊
  17. မနက်စောစော ဝမ်းလားခြင်း(early morning diarrhea)၊
  18. သွေးထွက်ခြင်း(bleeding)နှင့်
  19. ဟောဟဲလှိုက်ခြင်း(fatigue)တို့ ပါဝင်သည်။[၁၆]

ပနပ် ဂျင်ဆင်း(Panax ginseng)ကို အများအပြား အသုံးစွဲလွန်ခြင်း လက္ခဏာများတွင်

  1. နှာပိတ်ခြင်း(nausea,)၊
  2. အန်ခြင်း၊
  3. ဒေါသဖြစ်ခြင်း(irritability)၊
  4. အနားမရနိုင်ခြင်း(restlessness)၊
  5. ဆီးဝမ်းမထိန်းနိုင်ခြင်း(urinary and bowel incontinence)၊
  6. ဖျားခြင်း၊
  7. သွေးဖိအား တက်ခြင်း၊
  8. အသက်ရှုမြန်ခြင်း၊
  9. သိမှုနှင့် အလင်းတုံ့ပြန်မှု လျော့ကျခြင်း(decreased sensitivity and reaction to light)၊
  10. နှလုံးခုန်နှုန်းလျော့ခြင်း(decreased heart rate)၊
  11. မျက်နှာအသားအရေ ပြာနှမ်းခြင်း(cyanotic (blue) facial complexion)၊
  12. မျက်နှာအသားအရေ နီမြန်းခြင်း(red facial complexion)၊
  13. ဖမ်းခြင်း(seizures)၊
  14. အကြောဆွဲခြင်း(convulsions)နှင့်
  15. စိတ်ဖောက်ပြန်ခြင်း(delirium)တို့ ပါဝင်သည်။ [၁၆]

ဂျင်ဆင်းဟု တခါတရံခေါ်သော အခြားသော အပင်များ[ပြင်ဆင်ရန်]

တခါတရံ အချို့သော အပင်များစွာကိုလည်း ဂျင်ဆင်းပါပေဟု ညွှန်းဆိုတတ်သည်၊ သို့သော် မျိုးရင်း သို့မဟုတ် မျိုးစု တခုမဟုတ် တခု ကွဲပြားနေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်နာဂသေနာဘိဝံသ (ဓမ္မာစရိယ) ၊ (မြန်မာသက္ကရာဇ် ၁၃၁၈)၊ " အရှင်နာဂသိန် ပုံပြဆေးအဘိဓာန် " ၊ မင်္ဂလာ ပုံနှိပ်တိုက်
  2. The word 參 shēn "plant root" itself, from Old Chinese *srəm, has been compared to words meaning 'root' in other languages of the Sino-Tibetan family such as Japhug tɤ-zrɤm "root", see Jacques, Guillaume (2015). "On the cluster *sr in Sino-Tibetan". Journal of Chinese Linguistics 43 (1): 215–223. 
  3. Oxford Dictionaries Online, s.v. "Ginseng".
  4. Chinese Medical Herbology and Pharmacology, by John K. Chen, Tina T. Chen
  5. "Ginseng and Border Trespassing Between Qing China and Choson Korea" (2007). Late Imperial China 28 (1): 33–61. doi:10.1353/late.2007.0009. 
  6. "Ginseng: Root of Chinese-Canadian Relations" (1985). Canadian Historical Review 66 (1): 1–26. doi:10.3138/chr-066-01-01. 
  7. "The effect of ginseng (the genus panax) on glycemic control: a systematic review and meta-analysis of randomized controlled clinical trials" (2014). PLoS ONE 9 (9): e107391. doi:10.1371/journal.pone.0107391. PMID 25265315. 
  8. ၈.၀ ၈.၁ ၈.၂ ၈.၃ ၈.၄ ၈.၅ ၈.၆ Asian ginseng။ National Center for Complementary and Integrative Health, US National Institutes of Health, Bethesda, MD (September 2016)။ 10 February 2017 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ ၉.၂ ၉.၃ ၉.၄ "Safety Analysis of Panax Ginseng in Randomized Clinical Trials: A Systematic Review" (2015). Medicines 2 (2): 106–126. doi:10.3390/medicines2020106. 
  10. "The world ginseng market and the ginseng" (2013). Journal of Ginseng Research 37 (1): 1–7. doi:10.5142/jgr.2013.37.1. PMID 23717152. 
  11. "Ginsenosides from American ginseng: chemical and pharmacological diversity" (June 2011). Phytochemistry 72 (8): 689–99. doi:10.1016/j.phytochem.2011.02.012. PMID 21396670. 
  12. "Systematic review of randomized controlled trials evaluating the efficacy and safety of ginseng" (2011). Journal of Acupuncture and Meridian Studies 4 (2): 85–97. doi:10.1016/S2005-2901(11)60013-7. PMID 21704950. Retrieved on 2016-03-12. 
  13. "Interactions between herbal medicines and prescribed drugs: a systematic review" (2001). Drugs 61 (15): 2163–75. doi:10.2165/00003495-200161150-00002. PMID 11772128. 
  14. "Imatinib and Panax ginseng: a potential interaction resulting in liver toxicity" (2010). The Annals of Pharmacotherapy 44 (5): 926–8. doi:10.1345/aph.1M715. PMID 20332334. 
  15. "Drug Reaction with Eosinophilia and Systemic Symptoms Syndrome Probably Induced by a Lamotrigine-Ginseng Drug Interaction" (2015). Pharmacotherapy 35: e9-e12. doi:10.1002/phar.1550. PMID 25756365. Retrieved on 2015-03-16. 
  16. ၁၆.၀ ၁၆.၁ ၁၆.၂ "Panax ginseng in randomised controlled trials: A systematic review" (2013). Phytotherapy Research 27 (7): 949–65. doi:10.1002/ptr.4832. PMID 22969004.