ဂျက်ဖရီအာချား

ဝီကီပီးဒီးယား မှ

The Lord Archer
of Weston-super-Mare
Archer in March 1998
Lord Temporal
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
27 July 1992
Member of လွှတ်တော်
for Louth (Lincolnshire)
တာဝန်သက်တမ်း
8 December 1969 – 10 October 1974
ယခင်လူCyril Osborne
ဆက်ခံသူMichael Brotherton
ကိုယ်ရေး အချက်အလက်များ
မွေးဖွားJeffrey Howard Archer
(1940-04-15) ၁၅ ဧပြီ၊ ၁၉၄၀ (အသက် ၈၃)
Finsbury, London, England
နိုင်ငံရေးပါတီNon-affiliated
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
Conservative
ကြင်ဖော်(များ)Mary Doreen Weeden
သားသမီးWilliam Harold Archer (b. 1972)
James Howard Archer (b. 1974)
အလုပ်အကိုင်Politician, author
ကိုးကွယ်သည့်ဘာသာChurch of England[၁]
ဝက်ဘ်ဆိုဒ်jeffreyarcher.co.uk
စာပေရေးသားခြင်း
အလုပ်အကိုင်Novelist, short story writer, playwright
ကာလ1976–present
စာပေအမျိုးအစားThriller, drama

ဂျက်ဖရီအာချား သည် ကမ္ဘာကျော် အင်္ဂလိပ်အမျိုးသား စာရေးဆရာတစ်ဦးဖြစ်သည်။ ၁၉၄၀ ပြည့်နှစ် ဆမ်းမားဆက်နယ်တွင် မွေးဖွားခဲ့သည်။[၂]

ပညာရေး[ပြင်ဆင်ရန်]

ဝယ်လင်တန်အထက်တန်းကျောင်း၊ ဘရာဆင်နော့စ်ကောလိပ် နှင့် အောက်ဖို့တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ စာရေးဆရာဖြစ်မလာမီ နိုင်ငံတကာ အားကစားသမားတစ်ဦး ဖြစ်သည်။ ၁၉၆၃ − ၁၉၆၆ ခုနှစ်များတွင် အင်္ဂလန်နိုင်ငံကို ကိုယ်စားပြု၍ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၂]

တာဝန်များ[ပြင်ဆင်ရန်]

၁၉၆၆ ခုနှစ်တွင် ဂရိတ်တားလန်ဒန်ကောင်စီ တွင် အသက်အငယ်ဆုံး အမှုဆောင်လူကြီး ဖြစ်လာခဲ့သည်။ ၁၉၆၉ မှ ၁၉၇၃ အထိ အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင် အသက်အငယ်ဆုံး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။[၂]

စာရေးဆရာ ဖြစ်လာပုံ[ပြင်ဆင်ရန်]

၁၉၇၃ ခုနှစ်တွင် ကနေဒီယံကုမ္ပဏီ၌ ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံရန် စီးပွားရေးသမား အပေါင်းအသင်းများက ဂျက်ဖရီအာချားကို တိုက်တွန်းကြသည်။ ထို့ကြောင့် သူသည် ရှိစုမဲ့စု ဒေါ်လာတစ်သန်းကို အစုရှယ်ယာပါဝင်ကာ ရင်းနှီးမြှုပ်နှံလိုက်သည်။ နောက်တစ်နှစ်ခန့်ကြာသောအခါ စကော့တကန်ယာ့ဒ် စုံထောက်အဖွဲ့ကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များ သူ့ထံသို့ရောက်လာကာ “လူကြီးမင်း မြှပ်နှံထားတဲ့ အစုရှယ်ယာတွေ တစ်ပြားမှ မရှိတော့ဘူး၊ အားလုံး အသုံးမကျတဲ့ စက္ကူစုတ်တွေ ဖြစ်ကုန်ပြီ″ ဟု ပြောသည်။ ဤသို့ဖြင့် ဂျက်ဖရီအာချာသည် သူဌေးပေါက်စ ဘဝမှ ဆင်းရဲသားဘဝသို့ နေ့ချင်းညချင်း ရောက်ခဲ့ရသည်။ ထိုအကျိုးဆက်ကြောင့် နောက်နှစ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်နားလိုက်ရသည်။

အလိမ်ခံလိုက်ရသည်ကို အကြောင်းပြု၍ Not A Penny More, Not A Penny Less အမည်ဖြင့် ဝတ္ထုတစ်ပုဒ်ရေးသည်။ ယင်းဝတ္ထုကို အင်္ဂလန်နိုင်ငံ၊ ဂျိုနေသန်ကိပ်စာအုပ်တိုက်မှ ထုတ်ဝေရာ ယနေ့အထိ ရောင်းတိုင်းစွံနေဆဲ ဖြစ်သည်။ ထိုအချိန်မှ၍ ဂျက်ဖရီအာချားသည် စာရေးဆရာ ဖြစ်လာခဲ့သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Jeffrey Archer "The Papal Visit" Archived 29 September 2011 at the Wayback Machine., Official blog, 20 September 2010
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ မောင်ပေါ်ထွန်း (ဒီဇင်ဘာလ ၂၀၀၅)။ ကမ္ဘာရန် (စတုတ္ထအကြိမ် ed.)။ အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့: ရာပြည့်စာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)