မာတိကာသို့ ခုန်သွားရန်

ဂဲရိုမြို့၊ ဂိဖု

ဝီကီပီးဒီးယား မှ
ဂဲရိုမြို့
下呂市
City
Gero Onsen and Hida River
ဂဲရိုမြို့၏ အလံတော်
အလံတော်
ဂဲရိုမြို့၏ တရားဝင်လိုဂို
Emblem
Location of Gero in Gifu Prefecture
Location of Gero in Gifu Prefecture
ဂဲရိုမြို့ သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဂဲရိုမြို့
ဂဲရိုမြို့
 
ကိုဩဒိနိတ်: 35°48′21.2″N 137°14′38.9″E / 35.805889°N 137.244139°E / 35.805889; 137.244139ကိုဩဒိနိတ်: 35°48′21.2″N 137°14′38.9″E / 35.805889°N 137.244139°E / 35.805889; 137.244139
CountryJapan
RegionChūbu
PrefectureGifu
အစိုးရ
  MayorNoboru Yamauchi
ဧရိယာ
  စုစုပေါင်း၈၅၁.၂၁ စတုရန်းကီလိုမီတာ (၃၂၈.၆၅ စတုရန်းမိုင်)
လူဦးရေ (November 1, 2017)
  စုစုပေါင်း၃၃,၂၈၃
  သိပ်သည်းမှု၃၉/km (၁၀၀/sq mi)
အချိန်ဇုန်Japan Standard Time (UTC+9)
Phone number0576-24-2222
Address960 Mori, Gero-shi, Gifu-ken, Japan 509-2202
ClimateCfa
ဝဘ်ဆိုက်တရားဝင် ဝက်ဘ်ဆိုက်တ်
ဂဲရိုမြို့တော်ခန်းမ
ဂဲရိုမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် ဂဲရိုမြစ်

ဂဲရိုမြို့ (下呂市, Gero-shi) သည် ဂျပန်နိုင်ငံ၊ ဂိဖုခရိုင်တွင် ရှိသည့် မြို့တစ်ခု ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် မြို့နေခန့်မှန်းလူဦးရေသည် ၃၃,၂၈၃ ဦး ရှိသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၃၉ ဦး နေထိုင်ကြသည်။ အိမ်ထောင်စု ၁၂,၂၅၃ ခု ရှိသည်။ မြို့၏ စုစုပေါင်းဧရိယာမှာ ၈၅၁.၂၁ စတုရန်းကီလိုမီတာ (၃၂၈.၆၅ စတုရန်းမိုင်) ရှိသည်။ ဂဲရိုမြို့သည် ရေပူစမ်း (အွန်းဆန်း) များ ရှိသဖြင့် လူသိများသည်။[]

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

ဟိဒမြစ်နှင့် မဇဲမြစ်နှစ်စင်းသည် မြို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ မြို့၏ ၉၁ ရာခိုင်နှုန်းကျော်သည် တောင်တန်းများနှင့် သစ်တောများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ မြို့၏ အစိတ်အပိုင်းအများစုသည် "ဟိဒ - ခိုဆိုဂဝအမျိုးသားဥယျာဉ်" အတွင်း ပါဝင်သည်။ မီးတောင်တစ်ခုဖြစ်သည့် အွန်းတခဲတောင် သည် ဂဲရိုမြို့တွင် တည်ရှိသည်။

ဆက်စပ်နေသည့် မြို့ရွာများ

[ပြင်ဆင်ရန်]

ရာသီဥတု

[ပြင်ဆင်ရန်]

မြို့သည် နွေရာသီတွင် ပူပြင်းစိုထိုင်းသည်။ ဆောင်းရာသီသည် သင့်တင့်သည့် အေးမြမှုရှိသည်။ နှစ်ပတ်လည်ပျမ်းမျှအပူချိန်သည် ၁၂.၂ ဒီဂရီစင်တီဂရိတ် (၅၄.၀ ဒီဂရီဖာရင်ဟိုက်) ရှိသည်။ နှစ်ပတ်လည်ပျမ်းမျှမိုးရေချိန်သည် ၂၄၄၀.၃ မီလီမီတာ (၉၆.၀၇ လက်မ) ရှိသည်။ ဇူလိုင်လသည် အစိုစွတ်ဆုံးလ ဖြစ်သည်။ ဩဂုလသည် အပူချိန်အမြင့်ဆုံးဖြစ်ပြီး ပျမ်းမျှအပူချိန်သည် ၂၄.၅ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင် (၇၆.၁ ဒီဂရီဖာရင်ဟိုက်) ရှိသည်။ ဇန်နဝါရီလသည် အပူချိန်အနိမ့်ဆုံးဖြစ်ကာ ပျမ်းမျှအပူချိန်သည် ၀.၃ ဒီဂရီစင်တီဂရိတ် (၃၂.၅ ဒီဂရီဖာရင်ဟိုက်) ရှိသည်။[]

လူဦးရေ

[ပြင်ဆင်ရန်]

ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအရ ဂဲရိုမြို့၏ လူဦးရေသည် လွန်ခဲ့သည့် နှစ် ၅၀ ကျော်ကလမှစတင်၍ ကျဆင်းလျက်ရှိသည်။[]

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
1970 ၄၄၂၅၄    
1980 ၄၂၅၈၁−3.8%
1990 ၄၁၅၇၆−2.4%
2000 ၄၀၁၀၂−3.5%
2010 ၃၆၃၁၄−9.4%
2020 ၃၀၄၂၈−16.2%

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

Wikimedia Commons ရှိ ဂဲရိုမြို့၊ ဂိဖု နှင့်ပတ်သက်သော မီဒီယာများ တမ်းပလိတ်:Wikivoyage inline

ကိုးကား

[ပြင်ဆင်ရန်]
  1. Official home page
  2. 1 2 You must specify title = and url = when using {{cite web}}.။ JMA May 30, 2022 တွင် ပြန်စစ်ပြီး။
  3. You must specify title = and url = when using {{cite web}}.။ JMA May 30, 2022 တွင် ပြန်စစ်ပြီး။
  4. You must specify title = and url = when using {{cite web}}.။ JMA May 30, 2022 တွင် ပြန်စစ်ပြီး။
  5. You must specify title = and url = when using {{cite web}}.။ JMA May 30, 2022 တွင် ပြန်စစ်ပြီး။
  6. You must specify title = and url = when using {{cite web}}.။ JMA May 30, 2022 တွင် ပြန်စစ်ပြီး။
  7. You must specify title = and url = when using {{cite web}}.။ JMA May 30, 2022 တွင် ပြန်စစ်ပြီး။
  8. Gero population statistics