ဂေါစရရုပ်

ဝီကီပီးဒီးယား မှ

ဂေါစရရုပ် သည် စက္ခုဝိညာဏ် စ ​သော ပဉ္စဝိညာဏ်တို့၏ ကျက်စားရာ အာရုံမျိုးကို ဆိုလိုသည်။ ဂေါစရရုပ် (၄) မျိုး ရှိ၏။ ၎င်းတို့မှာ

(၁) ရူပါရုံ − အဆင်း၊

(၂) သဒ္ဒါရုံ − အသံ၊

(၃) ဂန္ဓာရုံ − အနံ့၊

(၄) ရသာရုံ − အချို၊ အချဉ် စသော အရသာမျိုး တို့ဖြစ်ကြသည်။

ဖောဋ္ဌဗ္ဗာရုံ ကျန်ရှိသည်မှာ မဟာဘုတ်ကြီးလေးပါး ပါဝင်ပြီးဖြစ်၍ ကျန်ရှိလေသည်။ ပထဝီဖောဋ္ဌဗ္ဗ၊ တေဇောဖောဋ္ဌဗ္ဗ၊ ဝါယောဖောဋ္ဌဗ္ဗ ဟူ၍ ဖောဋ္ဌဗ္ဗာရုံ သုံးပါးပင် ရှိ၏။ ဤဖောဋ္ဌဗ္ဗာရုံကို ထည့်လျှင် ဂေါစရရုပ်ငါးပါး ဖြစ်၏။ ထိုငါးပါးတို့တွင် ရူပါရုံသည် စက္ခု ၏ အာရုံ ဖြစ်သည်။ သဒ္ဒါရုံသည် သောတ၏ အာရုံဖြစ်သည်။ ဂန္ဓာရုံသည် ဃာန၏ အာရုံ ဖြစ်သည်။ ရသာရုံသည် ဇိဝှါ၏ အာရုံ ဖြစ်သည်။ ဖောဋ္ဌဗ္ဗာရုံသည် ကာယ၏ အာရုံ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၂၃။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)