ဂူချီ
![]() Gucci NYC Flagship store | |
အမျိုးအစား | လုပ်ငန်းခွဲ (အစုရှယ်ယာကုမ္ပဏီ) |
---|---|
လုပ်ငန်း | ဖက်ရှင် |
တည်ထောင်သူများ | Guccio Gucci |
ဌာနချုပ် | အီတလီနိုင်ငံ 50123 ဖလော်ရင့်မြို့ Via Tornabuoni 73/R 43°46′17″N 11°15′04″E / 43.77139°N 11.25111°E |
တည်နေရာ | ၅၂၈ ဆိုင် (၂၀၂၂) |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတဝှမ်း |
အရေးပါ ပုဂ္ဂိုလ်များ | |
ဝင်ငွေ | € ၉.၉ ဘီလီယံ (၂၀၂၃) |
အလုပ်သမားဦးရေ | ၂၀,၇၁၁ ဦး (၂၀၂၂) |
မိခင်ကုမ္ပဏီ | Kering |
ဂူချီ (အင်္ဂလိပ်: Gucci[မှတ်စု ၁][မှတ်စု ၂]) ဟူသော အမှတ်တံဆိပ်အမည်ဖြင့် လူသိများသော ဂူချီအို ဂူချီ အီတလီ အစုရှယ်ယာကုမ္ပဏီ (Guccio Gucci S.p.A)[၃][၄] သည် အီတလီနိုင်ငံ၊ ဖလော်ရင့်မြို့အခြေစိုက် အီတလီ တန်ဖိုးကြီး ဖက်ရှင် လုပ်ငန်းတစ်ခုဖြစ်၏။[၅][၆][၇] ၎င်း၏ထုတ်ကုန်များအနေဖြင့် လက်ကိုင်အိတ်များ၊ ရယ်ဒီမိတ် အဝတ်အထည်များ၊ ဖိနပ်များ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများ ပါဝင်သည်။ အမွှေးနံ့သာနှင့် အလှကုန်များအတွက် Coty ကုမ္ပဏီအား ဂူချီ ဗျူးတီး (Gucci Beauty) ဟူသောအမည်နှင့် ၎င်း၏အမှတ်တံဆိပ်ကို လိုင်စင်ထုတ်ပေးထားသည်။[၈]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဂူချီကို ၁၉၂၁ ခုနှစ်တွင် ဂူချီအို ဂူချီ (Guccio Gucci) ဆိုသူမှ ဖလော်ရင့်မြို့တွင် စတင်တည်ထောင်ခဲ့သည်။ ဂူချီအို၏သားဖြစ်သူ အယ်ဒို ဂူချီ (Aldo Gucci) အုပ်ချုပ်ခဲ့သည့် အီတလီ စီးပွားရေး ဦးမော့ခဲ့သည့် ကာလ ၁၉၅၈ မှ ၁၉၆၃ ခုနှစ်များအတွင်းတွင် Gucci သည် ၎င်းခေတ်၏ စည်းစိမ်ချမ်းသာမှု သင်္ကေတပြယုဒ်တစ်ခုဖြစ်လာခဲ့ပြီး ကမ္ဘာတစ်ဝန်း၌လည်း နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်လာခဲ့သည်။ ၁၉၈၀ ခုနှစ်နောက်ပိုင်း မိသားစုအတွင်း ပြဿနာများဖြစ်ပွားခဲ့ရာ ၁၉၉၃ ခုနှစ်အရောက်တွင် လုပ်ငန်းများအားလုံး ရပ်ဆိုင်းခဲ့ရသည်။ ထိုအကျပ်အတည်းကာလအပြီးတွင် လုပ်ငန်းများပြန်လည် လည်ပတ်လာခဲ့ရာ ၁၉၉၉ ခုနှစ်တွင် Gucci သည် ပြင်သစ်လုပ်ငန်းစု PPR (Kering) ၏ လက်အောက်ခံလုပ်ငန်းခွဲ တစ်ခုဖြစ်လာခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ဂူချီသည် ဝန်ထမ်းဦးရေ ၂၀,၇၁၁ ဦးဖြင့် ကမ္ဘာတဝှမ်း စတိုးဆိုင်ပေါင်း ၅၃၈ ဆိုင်ဖွင့်လှစ်ထားပြီး ရောင်းရငွေ ယူရို ၉.၉ ဘီလီယံ ရရှိခဲ့သည်ဟု သိရသည်။[၉] စတက်ဖန်နို ကန်တီနိုသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစ၍ ဂူချီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့သည်။[၁၀][၁၁][၁၂]
- ဓာတ်ပုံများ
-
ဂူချီ ဘန်ဘူး လက်ကိုင်အိတ်
-
ဂူချီ ဝတ်စုံ
-
ဂူချီ စုံတွဲဝတ်စုံများ
မှတ်စု
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Can Gucci Find Its Cool Again? The luxury brand’s incoming CEO will have to reverse a sales slump, but Gucci’s history shows the company is no stranger to dramatic turnarounds.။ Bloomberg (January 3, 2025)။
- ↑ Gucci taps Stefano Cantino as CEO Vogue Business
- ↑ Guccio Gucci S.p.A. (in en-US)။
- ↑ Corporate Information | Gucci Official Site United States။
- ↑ A new name for a new identity။ 1 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Why Did PPR Change Its Name to Kering? (3 April 2013)။ 1 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Alexander McQueen and Gucci Group appoint Sarah Burton as Creative Director။ 20 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Turning around Coty: Why existing brands, not M&A, is the ambition (in en-US) (2022-05-06)။ 2023-01-07 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Gucci owner Kering profits slump in 'trying year' (in en) (2024-02-08)။ 2024-03-30 တွင် ပြန်စစ်ပြီး။
- ↑ "Gucci names De Sarno as creative director with task of reviving brand" (in en)၊ 2023-01-28။ 20 January 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 22 October 2023။
- ↑ Gucci names Stefano Cantino as CEO (in en-US) (2024-10-08)။ 2024-10-22 တွင် ပြန်စစ်ပြီး။
- ↑ Gucci dévoile sa première collection masculine signée Sabato De Sarno။ 29 February 2024 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်များ
- ရေမွှေးဖော်စပ်ထုတ်လုပ်သည့် အိမ်တော်များ
- ခရီးဆောင်အိတ် ထုတ်လုပ်သူများ
- တန်ဖိုးကြီး ဖက်ရှင် အမှတ်တံဆိပ်များ
- ဖက်ရှင် အသုံးအဆောင် အမှတ်တံဆိပ်များ
- အိတ်များ (ဖက်ရှင်)
- အီတလီနိုင်ငံ၏ ကုမ္ပဏီများ
- လက်ပတ်နာရီ ထုတ်လုပ်ရေး ကုမ္ပဏီများ
- လက်ဝတ်ရတနာ ကုမ္ပဏီများ
- ဖိနပ် ကုမ္ပဏီများ
- အဝတ်အစား အမှတ်တံဆိပ်များ
- အဝတ်အစား ကုမ္ပဏီများ
- မျက်မှန် အမှတ်တံဆိပ်များ
- ဒီဇိုင်း ကုမ္ပဏီများ