မြန်မာနိုင်ငံတွင် ချီးမြှင့်သော အဆောင်အယောင်၊ ဘွဲ့၊ တံဆိပ်များ

ဝီကီပီးဒီးယား မှ

၁၉၄၉ ခုနှစ်မှ ၁၉၇၉ ခုနှစ်[ပြင်ဆင်ရန်]

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၃၊ ပုဒ်မခွဲ (ဎ) နှင့် နိုင်ငံတော်ကောင်စီ ဥပဒေ ပုဒ်မ ၂ဝ တို့အရ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ကို ၁၉၇၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ယင်းပြဋ္ဌာန်းချက်နှင့်အညီ ဆိုရှယ်လစ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရာတွင် ဆိုရှယ်လစ်စနစ် အောင်မြင်စွာ တည်ဆောက်ရေးအတွက် ရှေ့ဆောင်ရှေ့ရွက် ပြုသည့် ပုဂ္ဂိုလ်များအားလည်းကောင်း၊ ဆိုရှယ်လစ် စီးပွားရေးစနစ် တိုးတက်ဖြစ်ပေါ်မှုအတွက် ကုန်ထုတ်လုပ်မှု မြင့်မားရေးအပိုင်းတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သည့် ပုဂ္ဂိုလ်များအားလည်းကောင်း၊ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်သည့် ပုဂ္ဂိုလ်များအား လည်းကောင်း၊ နိုင်ငံခြား ခေါင်းဆောင်များ သံတမန် များအားလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ဆိုင်ရာ ပြဋ္ဌာန်းချက်ပါ အချက်အလက်များနှင့် ညီညွတ်ပါကစွမ်းဆောင်မှုအတွက်ဖြစ်စေ၊ စွမ်းရည်သတ္တိ အတွက်ဖြစ်စေနိုင်ငံတော်က ထိုက်တန်သော ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များကို ချီးမြှင့် အပ်နှင်းမည် ဖြစ်လေသည်။

၁၉၄၉ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ နိုင်ငံတော်က ချီးမြှင့်သော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားကို ၁၉၇၉ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့တွင် ရန်ကုန်မြို့၊ အလုံလမ်း သမ္မတအိမ်တော်ဝင်း အတွင်းရှိ ဗဟိုအစည်းအဝေး ခန်းမတွင်ကျင်းပသည်။ ဂုဏ်ထူးဆောင် ဘွဲ့များ နှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို နိုင်ငံတော် သမ္မတကြီး ဦးနေဝင်း ကိုယ်တိုင် ချီးမြှင့်အပ်နှင်းသည်။

ချီးမြှင့်အပ်နှင်းသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များမှာ

ဘွဲ့ / တံဆိပ် အရေအတွက်
သီဟသူရဘွဲ့
သူရဘွဲ့ ၁၃၉
သူရ(ဘား) တံဆိပ်
သီဟဗလ တံဆိပ်
စက်မှုစီးပွား ထူးချွန် တံဆိပ် (တတိယဆင့်)
ရဲသူရ တံဆိပ်
ရဲဗလ တံဆိပ်
ပြည်ထောင်စုရွှေတံဆိပ် (သူရသတ္တိ) ၁၀

စုစုပေါင်း ၁၆၅ ခုဖြစ်သည်။

သီဟသူရ ဘွဲ့ခုနစ်ခုကို ချီးမြှင့်အပ်နှင်းရာတွင် သုံးဦးက ကိုယ်တိုင်လက်ခံရယူပြီး ကျဆုံးသူလေးဦးအတွက် ၎င်းတို့၏မိဘ၊ ဇနီးများကလည်းကောင်း၊ သူရဘွဲ့များကို ၆၆ ဦးက ကိုယ်တိုင်လက်ခံရယူပြီး ကွယ်လွန်သူ သုံးဦးနှင့်ကျဆုံးသူ ၇ဝ တို့အတွက် ၎င်းတို့၏ မိဘ၊ ဇနီး၊ သားသမီးများနှင့် အနီးစပ်ဆုံးဆွေမျိုးများက၎င်း၊ သူရ(ဘား) တံဆိပ်ကို ရရှိသူကကိုယ်တိုင်လက်ခံရယူပြီး၊ သီဟဗလတံဆိပ်ကို ကျဆုံးသူ၏ဇနီးက၎င်း အသီးသီးလက်ခံ ရယူခဲ့သည်။


စက်မှုစီးပွားထူးချွန်တံဆိပ် (တတိယဆင့်) နှင့် ရဲသူရတံဆိပ်တို့ကို တံဆိပ်ရရှိသူကိုယ်တိုင် လက်ခံ ရယူသည်။ ရဲဗလတံဆိပ်လေးခုအနက် သုံးခုကို တံဆိပ်ရရှိသူများက ကိုယ်တိုင် လက်ခံယူပြီး ကျန်တစ်ခုကို ကွယ်လွန်သူ၏ မိဘက ရယူသည်။ ပြည်ထောင်စုရွှေတံဆိပ် (သူရသတ္တိ) ရရှိသူဆယ်ဦးအနက် ကျဆုံးသူသုံးဦးအတွက် ၎င်းတို့၏ ဇနီးများက လက်ခံရ ယူပြီး ကျန်ခုနစ်ဦးက ကိုယ်တိုင်လက်ခံ ရယူခဲ့လေသည်။[၁]

၁၉၈၁ ခုနှစ်[ပြင်ဆင်ရန်]

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၃၊ ပုဒ်မခွဲ (ဃ)နှင့် နိုင်ငံတော်ကောင်စီ ဥပဒေပုဒ်မ ၂ဝ တို့အရ နိုင်ငံတော်ကောင်စီသည် ဂုဏ်ထူး ဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် ပြဋ္ဌာန်းချက်နှစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ပြဋ္ဌာန်းချက်တစ်ရပ်မှာ ဆိုရှယ်လစ်ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်ရာတွင် ဆိုရှယ်လစ်စနစ် တည်ဆောက်ရေးအတွက် ရှေ့ဆောင်ရှေ့ရွက်ပြုသည့် ပုဂ္ဂိုလ်များ၊ ဆိုရှယ်လစ် စီးပွားရေး စနစ် တိုးတက်ဖြစ်ပေါ်မှုအတွက် ကုန်ထုတ်လုပ်မှု မြင့်မားစေ ရေးအပိုင်းတွင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သည့် ပုဂ္ဂိုလ်များ၊ ဆိုရှယ်လစ်ဒီမိုကရေစီ ထွန်းကားရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သည့်ပုဂ္ဂိုလ်များအား ၎င်းတို့နှင့် ထိုက်တန်သည့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရန် ထုတ်ပြန်ခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ဖြစ်သည်။ အခြားပြဋ္ဌာန်းချက်တစ်ရပ်မှာ မြန်မာ့သမိုင်း၌ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အကျိုးအတွက် ကိုယ်ကျိုးမဖက် အနစ်နာခံ၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များအနက်မှ အသက်မသေပဲ သက်ရှိထင်ရှားရှိနေကြသေးသော ပုဂ္ဂိုလ်ကြီးများအား ဂုဏ်ပြုချီးမြှင့်ရန်အတွက် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်ဖြစ်လေသည်။


ယင်းပြဋ္ဌာန်းချက်များနှင့်အညီ ၁၉၈၁ ခုနှစ်အတွင်း နိုင်ငံတော်ကောင်စီမှ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်ဦးရေ စုစုပေါင်း ၈ဝ၂ဝ ဦးရှိသည်။


၁၉၈၁ ခုနှစ်အတွင်း ချီးမြှင့်အပ်နှင်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို အမျိုးအစားလိုက် အောက်ပါအတိုင်း ခွဲခြားတွေ့ရှိရလေသည်။

ဘွဲ့၊ တံဆိပ်အမျိုးအစား ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်ဦးရေ

ဘွဲ့ / တံဆိပ် အရေအတွက်
အောင်ဆန်းတံခွန်ဘွဲ့
နိုင်ငံ့ဂုဏ်ရည်(ပထမဆင့်) ၆၆
နိုင်ငံ့ဂုဏ်ရည်(ဒုတိယဆင့်) ၈၉
သီဟသူရဘွဲ့
သူရဘွဲ့ ၁၆
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၅၈
လယ်ယာစီးပွားထူးချွန်တံဆိပ် (တတိယဆင့်)
စက်မှုစီးပွားထူးချွန်တံဆိပ် (တတိယဆင့်)
လူမှုထူးချွန်တံဆိပ် (ပထမဆင့်)
လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်)
လူမှုထူးချွန်တံဆိပ် (တတိယဆင့်) ၃၈
ရဲသူရတံဆိပ်
ရဲဗလတံဆိပ်
ရဲကျော်သူတံဆိပ်
စစ်မှုထမ်းကောင်းတံဆိပ် ၇၇၃၂

စုစုပေါင်း ၈ဝ၂ဝ

၁၉၈၁ ခုနှစ်တွင် အောင်ဆန်းတံခွန်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်း ခံရသူ ပုဂ္ဂိုလ်ရှစ်ဦးရှိခဲ့ရာ၊ ယင်းတို့တွင် ဂျပန် အမျိုးသမီး တစ်ဦး၊ ဂျပန်အမျိုးသားခြောက်ဦးနှင့် ဗြိတိန် နိုင်ငံသားတစ်ဦး တို့ ပါဝင်သည်ကို အောက်ပါအတိုင်း တွေ့ရှိရလေသည်။

  1. ကွယ်လွန်သူ ဗိုလ်မိုးကြိုး၏ဇနီး မစ္စက် မီဆိုင်ကိုယုစုဇူကီး၊
  2. မစ္စတာ မိစုရုဆူဂီး၊
  3. မစ္စတာ အီနာမို မီဇူထနီ၊
  4. မစ္စတာ တကဲနော ဘုကာဝါရှီမာ၊
  5. မစ္စတာ ထက်စူရော အိဇုမီယ၊
  6. မစ္စတာ ဟချီရော စူဇူကီး (ခေါ်) မစ္စတာ ဟချီရေ အာကအိ၊
  7. မစ္စတာ ဟချီရော တကာဟာရှီ (ခေါ်) မစ္စတာ ဟချီရော ကီတာဂျီးမား၊
  8. မစ္စတာ အာသာ ဂျော့ဘော်တွမ်လီ။

ဤသို့ ဂျပန်နှင့် ဗြိတိန်နိုင်ငံသားများ ပါဝင်ခြင်းသည် ၁၉၈၁ ခုနှစ်၏ ထူးခြားချက်ဖြစ်သည်။

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ အလုံလမ်း၊ သမ္မတ အိမ်တော်ဝင်းအတွင်းရှိ ဗဟိုအစည်းအဝေးခန်းမဆောင်တွင် ၁၉၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် စတင်ကျင်းပရာ နိုင်ငံတော်သမ္မတကြီး ဦးနေဝင်း ကိုယ်တိုင် ဘွဲ့၊ တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့လေသည်။ ထိုအခမ်းအနားတွင် ၁၉၈၁ ခုနှစ်အတွင်း ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ် နှင်းခြင်းခံရသူများအား၎င်း၊ ၁၉၅၄ ခုနှစ်မှ ၁၉၈ဝ ပြည့်နှစ်အတွင်း စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်ခြင်းခံရသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်ခံရယူနိုင်ခဲ့ခြင်းမရှိသေးသော ပုဂ္ဂိုလ်များအား၎င်း ချီးမြှင့်အပ်နှင်းခြင်းပြုသည်။

၁၉၈၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကျင်းပသည့် အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို လက်ခံရယူကြသည့် ပုဂ္ဂိုလ်များ ဦးရေသည် အောက်ပါအတိုင်း ဖြစ်သည်။ ဘွဲ့တံဆိပ်အမျိုးအစား ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်ဦးရေ

အောင်ဆန်းတံခွန်ဘွဲ့ ၇
သီဟသူရဘွဲ့ ၃
သူရဘွဲ့ ၃၂
ရဲသီဟတံဆိပ် ၄
ရဲသူရတံဆိပ် ၂
ရဲဗလတံဆိပ် ၂
စုစုပေါင်း ၅ဝ


နိုင်ငံ့ဂုဏ်ရည်ဘွဲ့၊ လယ်ယာစီးပွားထူးချွန်တံဆိပ်၊ စက်မှု စီးပွားထူးချွန်တံဆိပ်နှင့် လူမှုထူးချွန်တံဆိပ်၊ ရဲကျော်စွာတံဆိပ်၊ ရဲကျော်သူတံဆိပ်တို့ဖြင့် ချီးမြှင့်ခြင်းခံရသည့် ပုဂ္ဂိုလ်များကို သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းပြည်သူ့ကောင်စီ ဥက္ကဋ္ဌများက နိုင်ငံတော်သမ္မတကြီးကိုယ်စား အခမ်းအနားဖြင့် ချီးမြှင့်အပ်နှင်း ခြင်းပြုသည်။

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်နှင့် စစ်မှုထမ်းကောင်း တံဆိပ် ချီးမြှင့်ခြင်းခံရသည့် တပ်မတော်သားများအား ကာကွယ်ရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ဂုဏ်ပြုခဲ့လေသည်။ [၂]

၁၉၈၂ ခုနှစ်[ပြင်ဆင်ရန်]

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (ဎ)တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအရ အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်နှင့် အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော် များ ဆက်ကပ် လှူဒါန်းခြင်းခံရသည့် ဆရာတော်ကြီးများ၏ ဘွဲ့အမည်များကို အမိန့်ကြော်ငြာစာအမှတ် (၁/၈၂)ဖြင့် လည်း ကောင်း၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)နှင့် နိုင်ငံဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်)အပ်နှင်းခြင်း ခံရသည့် ပုဂ္ဂိုလ်များ၏ အမည်များကို အမိန့်ကြော်ငြာစာ အမှတ် (၂/၈၂)ဖြင့် လည်းကောင်း၊ ဂုဏ်ထူး ဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ အပ်နှင်းခြင်း ခံရသည့် စစ်မှုထမ်းများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်း များနှင့် လုပ်သားပြည်သူများ၏အမည်များကို အမိန့် ကြော်ငြာစာအမှတ် (၃/၈၂)ဖြင့် လည်းကောင်း၊ စစ်မှုထမ်း ဟောင်း တံဆိပ်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်များ၏အမည် များကို အမိန့် ကြော်ငြာစာ အမှတ် (၄/၈၂)ဖြင့် လည်းကောင်း ၁၉၈၂ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့ ၃၄ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဖော်ပြပါ နိုင်ငံတော်ကောင်စီ၏ အမိန့်ကြော်ငြာစာများအရ ၁၉၈၂ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ် များ ဆက်ကပ်ခြင်းခံရသည့် ဆရာတော်ကြီးများနှင့် အပ်နှင်း ခြင်းခံရသည့် လူပုဂ္ဂိုလ် ဦးရေသည် စုစုပေါင်း ၈၁၇၂ ဦး ဖြစ်သည်။ ယင်းတို့ကို ဖော်ပြပါအတိုင်း အမျိုးအစားအလိုက် ခွဲခြား၍ တွေ့ရှိရသည်။

ဘွဲ့တံဆိပ်အမျိုးအစား ချီးမြှင့်အပ်နှင်းခြင်း ခံရသည့် ပုဂ္ဂိုလ်ဦးရေ

သာသနာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော်များ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ၁ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ၄

နိုင်ငံ့ဂုဏ်ရည်ဘွဲ့များ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ၁၉ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ၁

သူရသတ္တိဆိုင်ရာ ဘွဲ့နှင့်တံဆိပ်များ သီဟသူရဘွဲ့ ၁ သူရဘွဲ့ ၇ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၇၈

ပြည်သူ့ရဲတပ်ဖွဲ့ဆိုင်ရာ တံဆိပ်များ ရဲဗလတံဆိပ် ၁ ရဲကျော်သူတံဆိပ် ၁

စွမ်းဆောင်မှုတံဆိပ်များ လယ်ယာစီးပွားထူးချွန်တံဆိပ် (တတိယဆင့်) ၅ လူမှုထူးချွန်တံဆိပ် (တတိယဆင့်) ၄

စစ်မှုထမ်းကောင်းတံဆိပ် အငြိမ်းစားစစ်မှုထမ်း (အရှာရှိ) ၃၁ဝ အငြိမ်းစားစစ်မှုထမ်း (စစ်သည်) ၂၂၅၅ စစ်မှုထမ်းဆဲ စစ်မှုထမ်း (အရာရှိ) ၆၂၉ စစ်မှုထမ်းဆဲ စစ်မှုထမ်း (စစ်သည်) ၄၈၅၆ စုစုပေါင်း ၈၁၇၂ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းသည့် အခမ်းအနားကို ၁၉၈၂ ခုနှစ် ဧပြီလ ၁ဝ ရက် နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ အလုံလမ်း၊ သမ္မတ အိမ်တော်ဝင်းအတွင်းရှိ ဗဟိုအစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတကြီးဦးစန်းယု တက်ရောက်၍ ဘွဲ့တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။

ယင်းအခမ်းအနားတွင် ၁၉၄၉ ခုနှစ်မှ ၁၉၈၁ ခုနှစ်အတွင်း စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခြင်း ခံရသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့တံဆိပ်များ လက်ခံရယူနိုင်ခဲ့ခြင်း မရှိကြသေးသော ပုဂ္ဂိုလ်များနှင့် အမွေစား အမွေခံများအားလည်းကောင်း၊ ၁၉၈၂ ခုနှစ်တွင် စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြင့် ချီးမြှင့်ခြင်းခံရသော ပုဂ္ဂိုလ် များနှင့် အမွေစားအမွေခံများအားလည်းကောင်း အောက် ဖော်ပြပါ ဘွဲ့၊ တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့လေသည်။ အောင်ဆန်းသူရိယဘွဲ့ ၁ ဦး သီဟသူရဘွဲ့ ၅ ဦး သူရဘွဲ့ ၃၃ ဦး စုစုပေါင်း ၃၉ ဦး ယင်းအခမ်းအနားတွင် ဘွဲ့၊ တံဆိပ် ချီးမြှင့်ခြင်းကို ခံရ သည့် ပုဂ္ဂိုလ်များမှာ ဖော်ပြပါအတိုင်း ဖြစ်သည်။

ချီးမြှင့်သည့်ဘွဲ့ ချီးမြှင့်သည့်ခုနှစ် ချီးမြှင့်ခံရသူ
အောင်ဆန်းသူရိယဘွဲ့ ၁၉၅၂ စောဘရီ (ကျဆုံး)
သီဟသူရဘွဲ့ ၁၉၄၉ ဒုတိယဗိုလ် ကိုကြီး (ကွယ်လွန်)
သီဟသူရဘွဲ့ ၁၉၅၀ တပ်ကြပ် ခင်မြင့် (ကျဆုံး)
သီဟသူရဘွဲ့ ၁၉၅၂ ဦးကျော်သိန်း (ကျဆုံး)
သီဟသူရဘွဲ့ ၁၉၅၆ တပ်သား တင်ညွန့် (ကျဆုံး)
သီဟသူရဘွဲ့ ၁၉၈၂ ဗိုလ်ကြီး ဌေးမြင့် (ကျဆုံး)
သူရဘွဲ့ ၁၉၄၉ တပ်သား ခန်ဂထဂမ် (ကွယ်လွန်)
သူရဘွဲ့ ၁၉၅၀ ဗိုလ်ကလားရင့်ဂျွန်ဟောက်ဆန်း(ကျဆုံး)
သူရဘွဲ့ ၁၉၅၀ တပ်သား မန်တန် (ကျဆုံး)
သူရဘွဲ့ ၁၉၅၀ တပ်သား လင်ခူအွမ်း (ကျဆုံး)
သူရဘွဲ့ ၁၉၅၀ တပ်သား သောင်းဇံ (ကျဆုံး)
သူရဘွဲ့ ၁၉၅၀ တပ်သား သောင်းနိုင် (ကျဆုံး)
သူရဘွဲ့ ၁၉၅၁ ဗိုလ်ချစ်ဆွေ (ကျဆုံး)
သူရဘွဲ့ ၁၉၅၁ တပ်ကြပ်ကြီး ချန်ပီရင်း (ကျဆုံး)
သူရဘွဲ့ ၁၉၅၁ တပ်သား ဝင်းမောင် (ကျဆုံး)
သူရဘွဲ့ ၁၉၅၁ တပ်သား တင်မောင် (ကျဆုံး)
သူရဘွဲ့ ၁၉၅၁ တပ်သား တင်ရွှေ (ကျဆုံး)
သူရဘွဲ့ ၁၉၅၁ တပ်သား မောင်မောင် (ကျဆုံး)
သူရဘွဲ့ ၁၉၅၁ တပ်သား မောင်သောင်း (ကျဆုံး)
သူရဘွဲ့ ၁၉၅၁ တပ်သား စံမလွတ်တူး (ကျဆုံး)
သူရဘွဲ့ ၁၉၅၂ တပ်ကြပ် ကရင်ထိန်နန်း (ကျဆုံး)
သူရဘွဲ့ ၁၉၅၂ တပ်ကြပ် စောအာတူး (ကျဆုံး)
သူရဘွဲ့ ၁၉၅၇ တပ်သား လှမောင် (ကျဆုံး)
သူရဘွဲ့ ၁၉၇၀ တပ်သား ရေအေး (ကျဆုံး)
သူရဘွဲ့ ၁၉၇၂ တပ်ခွဲတပ်ကြပ်ကြီး ထန်အဲရ် (ကျဆုံး)
သူရဘွဲ့ ၁၉၇၃ တပ်သား ကျော်မင်း (ကျဆုံး)
သူရဘွဲ့ ၁၉၇၇ ဒုတိယတပ်ကြပ် စံရှိန် (ကျဆုံး)
သူရဘွဲ့ ၁၉၇၈ တပ်ကြပ်ကြီး တင်ရွှေ (ကျဆုံး)
သူရဘွဲ့ ၁၉၇၈ တပ်သား ထွေးမောင် (ကျဆုံး)
သူရဘွဲ့ ၁၉၇၈ တပ်သား စံကျင် (ကျဆုံး)
သူရဘွဲ့ ၁၉၇၉ တပ်ကြပ် ခင်မောင် (ကျဆုံး)
သူရဘွဲ့ ၁၉၈၂ ဗိုလ်ကြီး ရွှေလှ (ကျဆုံး)
သူရဘွဲ့ ၁၉၈၂ တပ်သား ခင်မောင်ဦး (ကျဆုံး)
သူရဘွဲ့ ၁၉၈၂ ဒုတိယအရာခံဗိုလ် ထွန်းရှိန် (ကျဆုံး)
သူရဘွဲ့ ၁၉၈၂ တပ်သားမောင်ညို (ကျဆုံး)
သူရဘွဲ့ ၁၉၈၂ တပ်သားလှမြင့် (ကျဆုံး)
သူရဘွဲ့ ၁၉၈၂ တပ်သားသောင်းတင်
သူရဘွဲ့ ၁၉၈၂ တပ်သား ညွန့်ငွေ (ကျဆုံး)

ပြည်သူ့ဝန်ထမ်းများဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ နိုင်ငံတော် လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိလျက် ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာနှင့် အပြစ်ကင်းစင်စွာ ထမ်းဆောင်လျက်ရှိသော ပြည်သူ့ ဝန်ထမ်းများအား ချီးမြှင့် အပ်နှင်းရန်အတွက် နိုင်ငံတော်ကောင်စီသည် ၁၉၈၂ ခုနှစ် ဇန္နဝါရီလ ၂၈ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၈)နှင့် ၁၉၈၂ ခုနှစ် ဇူလိုင်လ ၁၂ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၄၇/၈၂)တို့ကို ထုတ်ပြန်၍ အောက်ဖော်ပြပါ ပြည်သူ့ဝန်ထမ်းများဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များကိုလည်းကောင်း၊ ယင်းတံဆိပ်များအတွက် ပြည့်စုံ ရမည့် အရည်အချင်း သတ်မှတ်ချက်များကို လည်းကောင်း ပြဋ္ဌာန်းခဲ့သည်။ ၁။ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ ၂။ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်၊ ၃။ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်။ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်အတွက် ပြည်သူ့ဝန်ထမ်း တစ်ဦးတွင် ပြည့်စုံရမည့် အရည်အချင်း သတ်မှတ်ချက် သုံးရပ်ရှိသည်။ ယင်းတို့မှာ- (၁) နိုင်ငံတော် လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင် အကျင့်စာရိတ္တ ကောင်းမွန်စွာဖြင့် တာဝန်ဝတ္တရား များကို ကာလကြာမြင့်စွာနှင့် ကျေပွန်စွာ ထမ်းဆောင် ပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေ လျက် ဂုဏ်ပြုလောက်အောင် ကြိုးပမ်းဆောင်ရွက် သည့် အမှုထမ်းသက် အနည်းဆုံး ၂၅ နှစ် ရှိသော အောက်ဖော်ပြပါ ဝန်ထမ်းများဖြစ်ခြင်း-

(က) အငြိမ်းစားဝန်ထမ်းများ အပါအဝင် ပြည်သူ့ ဝန်ထမ်းများဖြစ်ခြင်း၊ (ခ) မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အငြိမ်းစား ပါတီဝန်ထမ်များ အပါအဝင် ပါတီဝန် ထမ်းများဖြစ်ခြင်း။

(၂) အမှုထမ်းခဲ့သည့် ကာလအတွင်းပြစ်မှုလုံးဝကင်းရှင်း သူဖြစ်ခြင်း၊ (၃) ပြဋ္ဌာန်းခွင့်ပြုထားသည့်အမှတ်ပေးစနစ်အရစုစုပေါင်း အနည်းဆုံး အမှတ် ၃ဝ ရရှိခြင်းတို့ဖြစ်ပြီး ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခြင်းခံရသည့် ပြည်သူ့ ဝန်ထမ်းသည် တလုံးတခဲတည်း ချီးမြှင့်ငွေ ကျပ် သုံးထောင်တိတိကို ခံစားခွင့်ရှိသည်။

ခြွင်းချက်အနေဖြင့် စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့် အပ်နှင်းခြင်းခံရသော ဝန်ထမ်းနှင့် ရဲအမှုထမ်း ကောင်းတံဆိပ် ချီးမြှင့် အပ်နှင်းခြင်းခံရသော ဝန်ထမ်းတို့သည် ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်ကို လည်းကောင်း၊ တလုံးတခဲတည်း ချီးမြှင့် ငွေကို လည်းကောင်း ခံစားခွင့်မရှိချေ။ ပြည်သူ့ဝန်ထမ်းတံဆိပ်ကို အောက်ဖော်ပြပါ အရည်အချင်း သတ်မှတ်ချက်သုံးရပ်ဖြင့် ညီညွတ်ပြည့်စုံသူအား အပ်နှင်းမည် ဖြစ်သည်။

(၁) နိုင်ငံတော် လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့ရာ၌ အမှုထမ်းသက် အနည်းဆုံး ၁၅ နှစ်ရှိသော အောက်ပါဝန်ထမ်းများဖြစ်ခြင်း-

(က) အငြိမ်းစား ဝန်ထမ်းများအပါအဝင် ပြည်သူ့ဝန်ထမ်းများ ဖြစ်ခြင်း၊ (ခ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အငြိမ်းစား ပါတီဝန်ထမ်းများ အပါအဝင် ပါတီဝန်ထမ်းများ ဖြစ်ခြင်း၊

(၂) တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍ အလုပ်တာဝန်ကို ထူးကဲ စွာ ထမ်းဆောင်ခဲ့ခြင်း၊ (၃) အမှုထမ်းခဲ့သည့် ကာလအတွင်း ပြစ်မှုလုံးဝကင်းရှင်း သူ ဖြစ်ခြင်း။

ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေး တံဆိပ်ကို ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ နိုင်ငံတဝန်းလုံး၌ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ပြည်သူ့ဝန်ထမ်းအဖြစ် အနည်းဆုံး နှစ်နှစ်တာဝန်ထမ်းခဲ့သည့် အောက်ဖော်ပြပါ ဝန်ထမ်း အမျိုး အစားများတွင် အပါအဝင်ဖြစ်သူ ဝန်ထမ်းများအား ချီးမြှင့်မည် ဖြစ်သည်။ (၁) အငြိမ်းစား ဝန်ထမ်းများ အပါအဝင် ပြည်သူ့ဝန်ထမ်း များ ဖြစ်ခြင်း၊

(၂) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အငြိမ်းစားပါတီ ဝန်ထမ်းများ အပါအဝင် ပါတီဝန်ထမ်းများ ဖြစ်ခြင်း[၃]


နိုင်ငံတော်သည် ဗုဒ္ဓဘာသာ၊ ပိဋကတ် ကျမ်းဂန်၊ စာပေ ပရိယတ်အရာတို့၌ ထူးချွန်ပြောင်မြောက်၍ အကျင့်သီလသိက္ခာ နှင့် ပြည့်စုံသည့် ရဟန်းပုဂ္ဂိုလ်များ၊ ဆိုရှယ်လစ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး၊ ဆိုရှယ်လစ် စီးပွားရေးစနစ် တိုး တက်ဖြစ်ပေါ်ရေးနှင့် နိုင်ငံတော် ကာကွယ်စောင့်ရှောက်ရေးတို့ တွင် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်သူများနှင့် အသက် ကို ပဓာနမထားဘဲ သက်စွန့်ကြိုးပမ်းဆောင်ရွက်သည့် ပုဂ္ဂိုလ် များ၊ နိုင်ငံတော် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် စစ်မှန်သော စေတနာဖြင့် ကိုယ်ကျိုးမဖက် အနစ်နာခံ၍ ထူးခြား ပြောင် မြောက်စွာ ကြိုးပမ်းလုပ်ဆောင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံ တော်၏ ကျေးဇူးသစ္စာကို စောင့်သိလျက် ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာနှင့် အပြစ်ကင်းစင်စွာ ထမ်းဆောင်လျက်ရှိသော ပြည်သူ့ဝန်ထမ်းများအား ထိုက်သင့် သည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂိုဏ်ထူးဆောင်တံဆိပ်များကို နှစ်စဉ် ချီးမြှင့်အပ်နှင်းခြင်း ပြုသည်။

နိုင်ငံတော်က ၁၉၈၃ ခုနှစ်အတွင်း ရဟန်းပုဂ္ဂိုလ် ခြောက် ပါးနှင့် လူပုဂ္ဂိုလ် ၅ဝ၁၉ ဦး၊ စုစုပေါင်း ၅ဝ၂၅ ဦးတို့အား ချီးမြှင့်အပ်နှင်းခဲ့သော ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူး ဆောင် တံဆိပ်များကို အမျိုးအစားအလိုက် ဖော်ပြပါအတိုင်း ခွဲခြား တွေ့ရှိရသည်။

အပ်နှင်းသည့် ဘွဲ့တံဆိပ်အမျိုးအစား ဦးရေ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ၁ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ၅ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ၁ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ၇၇ သီဟသူရဘွဲ့ ၁ သူရဘွဲ့ ၇ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၇၆ ရဲသီဟတံဆိပ် ၁ ရဲဗလတံဆိပ် ၄ ရဲကျော်စွာတံဆိပ် ၂ ရဲကျော်သူတံဆိပ် ၇ စက်မှုစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်) ၁ စီမံထူးချွန်တံဆိပ် (တတိယဆင့်) ၃ လူမှုထူးချွန်တံဆိပ်(ဒုတိယဆင့်) ၁ လူမှုထူးချွန်တံဆိပ်(တတိယဆင့်) ၁၉ စစ်မှုထမ်းကောင်းတံဆိပ် ၄၁ဝ၈ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ၃ ပြည်သူ့ဝန်ထမ်းတံဆိပ် ၃၅၄ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစမိုးမိုးရေးတံဆိပ် ၃၅၄ စုစုပေါင်း ၅ဝ၂၅ ဖော်ပြပါအတိုင်း ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူး ဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းရာတွင် နိုင်ငံတော် ကောင်စီက အမိန့်ကြော်ငြာစာ အမှတ် ၁/၈၃ ဖြင့် အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ပဲခူးတိင်း၊ ပဲခူးမြို့၊ မြို့မ စာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒစာရအား လည်း ကောင်း၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ဖော်ပြပါ ဆရာတော်ကြီး ငါးပါးတို့အားလည်းကောင်း ဆက်ကပ် လှူဒါန်းခဲ့သည်။

  1. ဘဒ္ဒန္တ အာစိဏ္ဏ၊ ဓမ္မပါရဂူကျောင်းတိုက် မုံရွာမြို့၊ စစ်ကိုင်းတိုင်း။
  2. ဘဒ္ဒန္တ ပဏ္ဍိစ္စ၊ ဗန္ဓုလကျောင်းတိုင်း မြောက်ဦးမြို့၊ ရခိုင်ပြည်နယ်။
  3. ဘဒ္ဒန္တ ကုသလ သာမီဘိဝံသ၊ မဟာဗောဓိကျောင်းတိုက်၊ သုံးခွမြို့၊ ရန်ကုန်တိုင်း။
  4. ဘဒ္ဒန္တ သိရီပဏ္ဍိတ၊ မောင်းထောင်ကျောင်းတိုက် ပုသိမ်မြို့၊ ဧရာဝတီတိုင်း။
  5. ဘဒ္ဒန္တ ဩဘာသာဘိဝံသ၊ ဖျာပုံတိုက်သစ်၊ သရက်တောကျောင်းတိုက် ရန်ကုန်တိုင်း။

နိုင်ငံ့ဂုဏ်ရည်ဘွဲ့[ပြင်ဆင်ရန်]

နိုင်ငံတော်ကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂ /၈၃ အရ နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမဆင့်)နှင့် နိုင်ငံ့ဂုဏ်ရည် ဘွဲ့(ဒုတိယဆင့်) ချီးမြှင့်ခြင်း ခံရသူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)[ပြင်ဆင်ရန်]

  1. ဦးပညာသီဟ

နိုင်ငံဂုဏ်ရည်ဘွဲ့(ဒုတိယဆင့်)[ပြင်ဆင်ရန်]

  1. သခင်မြ
  2. ဦးမြင့်ဆွေ
  3. သခင်ဗနီ
  4. ဦးဘိုးကျင်
  5. ဦးဒေါင်း
  6. ဦးမြဒင်
  7. ဦးကြည်
  8. ဦးမြင့်သန်း
  9. ဦးမြင့်
  10. ဦးစိုးလှိုင်
  11. ဦးညွန့်မောင်
  12. ဦးတင်မြတ်
  13. ဦးအုန်းစိန်
  14. ဦးလှရှိန်
  15. ဦးမောင်ကျော်
  16. ဦးအေးကြိုင်
  17. ဦးဘသန်း
  18. ဦးသန်းမောင်
  19. ဦးမောင်တင်
  20. ဦးကွန်း
  21. ဦးခင်မောင်လတ်
  22. ဦးတင်သိန်း
  23. ဦးဗသိုက်
  24. ဦးစိုးလှိုင်
  25. ဦးတိုက်စိုး
  26. ဦးသိုက်ပွား
  27. ဦးသိန်းဝင်း
  28. ဦးလှကြည်
  29. ဦးထွန်းလင်း
  30. ဦးကျော်
  31. ဦးညွန့်သိမ်း
  32. ဦးလှိုင်မြင့်
  33. ဦးကျော်မြင့်
  34. ဦးကြည်
  35. ဦးခင်မောင်ဦး (ခေါ်) ဦးမောင်မောင်
  36. ဦးဗအောင်
  37. ဦးလှဖေ
  38. ဦးချစ်ခင်
  39. ဦးကိုကိုကြီး
  40. ဦးညွန့်လှိုင်
  41. ဦးဘိုးကူ
  42. ဦးညီလေး
  43. ဦးအုန်းတင်
  44. ဦးကိုကြီး
  45. ဦးဘအောင်
  46. ဦးအောင်ညွန့်
  47. ဦးမြဟန်
  48. ဦးထွန်းမြိုင်
  49. ဦးမောင်ကြည်
  50. ဦးသန်းမောင်
  51. ဦးမြသန်း (ခေါ်) ဗိုလ်ထွန်းညို
  52. ဦးသိန်းမောင်
  53. ဦးဝင်းရှိန်
  54. ဦးသန်းနိုင်
  55. ဦးသန်းမောင်
  56. ဦးအောင်စိုး
  57. ဦးခင်ညို
  58. ဦးလှတင်
  59. ဦးသာဒင်
  60. ဦးကံသာ
  61. ဦးသန်းညွန့်
  62. ဦးစိုးလှိုင်
  63. ဦးမန်းကျော်စိန် (ခေါ်) စောကျော်စိန်
  64. ဦးကျော်
  65. ဦးစောယာ
  66. ဦးငြိမ်းမောင်
  67. ဦးကြာညွန့်
  68. ဦးနေမျိုး
  69. ဦးသိန်းထွန်း
  70. ဦးဘမြိုင်
  71. ဦးကျော်ညွန့်
  72. ဦးခင်စိန်
  73. ဦးကျော်ဇော
  74. ဦးတိုင်းလုံးကျော်မြ
  75. ဦးမြင့်ဆွေ
  76. ဦးရဲဒင်
  77. ဦးသက်ထွန်း


သီဟသူရဘွဲ့၊ သူရဘွဲ့၊ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်များ


နိုင်ငံတော် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတာဝန်ကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသော စစ်သည် ၈၄ ဦးတို့အား နိုင်ငံတော်ကောင်စီက အမိန့်ကြော်ငြာ စာအမှတ် ၃/၈၃ ကို ထုတ်ပြန်၍ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့သည်။

သီဟသူရဘွဲ့

ကြည်း ၉၆၈၅ ဗိုလ်မှူးအုန်းမောင် (ကျဆုံး) အမှတ် (၇၆) ခြေလျင်တပ်ရင်း

သူရဘွဲ့

ကြည်း ၁ဝ၆၁၈ ဗိုလ်မှူး လေးမောင် အမှတ် (၇၆) ခြေလျင်တပ်ရင်း ကြည်း ၁၄၃၄၄ ဗိုလ်ကြီး ကြီးစိန် အမှတ်(၄) ခြေလျင် တပ်ရင်း ကြည်း ၁၅ဝ၈၇ ဗိုလ် တင်မောင်ထူး အမှတ် (၇၆) ခြေလျင်တပ်ရင်း အမှတ် ၂၄၇၄၃၅ တပ်ကြပ်ကြီး တင်ငွေ တပ်မတော် ထောက်လှမ်းရေး အကူတပ် အမှတ် ၄၄၁၃၃၅ တပ်ကြပ် အုန်းငွေ (ကျဆုံး) အမှတ် (၇၆) ခြေလျင်တပ်ရင်း အမှတ် ၂၇၄၁၂၈ ဒုတိယတပ်ကြပ် တက်ထွန်း၊ အမှတ်(၅) ဗမာ့သေနတ်ကိုင်တပ်ရင်း အမှတ် ၄၆၃၉၆၈ ဒုတိယတပ်ကြပ် မြင့်နောင်၊ အမှတ် (၇၆) ခြေလျင်တပ်ရင်း


သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်[ပြင်ဆင်ရန်]

သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်နှင့် ဖဲကြိုးနမူနာ
စဉ် ကိုယ်ပိုင်အမှတ် ရာထူး/အဆင့် အမည် တပ်ရင်း
ကြည်း ၁၁၂၃၉ ဗိုလ်ကြီး လှမြင့် အမှတ်(၄) ကချင် သေနတ်ကိုင်တပ်ရင်း
ကြည်း ၁၁၃၂၂ ဗိုလ်ကြီး မြင့်မောင်(ကျဆုံး) အမှတ်(၁၈) ခြေလျင်တပ်ရင်း
ကြည်း ၁၁၉၂၃ ဗိုလ်ကြီး တင်မောင်ဝင်း(ကျဆုံး) အမှတ် (၄၁) ခြေလျင်တပ်ရင်း
ကြည်း ၁၃၃ဝ၃ ဗိုလ်ကြီး သန်းဝင်း အမှတ်(၁) ဗမာ့ သေနတ်ကိုင်တပ်ရင်း
ကြည်း ၁၃၇၆ဝ ဗိုလ်ကြီး ခင်မောင်ကြူ အမှတ်(၁) ချင်း သေနတ်ကိုင်တပ်ရင်း
ကြည်း ၁၄၄ဝ၈ ဗိုလ် ဆန်းရွှေ အမှတ် (၇၆) ခြေလျင် တပ်ရင်း
ကြည်း ၁၄၅၄၅ ဗိုလ် သူရခင်မောင်လတ် အမှတ်(၁) ဗမာ့သေနတ်ကိုင်တပ်ရင်း
ကြည်း ၁၄၅၅၃ ဗိုလ် ဌေးအောင် အမှတ်(၁ဝ၉) ခြေမြန် တပ်ရင်း
ကြည်း ၁၄၈၁၁ ဗိုလ် ဇော်ထွန်းညို(ကျဆုံး) အမှတ်(၁) ကချင်သေနတ်ကိုင်တပ်ရင်း
၁၀ ကြည်း ၁၅၁ဝဝ ဗိုလ် မြင့်ကြိုင်၊ အမှတ်(၄) ကချင် သေနတ်ကိုင်တပ်ရင်း
၁၁ ကြည်း ၁၅၃၃၁ ဗိုလ် သောင်းစိန်၊ အမှတ်(၁) ဗမာ့ သေနတ်ကိုင်တပ်ရင်း
၁၂ ကြည်း ၁၅၄၂၅ ဒုတိယဗိုလ် သိန်းလွင်(ကျဆုံး) အမှတ် (၉၉)ခြေလျင်တပ်ရင်း
၁၃ ကြည်း ၁၅၄၉၇ ဒုတိယဗိုလ် တင်ထွဋ်အောင်(ကျဆုံး) အမှတ်(၉) ခြေလျင်တပ်ရင်း
၁၄ ကြည်း ၁၆ဝ၅ဝ ဒုတိယဗိုလ် သိန်းထွန်း(ကျဆုံး) အမှတ် (၁) ဗမာ့သေနတ်ကိုင်တပ်ရင်း
၁၅ ကြည်း ၁၆၆၅၆ ဒုတိယဗိုလ် တင့်ဝေ အမှတ်(၃) ချင်း သေနတ်ကိုင်တပ်ရင်း
၁၆ ကြည်း ၁၇၂၇၁ ဒုတိယဗိုလ် အေးသွင် အမှတ် (၄) ခြေလျင်တပ်ရင်း
၁၇ အမှတ် ၂၄၃၇၆ဝ ဒုတိယ အရာခံဗိုလ် ရဲဒင် အမှတ် (၄) ခြေလျင်တပ်ရင်း
၁၈ အမှတ် ၁၁၄၂၃၈ တပ်ခွဲတပ်ကြပ်ကြီး သန်းရွှေ အမှတ်(၅) ဗမာ့သေနတ်ကိုင်တပ်ရင်း
၁၉ အမှတ် ၂၄ဝ၉ဝ၇ တပ်ခွဲတပ်ကြပ်ကြီး သီဟ အမှတ် (၇၆) ခြေလျင်တပ်ရင်း
၂၀ အမှတ် ၂၆၆၇၆၃ တပ်ခွဲတပ်ကြပ်ကြီး မောင်အုန်း၊ အမှတ် (၇၆) ခြေလျင်တပ်ရင်း
၂၁ အမှတ် ၃ဝ၃၉၉၉ တပ်ခွဲတပ်ကြပ်ကြီး ဦးကျော်၊ အမှတ် (၇၆) ခြေလျင်တပ်ရင်း
၂၂ အမှတ် ၂၆၆၅၂ဝ တပ်ကြပ်ကြီး ခင်ဆွေ အမှတ် (၁၈) ခြေလျင်တပ်ရင်း
၂၃ အမှတ် ၂၆၇၉၁၅ တပ်ကြပ်ကြီး ဘိုးပျော့ အမှတ်(၄) ကချင်သေနတ်ကိုင်တပ်ရင်း
၂၄ အမှတ် ၂၆၈၄၇၃ တပ်ကြပ်ကြီး စိုးမြင့်(ကျဆုံး) အမှတ် (၉၉)ခြေလျင်တပ်ရင်း
၂၅ အမှတ် ၃၂၂ဝ၄၈ တပ်ကြပ်ကြီး စန်းမြင့် အမှတ် (၄) ခြေလျင်တပ်ရင်း
၂၆ အမှတ် ၃၂၅၂၆၆ တပ်ကြပ်ကြီး ထန်းအိ အမှတ် (၄) ခြေလျင်တပ်ရင်း
၂၇ အမှတ် ၃၃၆၁၁၆ တပ်ကြပ်ကြီး မောင်ကြည် အမှတ်(၁) ဗမာ့သေနတ်ကိုင်တပ်ရင်း
၂၈ အမှတ် ၄ဝ၇၂၈၁ တပ်ကြပ်ကြီး သောင်းညွန့်(ကျဆုံး) အမှတ် (၆၁) ခြေလျင်တပ်ရင်း
၂၉ အမှတ် ၄၄၆၆၆၇ တပ်ကြပ်ကြီး ကျော်ထွန်း အမှတ် (၃၃) ခြေလျင်တပ်ရင်း
၃၀ အမှတ် ၂၁၂၇၇၄ တပ်ကြပ် အုန်းသွင် အမှတ်(၅) ဗမာ့ သေနတ်ကိုင်တပ်ရင်း
၃၁ အမှတ် ၂၆ဝ၃၇၆ တပ်ကြပ် မြင့်သိန်း(ကျဆုံး) အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း
၃၂ အမှတ် ၂၉၃၈၆၉ တပ်ကြပ် ဂျေအိ အမှတ် (၄) ခြေလျင် တပ်ရင်း
၃၃ အမှတ် ၃၃၁၆ဝ၂ တပ်ကြပ် ကြာလုံးစိန် အမှတ် (၄) ခြေလျင်တပ်ရင်း
၃၄ အမှတ် ၃၇၄၇၁၈ တပ်ကြပ် စိန်အောင်မင်း(ကျဆုံး) အမှတ် (၃) ချင်းသေနတ်ကိုင်တပ်ရင်း
၃၅ အမှတ် ၃၇၇၉၃၄ တပ်ကြပ် ထွန်းရွှေ(ကျဆုံး) အမှတ် (၆၁) ခြေလျင်တပ်ရင်း
၃၆ အမှတ် ၃၉၆၄၇၄ တပ်ကြပ် စိန်ချယ်(ကျဆုံး) အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း
၃၇ အမှတ် ၃၉၇၂၁၁ တပ်ကြပ် ကျော်ရွှေ(ကျဆုံး) အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း
၃၈ အမှတ် ၄၁၄၈၇၂ တပ်ကြပ် အိုက်ပန်း အမှတ် (၃၃) ခြေလျင်တပ်ရင်း
၃၉ အမှတ် ၄၄၁၅၃၈ တပ်ကြပ် သန်းအောင် အမှတ် (၇၆) ခြေလျင်တပ်ရင်း
၄၀ အမှတ် ၄၄၅၈၉၇ တပ်ကြပ် မာဆိုးအိ အမှတ် (၃) ချင်း သေနတ်ကိုင်တပ်ရင်း
၄၁ အမှတ် ၃၁ဝ၆၅၄ တပ်ကြပ် တင်ညို(ကျဆုံး) အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း
၄၂ အမှတ် ၃၅၅ဝဝ၉ ဒုတိယတပ်ကြပ် သာခင်(ကျဆုံး) အမှတ် (၉၃) ခြေလျင်တပ်ရင်း
၄၃ အမှတ် ၃၆၉၈၈၅ ဒုတိယတပ်ကြပ် တင်အောင် အမှတ် (၄) ခြေလျင်တပ်ရင်း
၄၄ အမှတ် ၃၇၂ဝဝ၁ ဒုတိယတပ်ကြပ် ဝင်းလွင်(ကျဆုံး) အမှတ်(၁) ဗမာ့သေနတ်ကိုင်တပ်ရင်း
၄၅ အမှတ် ၃၇၉၈၃၁ ဒုတိယတပ်ကြပ် စောဟယ်လို၊ အမှတ်(၁ဝ၉) ခြေမြန်တပ်ရင်း
၄၆ အမှတ် ၃၈၈၈၁၅ ဒုတိယတပ်ကြပ် တင်ရွှေ အမှတ်(၁) ကချင်သေနတ်ကိုင်တပ်ရင်း
၄၇ အမှတ် ၄ဝ၆၂ဝ၁ ဒုတိယတပ်ကြပ် သာစိန်(ကျဆုံး) အမှတ်(၁) ဗမာ့သေနတ်ကိုင်တပ်ရင်း
၄၈ အမှတ် ၄၄၁၃၃၉ ဒုတိယတပ်ကြပ် လှဖြူ(ကျဆုံး) အမှတ် (၇၆) ခြေလျင်တပ်ရင်း
၄၉ အမှတ် ၄၄၁၃၉၁ ဒုတိယတပ်ကြပ် ညိုမောင် အမှတ် (၇၆) ခြေလျင်တပ်ရင်း
၅၀ အမှတ် ၄၄၃၆၈ဝ ဒုတိယတပ်ကြပ် ကျော်ဝ အမှတ် (၄) ခြေလျင်တပ်ရင်း
၅၁ အမှတ် ၂၇၅၅၆၄ တပ်သား ချစ်သိန်း(ကျဆုံး) အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း
၅၂ အမှတ် ၃၄၄၉၇၁ တပ်သား စံတင် အမှတ်(၅) ဗမာ့ သေနတ်ကိုင်တပ်ရင်း
၅၃ အမှတ် ၃၅၃၄၉၉ တပ်သား ခင်မောင်သိန်း(ကျဆုံး) အမှတ်(၁) ဗမာ့သေနတ်ကိုင်တပ်ရင်း
၅၄ အမှတ် ၃၉၂ဝ၆ဝ တပ်သား မြလှိုင်(ကျဆုံး) အမှတ်(၄) ခြေလျင်တပ်ရင်း
၅၅ အမှတ် ၄၂၁၄၅၁ တပ်သား မောင်ဝင်း(ကျဆုံး) အမှတ်(၃) ချင်းသေနတ်ကိုင်တပ်ရင်း
၅၆ အမှတ် ၄၃၈၃၈၇ တပ်သား အားမောင် အမှတ်(၄) ကချင် သေနတ်ကိုင်တပ်ရင်း
၅၇ အမှတ် ၄၄၅၈၉၉ တပ်သား ကျော်တင့်(ကျဆုံး) အမှတ်(၃) ချင်းသေနတ်ကိုင်တပ်ရင်း
၅၈ အမှတ် ၄၅၄၃၈၈ တပ်သား ဒီလေး(ကျဆုံး) အမှတ်(၄) ခြေလျင်တပ်ရင်း
၅၉ အမှတ် ၄၉၁၄၈၉ တပ်သား အေးထွန်း(ကျဆုံး) အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း
၆၀ အမှတ် ၄၉၅ဝ၉၃ တပ်သား ဌေးမြင့် အမှတ်(၁) ဗမာ့ သေနတ်ကိုင်တပ်ရင်း
၆၁ အမှတ် ၅ဝဝဝ၅၄ တပ်သား မောင်ချို အမှတ်(၄) ခြေလျင် တပ်ရင်း
၆၂ အမှတ် ၅ဝ၉၃၇၆ တပ်သား မြတ်မင်း(ကျဆုံး) အမှတ်(၃) ချင်းသေနတ်ကိုင်တပ်ရင်း
၆၃ အမှတ် ၅၁၁၇၉၃ တပ်သား စိန်ထွန်း အမှတ်(၄) ခြေလျင် တပ်ရင်း
၆၄ အမှတ် ၅၄၃၅၂၄ တပ်သား မောင်လှ အမှတ်(၃၂) ခြေလျင်တပ်ရင်း
၆၅ အမှတ် ၅၄၅၉၄၈ တပ်သား မျိုးချစ် အမှတ်(၂) ချင်း သေနတ်ကိုင်တပ်ရင်း
၆၆ အမှတ် ၅၄၇၃ဝဝ တပ်သား ထွန်းအောင် အမှတ်(၂) ချင်းသေနတ်ကိုင်တပ်ရင်း
၆၇ ပုံချိုကျေးရွာ ပြည်သူ့စစ်တပ်စုမှူး ဦးလောဖာ(ကျဆုံး) အမှတ်(၃)ချင်းသေနတ်ကိုင်တပ်ရင်း
၆၈ ပုံချိုကျေးရွာ ပြည်သူ့စစ်တပ်စိတ်မှူး ဦးပါလီ(ကျဆုံး) အမှတ်(၃)ချင်းသေနတ်ကိုင်တပ်ရင်း
၆၉ ပုံချိုကျေးရွာ ပြည်သူ့စစ်တပ်စိတ်မှူး ဦးအားမူ(ကျဆုံး) အမှတ်(၃)ချင်းသေနတ်ကိုင်တပ်ရင်း
၇၀ ပုံချိုကျေးရွာ ပြည်သူ့စစ်တပ်စိတ်မှူး ဦးချာချင်(ကျဆုံး) အမှတ်(၃)ချင်းသေနတ်ကိုင်တပ်ရင်း
၇၁ ပုံချိုကျေးရွာ ပြည်သူ့စစ်တပ်စိတ်မှူး ဦးအာလှ(ကျဆုံး) အမှတ်(၃)ချင်းသေနတ်ကိုင်တပ်ရင်း
၇၂ တန့်ယန်းမြို့နယ် သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့ အမှတ်(၉) အဖွဲ့ခေါင်းဆောင် ဦးလောတာ၊ အမှတ်(၃၃)ခြေလျင်တပ်ရင်း
၇၃ တန့်ယန်းမြို့နယ် သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့ အမှတ်(၉) ဒုတိယအဖွဲ့ခေါင်းဆောင် ဦးကျညီး အမှတ်(၃၃)ခြေလျင်တပ်ရင်း
၇၄ တန့်ယန်းမြို့နယ် သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့ အမှတ်(၉) ဒုတိယအဖွဲ့ခေါင်းဆောင် ဦးယောရှု အမှတ်(၃၃)ခြေလျင်တပ်ရင်း
၇၅ တန့်ယန်းမြို့နယ် သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့ အမှတ်(၉) ဒုတိယအဖွဲ့ခေါင်းဆောင် ဦးရှာမွေလ အမှတ်(၃၃)ခြေလျင်တပ်ရင်း
၇၆ တန့်ယန်းမြို့နယ် သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့ အမှတ်(၉) ဒုတိယအဖွဲ့ခေါင်းဆောင် ဦးကျအူး အမှတ်(၃၃)ခြေလျင်တပ်ရင်း

ရဲသီဟတံဆိပ်၊ ရဲဗလတံဆိပ်၊ ရဲကျော်စွာတံဆိပ်၊ ရဲကျော်သူ တံဆိပ်[ပြင်ဆင်ရန်]

ပြည်သူ့ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် နှင့် စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်များကို အောက်ဖော်ပြ ပါ ပြည်သူ့ရဲတပ်ဖွဲ့ဝင် ၁၄ ဦးတို့က ရရှိခဲ့သည်။

ရဲသီဟတံဆိပ်

လ / ၁ဝဝ၈၆၂ ရဲ ဒုတိယတပ်ကြပ် ယိမ်းဆောင်

ရဲဗလတံဆိပ်

လ / ၅၆၅၄၅ ဒုတိယရဲအုပ်(စခန်းမှူး) ဦးထွန်းအောင် လ / ၆၆၄၄၆ ရဲတပ်ကြပ် ထွန်းကြည် လ / ၉၈၉၉၆ ရဲဒုတိယတပ်ကြပ် မြစံ လ / ၉၅၅၂၉ ရဲတပ်သား ဇော်ဝင်း

ရဲကျော်စွာတံဆိပ်

လ / ၅၈၇၇ဝ ရဲအုပ် ဦးဝင်းကျော် လ / ၂ဝ၁၉၄ ရဲတပ်ကြပ် တန်ဘီ

ရဲကျော်သူတံဆိပ်

လ / ၅၇၃၄၄ ရဲအုပ် ဦးဂျော်နီ လ / ၂ဝ၅၅၁ ဒုတိယရဲအုပ် ဦးထွန်းလှိုင် လ / ၇၇၂၅၉ ရဲ ဒုတိယတပ်ကြပ် မင်းနိုင် လ / ၈၂၁၆၇ ရဲ ဒုတိယတပ်ကြပ် မျိုးဝင်း လ / ၂ဝ၅၇၁ ရဲတပ်သား သန်းမောင် လ / ၂၃၅၅၄ ရဲတပ်သား ခင်သန်း လ / ၇၇၇၆၄ ရဲတပ်သား ဝင်းမောင်

စက်မှု စီးပွား ထူးချွန်တံဆိပ် စီမံထူးချွန်တံဆိပ် စက်မှုစီးပွားထူးချွန်တံဆိပ်(တတိယဆင့်)

ဒေါက်တာမျိုးသန့်တင်၊ ဒုတိယလက်ထောက် ညွှန်ကြား ရေးမှူး၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနခွဲ၊ စီမံရေးရာဌာန၊ စားသောက်ကုန်လုပ်ငန်း ကော်ပိုရေးရှင်း

စီမံထူးချွန်တံဆိပ်(တတိယဆင့်)

ဦးခင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ရသုံးခန့်မှန်းခြေ ငွေစာရင်းဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဦးစိုးလှ၊ စိစစ်ရေးမှူး (ဒုတိယဝန်ကြီး၏ ကိုယ်ရေးအတွင်း ရေးမှူး) ရသုံး-မှန်းခြေ ငွေစာရင်းဦးစီးဌာန၊ စီမံကိန်းနှင့်


ဘဏ္ဍာရေးဝန်ကြီးဌာန ဦးခင်မောင်ဆွေ၊ စိစစ်ရေးမှူး ရသုံး မှန်းခြေ ငွေစာရင်းဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

လူမှုထူးချွန်တံဆိပ်

လူနာများ၏အသက်ကိုကယ်တင်ရန် လိုအပ်သည့်သွေးများ ကို မွန်မြတ်သောစေတနာထက်သန်စွာဖြင့် သွေးအကြိမ် ၆ဝ အထိ လှူဒန်းခဲ့သူတစ်ဦးအား လူမှုထူးချွန်တံဆိပ်(ဒုတိယဆင့်) ကိုလည်းကောင်း၊ ကျပ်ငွေ နှစ်သိန်းခွဲတန် သံဃာ့ဆေးရုံ ဆောက်လုပ်လှူဒါန်းသူနှင့် အကြိမ် ၄ဝမှ အထက် သွေးလှူဒါန်း ခဲ့သူ ၁၈ ဦးတို့အား လူမှု ထူးချွန်တံဆိပ်(တတိယဆင့်)ကို လည်းကောင်း နိုင်ငံတော်က ချီးမြှင့်ခဲ့လေသည်။

လူမှုထူးချွန်တံ ဆိပ်(ဒုတိယဆင့်)

ဦးမြင့်သန်း၊ တရားစွဲ အင်စပိတ္တော်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ပဲခူးမြို့။

လူမှုထူးချွန်တံဆိပ်(တတိယဆင့်)

ဒေါ်နွဲ့၊ အမှတ် ၅၃၊ တောင်မြို့ပတ်လမ်း၊ အိုးတန်းရပ်ကွက်၊ တိုက်ကြီးမြို့။ ဦးစံထွန်း၊ စာအုပ်ချုပ်သမား၊ မြေပုံ ပုံနှိပ်ရုံး၊ မြေတိုင်း ဦးစီးဌာန။ ဦးလှအေး၊ အမှတ် ၆၆၊ အောင်သစ္စာလမ်း၊ အမှတ်(၁) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်း ဦးအုန်းအောင်၊ တိရစ္ဆာန်ထိန်း၊ ဆတ်၊ သမင်အဖွဲ့၊ တိရစ္ဆာန်ထိန်းသိမ်းမွေးမြူရေး ဌာနစု၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်။ ဦးညွန့်မောင်၊ စစ်မှုထမ်း အငြိမ်းစား၊ အမှတ် ၅၅ဝ၊ မေတ္တာလမ်း၊ ကုဣိင်း၊ အဇစ်ကုန်းရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း။ ဦးအေးသွယ်၊ လုပ်အားပေး(သန့်ရှင်းရေး)၊ အထက(၆)၊ မဂ‡လာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်း။ ဦးလှ၊ ဝိုင်းဆရာ အဆင့်-၃၊ အမှတ်(၆)သစ်စက်၊ သစ် လုပ်ငန်း၊ ကော်ပိုရေးရှင်း။ ဦးမောင်သိန်း၊ စစ်ဆေးရေးမှူး၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး(ခွဲ)၊ (၁၇)လိုင်း။ ဦးတင်စိန်၊ ဘွိုင်လာပေါင်းအိုးထိန်းသစ်လုပ်ငန်း၊ အမှတ်(၂) အထပ်သားစက်ရုံ၊ သစ်လုပ်ငန်းကော်ပိုရေးရှင်း။ ဦးကြင်၊ ပန်းရန်(ပ)ဆောက်လုပ်ရေးကော်ပိုရေးရှင်း၊ မဂ‡လာ တောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်း။ ဦးအောင်သန်း၊ မထသ(၇) လက်မှတ်ရောင်း၊ အမှတ် ၄၂၇၊ ၅ ရပ်ကွက်၊ ပင်းယလမ်း၊ တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်တိုင်း။ ဦးစိုးဝင်း၊ အထက်တန်းပြဆရာ၊ အထက(၃)၊ တောင် ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း။ ဦးကျော်သိန်း၊ ဝိုင်းကြီးလွှသွေး၊ စက်ရုံဌာနစိတ်၊ အမှတ်(၂) သစ်စက်၊ သစ်လုပ်ငန်းကော်ပိုရေးရှင်း။ ဦးဟန်ရွှေ၊ ရုံးလုလင်၊ တာဝါလိန်း အမျိုးသမီးဆေးရုံ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း။ ဦးတင်အောင်လေး၊ ဓာတ်ခွဲခန်းလက်ထောက်၊ သတ္တုဗေဒ အင်ဂျင်နီယာဌာန၊ ရန်ကုန်စက်မှုတက္ကသိုလ်။ ဦးအေးလွင်၊ လုပ်သား၊ လျှပ်စစ်ဝန်ထမ်း အိမ်ရာဆောက် လုပ်ရေးရွာမ၊ အမှတ် ၆၃၆၊ အောင်ဆန်း ဘူတာရုံလမ်းသွယ်၊ စဉ့်ငူ၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်း။ ဦးအေး၊ ဆေးထည့်မှူး၊ အရေးပေါ်ဌာန၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး။ ဦးကျော်ငြိမ်း၊ ရေဒီယိုပြင်၊ အမှတ် ၂ဝ၃၊ ရှမ်းစုမြောက်၊ မြစ်ကြီးနားမြို့။ ဦးမောင်မောင်၊ ကုန်သည်၊ အမှတ် ၉၂၊ ရှမ်းစုမြောက်၊ မြစ်ကြီးနားမြို့။

အခြားဆုတံဆိပ်နှင့် ချီးမြှင့်ငွေများ

စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံရသော အငြိမ်းစားစစ်မှုထမ်း ၂၉၄၄ ဦးနှင့် စစ်မှုထမ်း ၁၁၆၄ ဦး၊ စုစုပေါင်း ၄၁ဝ၈ ဦး၏ အမည်များကို နိုင်ငံတော်ကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် ၄/၈၃ တွင်လည်းကောင်း၊ ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်နှင့် ငြိမ်ဝပ် ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်များ ချီးမြှင့်ခြင်း ခံရသော အငြိမ်းစားနှင့် အမှုထမ်းဆဲ ပြည်သူ့ဝန်ထမ်း ၇၁၁ ဦးတို့၏ အမည်များကို နိုင်ငံတော်ကောင်စီ၏ အမိန့်ကြော်ငြာ စာ အမှတ် ၅ /၈၃ တွင်လည်းကောင်း ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၍ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ အနက်မှ ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမား အရေးတော် ပုံတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ထောင်ဒဏ်အပြစ်ကျခံခဲ့ကြ ရသည့် ပုဂ္ဂိုလ် ၆၅ ဦး၊ တို့ဗမာအစည်းအရုံး မြို့နယ်နှင့် အထက်အဆင့်များတွင် အမှုဆောင်အဖြစ် တာဝန်ယူ ဆောင် ရွက်ခဲ့ကြပြီး ထောင်ဒဏ်ကျခံခဲ့ရသည့် တို့ဗမာအစည်းအရုံးဝင် သခင် ၄၂ ဦးနှင့် အလားတူ လွတ်လပ်ရေး ကြိုးပမ်းရာတွင် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူတစ်ဦး၊ စုစုပေါင်း ၁ဝ၈ ဦး တို့အား တစ်ဦးလျှင် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ကျပ် တစ်သောင်းတိတိနှင့် လစဉ် ချီးမြှင့်ငွေ နှစ်ရာကျပ်တိတိကို ခံစားခွင့်ပြုခဲ့သည်။ ထိုပုဂ္ဂိုလ်များ၏ အမည်များကို ဝန်ကြီး အဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၅ / ၈၃ တွင် ဖော်ပြ ထားသည်။

[၄]

နိုင်ငံတော်သည် ပိဋကတ်ကျမ်းဂန်၊ စာပေပရိယတ် အရာတို့၌ ထူးချွန်ပြောင်မြောက်၍ အကျင့်သီလသိက္ခာနှင့် ပြည့်စုံသည့် ရဟန်းပုဂ္ဂိုလ်များ၊ ဆိုရှယ်လစ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးနှင့် နိုင်ငံတော်ကာကွယ်စောင့်ရှောက်ရေး တို့တွင် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်သူများနှင့် အသက်ကို ပဓာန မထားပဲ သက်စွန့်ကြိုးပမ်းဆောင်ရွက်သည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်လွတ်လပ်ရေး ကြိုးပမ်းမှုတွင် စစ်မှန် သော စေတနာဖြင့် ကိုယ်ကျိုမဖက် အနစ်နာခံ၍ ထူးခြား ပြောင်မြောက်စွာ ကြိုးပမ်းလုပ်ဆောင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိလျက် ပေးအပ်သော လုပ်ငန်းတာဝန်များကို ကျေပွန်စွာနှင့် အပြစ်ကင်းစင်စွာ ထမ်းဆောင်လျက်ရှိသော ပြည်သူ့ဝန်ထမ်းများအား ထိုက်သင့် သည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို နှစ်စဉ် ချီးမြှင့်အပ်နှင်းသည်။ နိုင်ငံတော်ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃၊ ပုဒ်မခွဲ(ဎ)တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအရ ဘွဲ့ တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း ခံရသော ဆရာတော်ကြီး များ၏ ဘွဲ့အမည်များနှင့်ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်ခံရသော ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို အမိန့်ကြော်ငြာစာများဖြင့် ၁၉၈၄ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့ ၃၆ နှစ်မြောက် လွတ်လပ်ရေး အောင်ပွဲနေ့တွင် ထုတ်ပြန် ကျေညာသည်။ နိုင်ငံတော်ကောင်စီ၏ အမိန့်ကြော်ငြာစာများအရ ၁၉၈၄ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ဆက်ကပ်ခြင်းခံရသည့် ဆရာတော်ကြီးများနှင့် အပ်နှင်းခြင်း ခံရသည့် လူပုဂ္ဂိုလ်များကို ဖော်ပြပါအတိုင်း အမျိုးအစား အလိုက် ခွဲခြား၍ တွေ့ရှိရသည်။

အပ်နှင်းသည့် ဘွဲ့တံဆိပ်အမျိုးအစား ဦးရေ


အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ၁ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ၇ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ၁၂၇ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ၁၃၁ သူရဘွဲ့ ၁ဝ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၆ဝ လယ်ယာစီးပွား ထူးချွန်တံဆပ် (တတိယဆင့်) ၂ စက်မှုစီးပွား ထူးချွန်တံဆိပ် (တတိယဆင့်) ၂ လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ၁ လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်) ၁ လူမှုထူးချွန်တံဆိပ် (တတိယဆင့်) ၁၅ ရဲသူရိန်တံဆိပ် ၁ ရဲကျော်သူတံဆိပ် ၇ စစ်မှုထမ်းကောင်းတံဆိပ် ၃၂၃၈ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ၅၂ ပြည်သူ့ဝန်ထမ်းတံဆိပ် ၃၁၈၂၄ ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ် ၃၉၁၉၂ နိုင်ငံတော်ရဲမှုထမ်းတံဆိပ် ၂ဝ၄၄ နိုင်ငံတော်ကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၁/၈၄)အရ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း ခံရသော ဆရာတော်ကြီးတစ်ပါးနှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ဆရာတော် ခုနစ်ပါးမှာ ဖော်ပြပါအတိုင်း ဖြစ်သည်။

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊ ဓမ္မနာဒကျောင်းတိုက်၊မင်းကွန်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်း။

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဘဒ္ဒန္တကုသလသာမိ၊ သာသနဟိတကာရီဥယျာဉ်တိုက်၊ မိတ္ထီလာမြို့၊ မန္တလေးတိုင်း။ ဘဒ္ဒန္တပညာဇောတ၊ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း။ ဘဒ္ဒန္တဇောတိက၊ ဒေးဝန်းအုတ်ကျောင်း၊ မိုးကောင်းတိုက်၊ မန္တလေးအနောက်တောင်မြို့နယ်၊ မန္တလေးတိုင်း။ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ ရွှေကျင်တိုက်သစ်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်း။ ဘဒ္ဒန္တခမာဝုဓ၊ လယ်တီကျောင်းတိုက်၊ ဟင်္သာတမြို့၊ ဧရာဝတီတိုင်း။ ဘဒ္ဒန္တနာရဒါဘိဝံသ၊ မာဂဓနယူပဒေသကျောင်း၊ မစိုးရိမ်းတိုက်၊ မန္တလေးမြို့၊ မန္တလေးတိုင်း။ ဘဒ္ဒန္တပဏ္ဍိတ၊ မဟာဝိသုတာရာမတိုက်၊ ပခုက္ကူမြို့၊ မကွေးတိုင်း။

အခြားဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများ စစ်မှုထမ်းကောင်းတံဆိပ် အပ်နှင်းခြင်းခံရသော ပုဂ္ဂိုလ် များ၏ အမည်စာရင်းကို အမိန့်ကြော်ငြာစာ အမှတ် ၄/၈၄ တွင်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်အပ်နှင်းခြင်း ခံရသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို အမိန့်ကြော်ငြာစာ အမှတ် ၅/၈၄ တွင်လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ငြိမ်ဝမ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေးတံဆိပ်များ အပ်နှင်း ခြင်းခံရသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို အမိန့် ကြော်ငြာစာ အမှတ် ၆/၈၄ တွင် လည်းကောင်း၊ နိုင်ငံတော် ရဲမှုထမ်းတံဆိပ် အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်များ၏ အမည် စာရင်းကို အမိန့်ကြော်ငြာစာ အမှတ် ၇/၈၄ တွင်လည်းကောင်း ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအနက်မှ ဆရာစံ ခေါင်းဆောင်သော တောင်သူလယ်သမား တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ထောင်ဒဏ်အပြစ်ကျခံခဲ့ကြရသူများ၊ တို့ဗမာအစည်းအရုံးမြို့နယ်နှင့် အထက်အဆင့်များတွင် အမှု ဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး ထောင်ဒဏ်ကျခံခဲ့ ကြရသူများနှင့် အလားတူ လွတ်လပ်ရေးကြိုးပမ်း ဆောင်ရွက် ရာတွင် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့သူများ ဖြစ်ကြသည့် ပုဂ္ဂိုလ် ၁၂ ဦးတို့အား ထိုက်သင့်သည့် ဆုငွေချီးမြှင့်ထိုက်သည့် အားလျော်စွာ တစ်ဦးလျှင် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ကျပ်တစ်သောင်းတိတိနှင့် လစဉ်ချီးမြှင့်ငွေ ကျပ်နှစ်ရာတိတိကို ခံစားခွင့်ပြုခဲ့သည်။ ထိုပုဂ္ဂိုလ်များ၏အမည်များကို ဝန်ကြီး အဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၁/၈၄ တွင် ဖော်ပြ ထားသည်။ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့် အပ်နှင်းခြင်း အခမ်းအနားကို ၁၉၈၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ (စနေနေ့) နံနက်တွင် ရန်ကုန်မြို့၊ အလုံလမ်း၊ နိုင်ငံတော် သမ္မတအိမ်တော်ဝင်းအတွင်းရှိ ဗဟိုအစည်းအဝေးခန်းမတွင် ကျင်းပသည်။ အခမ်းအနားသို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်များ၊ နိုင်ငံတော်ကောင်စီဝင်များ၊ ဗဟိုအာဏာပိုင် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် အခြား တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဝင်းက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး ချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် နိုင်ငံတော်သမ္မတကြီး ဦးစန်းယုက သီဟသူရဘွဲ့နှင့် သူရဘွဲ့တို့၏ အဆောင်အယောင် တံဆိပ်များကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား ကိုယ်တိုင် အပ်နှင်းသည်။ သီဟသူရဘွဲ့ရရှိသူ ပုဂ္ဂိုလ်နှစ်ဦးရှိရာ နှစ်ဦးစလုံးပင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားပြီးသူများ ဖြစ်သဖြင့် ၎င်းတို့၏ကိုယ်စား သားဖြစ်သူနှင့် ဇနီးဖြစ်သူတို့က အသီးသီး လက်ခံယူကြသည်။ ၁၉၅၂ ခုနှစ်တွင် သီဟသူရဘွဲ့ ချီးမြှင့်ခြင်းခံရသော ဦးထွန်းမှင်(ကျဆုံး) ကိုယ်စား သားဖြစ်သူက လည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် သီဟသူရဘွဲ့ ချီးမြှင့်ခြင်းခံရသော အမှတ် (၇၆)ခြေလျင်တပ်ရင်းမှ ကြည်း ၉၆၈၅ ဗိုလ်မှူးအုန်းမောင် (ကျဆုံး)ကိုယ်စား ဇနီးဖြစ်သူကလည်းကောင်း ဘွဲ့၊ တံဆိပ်များ လက်ခံယူကြသည်။ သူရဘွဲ့ရရှိသူ ၁၇ ဦးတွင် ခုနှစ်ဦးမှာ ကျဆုံးခဲ့ပြီး ဖြစ်၍ ၎င်းတို့ကိုယ်စား ၎င်းတို့၏ မိဘဖြစ်သူများနှင့် ဇနီး ဖြစ်သူ များက လက်ခံယူကြပြီး အသက်ထင်ရှားရှိသူ ၁ဝ ဦးတို့က ကိုယ်တိုင် လက်ခံယူကြသည်။ ၁၉၈၃ ခုနှစ်တွင် သူရဘွဲ့ရရှိသော ဗိုလ်မှူးလေးမောင်၊ ဗိုလ်ကြီးကြီးစိန်၊ ဗိုလ်ကြီး တင်မောင်ထူး၊ တပ်ကြပ်ကြီး တင်ငွေနှင့် တပ်ကြပ်တက်ထွန်းတို့သည်လည်းကောင်း၊ ၁၉၈၄ ခုနှစ်တွင် သူရဘွဲ့ရရှိသော ဗိုလ်မှူးစိုးအောင်၊ ဗိုလ်မှူးသန်းရွှေ၊ ဗိုလ်မြင့်ဦး၊ ဗိုလ်စန်းလွင်နှင့် ဗိုလ်တင်ဇော်ဝင်းတို့သည် လည်းကောင်း အခမ်းအနားသို့ တက်ရောက်၍ ဘွဲ့၊ တံဆိပ် ချီးမြှင့်ခြင်းကို ကိုယ်တိုင် လက်ခံယူခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် သူရဘွဲ့ ရရှိခဲ့သော တပ်ကြပ်အုန်းငွေနှင့် တပ်ကြပ်မြင့်နောင်တို့သည် လည်းကောင်း၊ ၁၉၈၄ ခုနှစ်တွင် သူရဘွဲ့ရရှိခဲ့သော တပ်ကြပ်ကြီး လှသန်း၊ တပ်ကြပ်ကြီး မြဦး၊ တပ်သားသန်းထွေး၊ တပ်သားညွန့်ဟန်နှင့် တပ်သားသိန်းနိုင်တို့ သည် လည်းကောင်း ကျဆုံးပြီးဖြစ်၍ ၎င်းတို့၏ ကိုယ်စား ၎င်းတို့၏ မိဘဖြစ်သူများနှင့် ဇနီးဖြစ်သူများက ဘွဲ့ တံဆိပ် များကို လက်ခံယူကြသည်။ နိုင်ငံတော်သမ္မတကြီးသည် သီဟသူရဘွဲ့နှင့် သူရဘွဲ့တို့၏ အဆောင်အယောင်တံဆိပ်များကို သက်ဆိုင်သူ ပုဂ္ဂိုလ်များအား အပ်နှင်းပြီးနောက် ဆက်လက်၍ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ် ချီးမြှင့်ခြင်းခံရသည့် ပုဂ္ဂိုလ်များအား မိမိ ကိုယ်စား ချီးမြှင့်အပ်နှင်းနိုင်ရန် ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း တို့မှ ပြည်နယ်နှင့်တိုင်း ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ခြောက်ဦး တို့ကို တာဝန်အပ်နှင်းခဲ့သည်။ [၅]

ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းဂန် စာပေ ပရိယတ်အရာတို့၌ ထူးချွန်သည့်အပြင် အကျင့်သီလ၊ သိက္ခာ သမာဓိတို့နှင့် ပြည့်စုံတော်မူသည့် သံဃာတော် အရှင်မြတ်များ၊ နိုင်ငံတော် ကာကွယ်စောင့်ရှောက်ရေးနှင့် ဆိုရှယ်လစ် စီးပွားရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးတို့အတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက် သူများနှင့် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်သူများ၊ နိုင်ငံတော်၏ လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမဖက် စစ်မှန် သော စေတနာသက်သက်ဖြင့် ထူးခြားပြောင်မြောက်စွာ နကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ ကျေးဇူး သစ္စာကို စောင့်သိလျက် ပေးအပ်သောလုပ်ငန်း တာဝန် များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြသော ပြည်သူ့ဝန်ထမ်းများ အား ထိုက်သင့်သည့် ဂုဏ်ထူးဆောင် ဘွဲ့များနှင့် ဂုဏ်ထူးဆောင် တံဆိပ်များကို နိုင်ငံတော်က နှစ်စဉ်ဆက်ကပ် လှူဒါန်းခြင်း၊ ချီးမြှင့် အပ်နှင်းခြင်း ပြုသည်။ ၃၈ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည့် ၁၉၈၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သော နိုင်ငံတော်ကောင်စီ ၏ အမိန့်ကြော်ငြာစာများအရ ၁၉၈၆ ခုနှစ်၌ ဂုဏ်ထူးဆောင် များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ဆက်ကပ်ခြင်း ခံရသည့် ဆရာတော်ကြီးများနှင့် အပ်နှင်းခြင်း ခံရသည့် ပုဂ္ဂိုလ်များကို ဖော်ပြပါအတိုင်း အမျိုးအစားအလိုက် ခွဲခြား၍ တွေ့ရှိရသည်။

ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် ချီးမြှင့်ခံရသည့်ပုဂ္ဂိုလ်ဦးရေ - အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ၁ - အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ၇ - နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ၇၄ - နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ၃၉ - သူရဘွဲ့ ၂ - သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၅ဝ - လယ်ယာစီးပွားထူးချွန်တံဆိပ် (တတိယဆင့်) ၁ - လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်) ၁ - လူမှုထူးချွန်တံဆိပ် (တတိယဆင့်) ၃၆ - ရဲသူရတံဆိပ် ၂ - ရဲကျော်သူတံဆိပ် ၁ - စစ်မှုထမ်းကောင်းတံဆိပ် ၁၅၆၂ - ရဲမှုထမ်းကောင်းတံဆိပ် ၁၈ - ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ၄ဝ၂ - ပြည်သူ့ဝန်ထမ်းတံဆိပ် ၁၉၈၇၄ - ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ် ၁၄ဝ၂ - ပြည်သူ့ရဲ ပူးတွဲတိုက်ပွဲဝင်တံဆိပ် ၅၂၅ [၆]


ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၀)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၂)
  3. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၃)
  4. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၄)
  5. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၅)
  6. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၆)