ဂိအွန်းပွဲတော်
| ဂိအွန်းပွဲတော် (Gion Matsuri) | |
|---|---|
Yoiyama during the Gion Festival | |
| လိုက်နာကျင့်သုံးသူများ | Kyoto |
| အမျိုးအစား | Religious |
| စတင်သည့်ရက် | 1 July |
| ပြီးဆုံးသည့်ရက် | 31 July |
| ရက်စွဲ | Month of July |
ဂိအွန်းပွဲတော် (祇園祭, Gion Matsuri, ဂိအွန်းမဆွတ်ရိ) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် ကျင်းပသည့် နိုင်ငံ၏ အကြီးဆုံးနှင့် အထင်ရှားဆုံးပွဲတော်များထဲမှ တစ်ခု ဖြစ်သည်။[၁][၁] ဂိအွန်းပွဲတော်ကာလတွင် ကျိုတိုမြို့လယ်နှင့် ယဆကနတ်ကျောင်းတွင် အမျိုးမျိုးသောပွဲတော်၏ အစီအစဉ်များကို ကျင်းပကြသည်။ ယဆကနတ်ကျောင်းသည် ပွဲတော်၏ အဓိကကျသည့် နတ်ကျောင်းဖြစ်ပြီး ကျိုတိုမြို့တွင် ထင်ရှားသည့် ဂိအွန်းအရပ်တွင် တည်ရှိသည်။ ပွဲတော်၏ အမည်သည်လည်း "ဂိအွန်း" ဟူသည့် အမည်ကို အစွဲပြုကာ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ဤပွဲတော်သည် မူလက ရှင်းတိုဘာသာရေးပွဲတော်တစ်ခု ဖြစ်ခဲ့သည်။ ပွဲတော်ကာလတွင် များစွာသော အခမ်းအနားများကို ကျင်းပပြုလုပ်ကြသည်။ ထိုအခမ်းအနားများတွင် "ယမဘိုခိုဂျွန်းခိုး" (山鉾巡行) သည် အထူးထင်ရှားပြီး ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပသည်။[၂][၃]
စီတန်းလှည့်လည်ခြင်းကို သုံးညဆက်ပြုလုပ်ကြပြီး ၎င်းညများကို အစီအစဉ်အလိုက် "ယောအိယောအိယောအိယာမ" (宵々々山), "ယောအိယောအိယာမ"(宵々山), "ယောအိယာမ" (宵山) ဟူ၍ အသီးသီးခေါ်ဆိုကြသည်။ ထိုယောအိယာမ ညအချိန်များတွင် ကျိုတိုမြို့လည်ခေါင်ဧရိယာကို လမ်းလျှောက်သူများအတွက် သီးသန့်နေရာအဖြစ် သတ်မှတ်ထားရှိသည်။ ထို့အပြင် လမ်းများကိုလည်း မီးရောင်စုံများဖြင့် အလှဆင်ထားပြီး ယခိတိုရိ၊ တအိယခိ၊ တခိုယခိ၊ အိုခိုနိုမိယခိ, ဂျပန်သကြားလုံးများ စသည်တို့ကို ရောင်းချကြသည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]- Festival street with food and craft vendors
- Ayagasaboko float marchers
- A yamaboko float (2013)
- Police standing ready
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Brumann, Christoph (2009). "Outside the Glass Case: The Social Life of Urban Heritage in Kyoto". American Ethnologist 36 (2): 276–299. doi:.
- ↑ Como, Michael (2007). "Horses, Dragons, and Disease in Nara Japan". Japanese Journal of Religious Studies 34: 407.
- ↑ Chapin, Helen B (1934). "The Gion Shrine and the Gion Festival". Journal of the American Oriental Society 54 (3): 282–289. doi:.