ဂိအွန်း
ကိုဩဒိနိတ်: 35°00′13″N 135°46′30″E / 35.003496°N 135.775051°E


ဂိအွန်း (祇園) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ဟိဂရှိယာမရပ်ကွက်တွင် တည်ရှိသည့် အရပ်တစ်ခု ဖြစ်သည်။ ဤနေရာသည် ယဆကနတ်ကျောင်း၏ အရှေ့တွင်တည်ရှိပြီး ဆန်းဂိုခုခေတ်ကာလကတည်းက ဖျော်ဖြေမှုဝန်ဆောင်မှုများရှိရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ ဤအရပ်သည် ယဆကနတ်ကျောင်းသို့ လာရောက်လည်ပတ်ကြသည့်ခရီးသွားများအတွက် လိုက်လျောညီထွေဖြစ်စေရန် တည်ဆောက်ထားသည်။ ဤနေရာသည် ဂျပန်နိုင်ငံတွင် တည်ရှိသည့် ဂဲရှအရပ် (geisha district) များအားလုံးထဲတွင် ထူးခြားပြီး လူသိအများဆုံး တစ်ခုလည်း ဖြစ်သည်။ ဂိအွန်းဆိုသည့် အမည်သည် "ဇေတဝန်"ဟူသည့် ဗုဒ္ဓဘာသာစကားရပ်ကို ဂျပန်ဘာသာပြန်ထားသည့် အသုံးအနှုန်း ဖြစ်သည်။[၁][၂] ဤအရပ်တွင် တည်ရှိသည့် ယဆကနတ်ကျောင်းသည် ဂိအွန်းဝတ်ပြုရာနေရာများ (Gion faith) ၏ အလယ်ဗဟိုတွင် တည်ရှိသည်။[၃]
ကျိုတိုမြို့ရှိ ဖျော်ဖြေသူများသည် မိမိကိုယ်မိမိ "ဂဲရှ" ဟု ခေါ်ဝေါ်သုံးစွဲမှုရှိဘဲ၊ ဒေသအခေါ်ဖြစ်သည့် "ဂဲခို" ဟု ခေါ်ဝေါ်သည်။ "ဂဲရှ" သည် အနုပညာရှင် သို့မဟုတ် ဖျော်ဖြေသူ ဟု အဓိပ္ပါယ်ရပြီး "ဂဲခို" သည် အနုပညာသည်အမျိုးသမီးဟု အဓိပ္ပါယ်ရသည်။
နေရာများ
[ပြင်ဆင်ရန်]- ဂိအွန်းရှိ လမ်းတစ်ခု
- ဂိအွန်းတဆုမိတံတားသို့သွားရာလမ်းရှိ နေအိမ်များ
- ရှိရခဝမြစ်တစ်လျှောက်
- ၁၈၈၆ ခုနှစ်တွင် တွေ့ရသည့် ရှိဂျောလမ်းမ
ဖျော်ဖြေမှုများ
[ပြင်ဆင်ရန်]
ဂဲရှ
[ပြင်ဆင်ရန်]ဂိအွန်းတွင် "မချိယ" ဟု ခေါ်သည့် ရှေးဟောင်းဂျပန်ပုံစံအိမ်များ များစွာရှိသည်။ "မချိယ" သည် "မြို့အိမ်များ" ဟု အဓိပ္ပါယ်ရသည်။ အချို့သော အိမ်များမှာ ရေနွေးကြမ်းရောင်းသည့်ဆိုင်များဖြစ်သည့် "အိုချယ" များအဖြစ် အသုံးပြုကြသည်။ အိုချယများတွင် ဖျော်ဖြေတင်ဆက်ကြသူများဖြစ်သည့် "ဂဲရှ" များသည် သီဆိုချင်း၊ ကပြတင်ဆင်ခြင်းနှင့် ပါတီများ ပြုလုပ်ခြင်းတို့ဖြင့် ဧည့်သည်များကို ဝန်ဆောင်မှုပေးဧည့်ခံကြသည်။ ဖျော်ဖြေတင်ဆက်ကြသူများဖြစ်သည့် ဂဲရှ နှင့် မိုင်ခို များကို ထိုအရပ်၌ သွားရာလမ်းတစ်လျှောက်တွင် တွေ့နိုင်သည်။[ကိုးကားချက်လိုသည်] ဂဲရှ နှင့် မိုင်ခိုများသည် နှစ်စဉ် စင်တင်ကပြဖျော်ဖြေသည့်ပွဲကိုလည်း ပြုလုပ်ကြသည်။ ၎င်းပွဲတော်ကို "မိယခိုအိုဒိုရိ" ဟု ခေါ်သည်။ ထိုပွဲတော်တွင် အချို့သောဖျော်ဖြေတင်ဆက်ကြသူများသည် ဂိအွန်းကော်နာတွင်လည်း နိုင်ငံခြားသားဧည့်သည်များကို ကပြတင်ဆက်ကြသေးသည်။
အခြားဖျော်ဖြေမှုများ
[ပြင်ဆင်ရန်]ဂိအွန်းတွင် ခေတ်မီဖျော်ဖြေတင်ဆက်မှုများကို ခံစားနိုင်သည်။ အထူးသဖြင့် ရှိဂျောလမ်းမတစ်လျှောက်တွင် စားသောက်ဆိုင်များ၊ ကလပ်များ၊ ပချင်ခိုများ (pachinko) နျင့် အခြားသော လောင်းကစားများလည်း ရှိသည်။ ရှိဂျောလမ်းမသည် နိုင်ငံခြားသားခရီးသွားများအတွက် အဓိကလည်ပတ်စရာနေရာအဖြစ်သာမက မြို့ခံများအတွက်လည်း ညလည်ပတ်စရာအဖြစ် ထင်ရှားသည်။ လမ်းမများသည် ခေတ်မီပုံစံဖြင့်တည်ရှိနေကြသော်လည်း တိတ်ဆိတ်သည့် လမ်းပေါ်တွင် ရိုးရာဗိသုကာလက်ရာများ တည်ရှိနေကြသေးသည်။ ဥပမာအားဖြင့် "ဟနမိလမ်းသွယ်" (花見小路, Hanami-kōji) ကဲ့သို့သောလမ်းများ ဖြစ်သည်။
ခမိုမြစ်အတွင်းသို့ မစီးဝင်မီနေရာအထိ ရှိရခဝမြစ်ကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားသည်။ အချို့သောနေရာများတွင် မြစ်၏ ဟိုဘက်ကမ်းသည်ဘက်ကမ်းကို တံတားဖြင့် ကူးနိုင်သည်။ မြစ်၏ တောင်ဘက်အခြမ်းတွင် ရိုးရာဟန်ပန်ကျန်ရှိနေသည့် အဆောက်အဦများ ရှိသည်။
နှစ်ပတ်လည်ပွဲတော်များ
[ပြင်ဆင်ရန်]ဂဲရှများနှင့် ဂိအွန်းရှိ မိုင်ခိုများသည် ကျိုတိုမြို့ရှိ ဂဲရှအရပ် (၅) ခုတွင် နှစ်စဉ် ဖျော်ဖြေသည့်ပွဲများကို ပြုလုပ်ကြသည်။ အစောဆုံးကပြဖျော်ဖြေခဲ့သည့်မှတ်တမ်းမှာ ၁၈၇၂ တွင် ကျင်းပခဲ့သည့် "ကျိုတိုပြပွဲ" (Kyoto exhibition) ဖြစ်သည်။ ထိုအကများထဲတွင် ထင်ရှားသည့်အကမှာ မိယခိုအိုဒိုရိ ဖြစ်သည်။ အဓိပ္ပါယ်မှာ မြို့တော်ဟောင်းအက ဟု အဓိပ္ပါယ်ရသည်။ တစ်ခါတရံ "ချယ်ရီပန်းပွင့်အက" ဟုလည်း ရည်ညွှန်းပြောဆိုကြသည်။ နှစ်စဉ် ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ချယ်ရီပန်းပွင့်သည့်ကာလတွင် ကပြမှုများကို ပြုလုပ်ကြသည်။ ဂျပန်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းမှ ကြည့်ရှုသူများသည် ပွဲတော်သို့လာရောက်ကြသည်။ ဂိအွန်းဟိဂရှိတွင်လည်း နိုဝင်ဘာလအစောပိုင်း ဆောင်းဦးသစ်ရွက်များအရောင်ပြောင်းသည့်အချိန်တွင် "ဂိအွန်းအိုဒိုရိ" ဟု သိကြသည့် အကကို ကပြဖျော်ဖြေကြသည်။
ပညာရေး
[ပြင်ဆင်ရန်]ကျိုတိုမြူနီစီပယ်ပညာရေးအဖွဲ့သည် အစိုးရမူလတန်းနှင့် အလယ်တန်းကျောင်းများကို ဖွင့်လှစ်ထားရှိသည်။ ဂိအွန်းမချိခိတဂဝနှင့် ဂိအွန်းမချိမိနမိဂဝတွင် ခိုင်းဆဲအိမူလတန်းနှင့် အလယ်တန်းအဆင့်ကျောင်း ရှိသည်။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Jetavana Monastery။ Soka Gakkai။ 2021-08-24 တွင် ပြန်စစ်ပြီး။
- ↑ Muller၊ Charles (2010)။ 祇園精舍။ 2021-08-24 တွင် ပြန်စစ်ပြီး။
- ↑ kyotokankoyagi (2021-01-06)။ Gozu Tenno and Yasaka shrine: The Deity is still alive in the fear of COVID-19 牛頭天王英語で説明 (in ja)။ 2022-06-16 တွင် ပြန်စစ်ပြီး။