ဂိဖုခရိုင်
| Gifu Prefecture 岐阜県 | |||
|---|---|---|---|
| Prefecture | |||
| Japanese စာသားဖြင့် ဖော်ပြခြင်း | |||
| • Japanese | 岐阜県 | ||
| • Rōmaji | Gifu-ken | ||
Spring Festival in Takayama Shirakawa-go A monument in Battle of Sekigahara Usuzumi cherry-blossom in Motosu | |||
| |||
| အထိမ်းအမှတ်သီချင်း: Gifu kenmin no uta | |||
| Country | |||
| Region | Chūbu (Tōkai) | ||
| Island | Honshu | ||
| Capital | Gifu | ||
| Subdivisions | Districts: 9, Municipalities: 42 | ||
| အစိုးရ | |||
| • Governor | Yoshihide Esaki | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၁၀၆၂၁.၂၉ စတုရန်းကီလိုမီတာ (၄၁၀၀.၉၀ စတုရန်းမိုင်) | ||
| ဧရိယာအဆင့် | 7th | ||
| လူဦးရေ (Summer, 2025) | |||
| • စုစုပေါင်း | ၂၀၄၀၀၀၀ | ||
| • အဆင့် | 17th | ||
| • သိပ်သည်းမှု | ၁၉၀/km၂ (၅၀၀/sq mi) | ||
| GDP[၁] | |||
| • Total | JP¥8,225 billion US$60.8 billion (2022) | ||
| ISO 3166 ကုဒ် | JP-21 | ||
| ဝဘ်ဆိုက် | pref.gifu.lg.jp/English | ||

ဂိဖုခရိုင် (岐阜県, ဂိဖုခန်း) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်း၊ ချူးဘုဒေသရှိ ခရိုင်တစ်ခု ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ အချက်အလက်အရ ဂျိဖုခရိုင်တွင် လူဦးရေ ၂,၀၄၀,၀၀၀ ဦး နေထိုင်ကြသည်။ ခရိုင်သည် ဧရိယာ ၁၀,၆၂၁ စတုရန်းကီလိုမီတာ (၄,၁၀၁ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ဂိဖုခရိုင်သည် မြောက်ဘက်တွင် တိုယမခရိုင်၊ အနောက်မြောက်ဘက်တွင် အိရှိခဝခရိုင်၊ အနောက်ဘက်တွင် ရှိဂခရိုင်နှင့် ဖုခုအိခရိုင်၊ အနောက်တောင်ဘက်တွင် မိအဲခရိုင်၊ တောင်ဘက်တွင် အအိချိခရိုင်၊ အရှေ့ဘက်တွင် နဂနိုခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ဂိဖုမြို့သည် ခရိုင်၏ အကြီးဆုံးမြို့နှင့် မြို့တော် ဖြစ်သည်။ အခြားအဓိကမြို့များတွင် အိုးဂခိမြို့၊ နခမိဂဟရမြို့နှင့် တဂျိမိမြို့တို့ ပါဝင်သည်။
ဂိဖုခရိုင်သည် ဂျပန်နိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ဂျပန်ကုန်းတွင်းပိုင်းရှိ ခရိုင်ရှစ်ခုထဲတွင် တစ်ခု ပါဝင်သည်။ ဂိဖုခရိုင်သည် နိုင်ငံ၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို ဆက်သွယ်ပေးသည့် ရှေးခေတ်လမ်းများကြီးများ ဖြတ်သန်းရာ နေရာလည်း ဖြစ်သည်။ ထိုလမ်းများတွင် အဲဒိုခေတ်တွင် အသုံးပြုခဲ့သည့် လမ်းမကြီး ငါးခုထဲရှိ "နခဆန်းဒိုး" လည်း ပါဝင်သည်။ ဂိဖုခရိုင်တွင် ရိုးရာ "ဝရှိ" စက္ကူလုပ်ငန်း၊ ဂိဖုမီးအိမ်၊ ဂိဖုထီးနှင့် ဂျပန်ဓားပန်းပဲဖိုများ၊ အခြားမီးဖိုချောင်သုံးဓားများကို ထုတ်လုပ်သည်။ ဂိဖုခရိုင်တွင် ဂိဖုရဲတိုက် တည်ရှိသည်။ ထိုရဲတိုက်သည် နှစ် ၁၃၀၀ သက်တမ်းရှိပြီဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဂိဖုခရိုင်သည် ဟွန်းရှူးကျွန်း၏ အလယ်ဗဟိုတွင် ရှိနေသည်။ ထို့ကြောင့် ဂျပန်နိုင်ငံ၏ သမိုင်းတလျှောက် ဖြစ်ပွားခဲ့သည့် အဆုံးအဖြတ်တိုက်ပွဲများစွာသည် ဂိဖုခရိုင်တည်ရှိရာ နယ်မြေတွင် ဖြစ်ပွားခဲ့သည်။ ထိုအထဲမှ ရှေးအကျဆုံးအဓိကကျသည့် တိုက်ပွဲမှာ ၆၇၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဂျင်းရှင်းတိုက်ပွဲ ဖြစ်သည်။ ၎င်းတိုက်ပွဲသည် တန်းမူး (Tenmu) ဂျပန်အင်ပါယာ၏ ၄၀ ဦးမြောက်ဘုရင် ဖြစ်လာစေခဲ့သည်။
ဂိဖုခရိုင်အတွင်းတွင် ရှေးခေတ်ပြည်နယ်များဖြစ်သည့် ဟိဒနှင့် မိနိုတို့ တည်ရှိခဲ့ကြသည်။ ခရိုင်၏ အမည်သည် မြို့တော် "ဂိဖု" မှ ဆင်းသက်ဖြစ်ပေါ်လာသည်။ "ဂိဖု" ဟူသည့် အမည်ကို ၁၅၆၇ ခုနှစ်တွင် အိဒနိုဘုနဂ သည် ဂျပန်တစ်နိုင်ငံလဒ့ဂကို စည်းလုံးစေရန် ပြုလုပ်ခဲ့သည့် စည်းရုံးပွဲတွင် ပေးခဲ့သည်။ ခရိုင်အတွက် အသုံးပြုခဲ့သည့် ပထမအက္ခရာသည် (岐山) ဖြစ်သည်။ တရုတ်နိုင်ငံပေါင်းစည်းမှုသမိုင်းကြောင်း၏ ဒဏ္ဍာရီလာတောင်၏ အမည်ဖြစ်သည်။ ဒုတိယအက္ခရာသည် (曲阜) ဖြစ်ပြီး ကွန်ဖြူးရှပ်၏ မွေးရပ်မြေကို ဖော်ပြသည့် စကားလုံး ဖြစ်သည်။ နိုဘုနဂသည် ဂျပန်နိုင်ငံကို စည်းလုံးစေချင်သည့် ရည်ရွယ်ချက်ဖြင့် ဤစကားလုံးနှစ်ခုကို အသုံးပြုခဲ့သည်။
သမိုင်းကြောင်းအရ ဂိဖုခရိုင်သည် ဂျပန်တစ်နိုင်လုံးအတွက် ဓားများထုတ်လုပ်ရာအဓိကနေရာ ဖြစ်ခဲ့သည်။ ဆဲခိမြို့သည် ဂျပန်နိုင်ငံ၏ အကောင်းဆုံးဓားရှည်များကို ထုတ်လုပ်သည့်အတွက် လူသိများသည်။ မကြာသေးမီကာလတွင် ဂိဖုခရိုင် အထူးသဖြင့် ဂိဖုမြို့တွင် ဖက်ရှင်လုပ်ငန်းများ လုပ်ကိုင်လာကြသည်။ ခခမိဂဟရမြို့တွင် လေကြောင်းအင်ဂျင်နီယာလုပ်ငန်းများလည်း လုပ်ကိုင်လာကြသည်။
၁၈၉၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ရက်နေ့တွင် လက်ရှိကာလ မိတိုဆုမြို့သည် "မိနိုအိုဝရိငလျင်" ၏ ဗဟိုချက် ဖြစ်ခဲ့သည်။ ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့ဖူးသမျှ ငလျင်များထဲတွင် ဒုတိယအကြီးဆုံးငလျင် ဖြစ်သည်။ ငလျင်သည် ပြင်းအား ၈.၀ ရှိခဲ့သည်။
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]ဂိဖုခရိုင်သည် ပထဝီသွင်ပြင်အားဖြင့် ကုန်းတွင်းပိတ်မိနေသည့် ဂျပန်နိုင်ငံရှိ ခရိုင်အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။ နယ်နိမိတ်ထိစပ်နေသည့် ခရိုင် ခုနစ်ခု ရှိသည်။ ၎င်းတို့မှာ တိုယမခရိုင်၊ အိရှိခဝခရိုင်၊ ဖုခုအိခရိုင်၊ ရှိဂခရိုင်၊ မိအဲခရိုင်၊ အအိချိခရိုင်နှင့် နဂနိုခရိုင်တို့ ဖြစ်သည်။ ဂျပန်နိုင်ငံ၏ စာပို့ကုတ်နံပါတ်များအားလုံးသည် ၀၀၁ မှ ၉၉၉ အထိ ဂဏန်းသုံးလုံးဖြင့် စတင်သည်။ ဂိဖုခရိုင်သည် ဂျပန်နိုင်ငံ၏ အလယ်ဗဟိုတွင် ရှိသည့်အတွက် စာပို့ကုတ်နံပါတ်သည် ၅၀၀ ဖြင့် စတင်သည်။
၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အချက်အလက်အရ ခရိုင်၏ ကုန်းမြေဧရိယာ ၁၈ ရာခိုင်နှုန်းသည် အမျိုးသားပန်းခြံများ ဖြစ်ကြသည်။ ၎င်းတို့တွင် ဟခုဆန်နှင့် ချူးဘု - ဆန်းဂခုအမျိုးသားဥယျာဉ်၊ ဟိဒ ခိဆိုဂဝနှင့် အိဘိ - ဆဲခိဂဟရ - ယောရိုး အမျိုးသားဥယျာဉ်နှင့် ခရိုင်အမျိုးသားပန်းခြံ ၁၅ ခု ပါဝင်သည်။[၂]
ဒေသများ
[ပြင်ဆင်ရန်]ဂိဖုခရိုင်တွင် တရားဝင်သတ်မှတ်ထားခြင်းမရှိသည့် ဒေသငါးခု ပါဝင်သည်။ ၎င်းဒေသငါးခုမှာ ဆဲနိုး[၃]၊ ဂိဖု[၄]၊ ချူးနိုး[၅]၊ တိုးနိုး[၆]နှင့် ဟိဒ[၇]တို့ ဖြစ်သည်။ ထိုဒေသများ၏ နယ်နိမိတ်များကိုမူ တိတိကျကျ သတ်မှတ်ထားမှု မရှိပေ။
မြေမျက်နှာသွင်ပြင်
[ပြင်ဆင်ရန်]ဟိဒဒေသမြောက်ပိုင်းသည် မြင့်မားသည့် တောင်တန်းများ ရှိကြသည်။ ၎င်းတောင်တန်းများတွင် ဂျပန်တောင်တန်းများ၏ အစိတ်အပိုင်းများ ပါဝင်သည်။ မိနိုဒေသတောင်ပိုင်းသည် နိုးဘိလွင်ပြင်၏ အစိတ်အပိုင်းများစွာ ပါဝင်နေသည်။ နိုးဘိလွင်ပြင်သည် စိုက်ပျိုးနိုင်သည့်မြေဆီလွှာများ ပါဝင်သည့် ကြီးမားကျယ်ပြန့်သည့် လွင်ပြင် ဖြစ်သည်။ ခရိုင်လူဦးရေ၏ အများစုသည် ခရိုင်၏ တောင်ဘက်ပိုင်း၊ နဂိုယမြို့၏ အနီးအနားတွင် နေထိုင်ကြသည်။
တောင်ထူထပ်သည့် ဟိဒဒေသတွင် ဟိဒတောင်တန်း တည်ရှိနေသည်။ ဟိဒတောင်တန်းကို ဂျပန်နိုင်ငံတွင် "မြောက်ပိုင်းတောင်တန်း" ဟုလည်း ခေါ်ကြသည်။ ရောဟခုတောင်တန်းသည်လည်း ဟိဒဒေသတွင်ပင် ပါဝင်သည်။ အခြားသော အဓိကကျသည့် တောင်တန်းများမှာ အိဘုခိတောင်တန်းနှင့် ယောရိုးတောင်တန်းတို့ ဖြစ်သည်။
မိနိုဒေသတွင် ခိဆိုမြစ်သုံးစင်း တည်ရှိပြီး ဒေသ၏မြေအများစုသည် နုန်းမြေများ ဖြစ်သည်။ ၎င်းခိဆိုမြစ်သုံးစင်းတွင် ခိဆိုမြစ်၊ နဂရမြစ်နှင့် အိဘိမြစ်တို့ ပါဝင်သည်။ ခိဆိုမြစ်သည် နဂနိုခရိုင်တွင် စတင်မြစ်ဖျားခံစီးဆင်းလာပြီး၊ အခြားမြစ်နှစ်စင်းသည် ဂိဖုခရိုင်တွင် မြစ်ဖျားခံ စီးဆင်းသည်။ ဤမြစ်များသည် အိဆဲပင်လယ်အော်အတွင်း မဝင်ရောက်မီ အအိချိခရိုင်နှင့် မိအဲခရိုင်များကို ဖြတ်သန်းစီးဆင်းသည်။ ခရိုင်အတွင်းရှိ အခြားအဓိကကျသည့် မြစ်များတွင် မိယမြစ်၊ တခဟရမြစ်၊ ရှောမြစ်၊ တိုခိမြစ် (ရှောနိုင်း)၊ ယဟဂိမြစ်နှင့် အိတိုရှိရိုမြစ်တို့ ပါဝင်သည်။
မြို့ပြဒေသများ
[ပြင်ဆင်ရန်]ဂိဖုခရိုင်အတွင်းရှိ မြို့ပြဒေသများ၊ မြို့များ၊ ရွာများနှင့် ဒေသများမှာ အောက်ပါအတိုင်း ဖြစ်သည်။
မြို့ပြ
[ပြင်ဆင်ရန်]ဂိဖုခရိုင်တွင် မြို့ပြဒေသသည် ၂၁ ခု ရှိသည်။


| အမည် | ဧရိယာ (km2) | လူဦးရေ | မြေပုံ | |
|---|---|---|---|---|
| Rōmaji | Kanji | |||
| 恵那市 | 504.24 | 48,777 | ||
| 下呂市 | 851.21 | 33,283 | ||
| 岐阜市 | 203.60 | 400,118 | ||
| 郡上市 | 1,030.75 | 41,858 | ||
| 羽島市 | 53.66 | 67,909 | ||
| 飛騨市 | 792.53 | 24,726 | ||
| 海津市 | 112.03 | 34,960 | ||
| 各務原市 | 87.81 | 148,225 | ||
| 可児市 | 87.57 | 99,826 | ||
| 美濃市 | 117.01 | 20,749 | ||
| 美濃加茂市 | 74.81 | 56,972 | ||
| 瑞穂市 | 28.19 | 54,686 | ||
| 瑞浪市 | 174.86 | 37,705 | ||
| 本巣市 | 374.65 | 34,453 | ||
| 中津川市 | 676.45 | 78,930 | ||
| 大垣市 | 206.57 | 161,539 | ||
| 関市 | 472.33 | 89,020 | ||
| 多治見市 | 91.25 | 110,070 | ||
| 高山市 | 2,177.61 | 81,968 | ||
| 土岐市 | 116.02 | 58,567 | ||
| 山県市 | 221.98 | 27,356 | ||
မြို့နှင့် ရွာများ
[ပြင်ဆင်ရန်]ဂိဖုခရိုင်အတွင်းရှိ ဒေသတစ်ခုချင်းစီတွင် အောက်ပါမြို့များနှင့် ရွာများ တည်ရှိကြသည်။
| အမည် | ဧရိယာ (km2) | လူဦးရေ | ဒေသ | မြေပုံ | |
|---|---|---|---|---|---|
| ရိုမဂျိ | ခန်းဂျိ | ||||
| 安八町 | 18.19 | 15,072 | Anpachi District | ||
| 岐南町 | 7.91 | 25,661 | Hashima District | ||
| 神戸町 | 18.78 | 19,361 | Anpachi District | ||
| 七宗町 | 40.4 | 3,801 | Kamo District | ||
| 東白川村 | 87.09 | 2,278 | Kamo District | ||
| 揖斐川町 | 803.44 | 21,319 | Ibi District | ||
| 池田町 | 38.80 | 24,034 | Ibi District | ||
| 笠松町 | 10.3 | 22,273 | Hashima District | ||
| 川辺町 | 41.16 | 10,303 | Kamo District | ||
| 北方町 | 5.18 | 18,410 | Motosu District | ||
| 御嵩町 | 56.69 | 18,363 | Kani District | ||
| 大野町 | 34.20 | 23,111 | Ibi District | ||
| 坂祝町 | 12.87 | 8,253 | Kamo District | ||
| 関ケ原町 | 49.28 | 7,109 | Fuwa District | ||
| 白川町 | 237.90 | 8,288 | Kamo District | ||
| 白川村 | 356.64 | 1,630 | Ōno District | ||
| 垂井町 | 57.09 | 25,632 | Fuwa District | ||
| 富加町 | 16.82 | 5,714 | Kamo District | ||
| 輪之内町 | 22.33 | 9,910 | Anpachi District | ||
| 八百津町 | 128.79 | 11,036 | Kamo District | ||
| 養老町 | 72.29 | 29,309 | Yōrō District | ||
ဒေသပေါင်းစပ်မှုများ
[ပြင်ဆင်ရန်]စီးပွားရေး
[ပြင်ဆင်ရန်]ဂိဖုခရိုင်တွင် စက္ကူပြုလုပ်ခြင်းနှင့် စိုက်ပျိုးရေးကဲ့သို့သော ရိုးရာလုပ်ငန်းများကို တွေ့နိုင်သည်။ သို့သော်လည်း ခရိုင်၏ စီးပွားရေးကို လွှမ်းမိုးထားသည်မှာ ထုတ်လုပ်ရေးကဏ္ဍ ဖြစ်သည်။ ခရိုင်တွင် လေကြောင်းဆိုင်ရာနှင့် ကားလုပ်ငန်းဆိုင်ရာ ထုတ်လုပ်ရေးလုပ်ငန်းများ ရှိကြသည်။ စက်ရုံများသည် နဂိုယဧရိယာမှသည် ခရိုင်အထိ ဖြန့်ကျက်တည်ရှီနေကြသည်။ အသေးစားပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းသည်လည်း များပြားစွာ တည်ရှိသည်။ ဥပမာအားဖြင့် တိုင်းတာရေးစက်ကိရိယာများ၊ အရောင်ဆိုးဆေးနှင့် ပုံစံခွက်ပြုလုပ်သည့်လုပ်ငန်းနှင့် ပလပ်စတစ်ပုံစံသွင်းခြင်း လုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။
ရိုးရာလုပ်ငန်းများ
[ပြင်ဆင်ရန်]
ဂိဖုခရိုင်သည် တင်ကျီးငှက်ဖမ်းခြင်းသည် သမိုင်းအကြောင်းအရ နှစ် ၁၃၀၀ ကျော်ရှိပြီဖြစ်ကာ အလွန်ထင်ရှားသည်။ ခရိုင်တွင် ကျယ်ပြန့်သော စိုက်ပျိုးနိုင်သည့်လွင်ပြင်များ ရှိသဖြင့် စိုက်ပျိုးရေးသည်လည်း အဓိကကျသည့် လုပ်ငန်း ဖြစ်သည်။ ခရိုင်မြောက်ဘက်ပိုင်းရှိ သစ်တောများသည် သစ်လုပ်ငန်းအတွက်လိုအပ်သည့် သစ်သားများကို ထောက်ပံ့ပေးလျက်ရှိသည်။ ထို့အပြင် တင်ကျီးငှက်ဖမ်းရာတွင် အသုံးပြုသည့် လှေများပြုလုပ်ရာတွင်လည်း ထိုသစ်သားများကို အသုံးပြုသည်။
မိနိုဒေသသည် "မိနိုဝရှိ" ဟုခေါ်သည့် အရည်အသွေးမြင့်သည့် စက္ကူထွက်ရှိသည့် လူသိများသည်။ ထိုစက္ကူများသည် ဂျပန်နိုင်ငံရှိ အခြားသော စက္ကူအများစုထက် ပါးလွှာကာ ခိုင်ခန့်သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်စစ်တပ်သည် ထိုစက္ကူများကို အသုံးပြုခဲ့ကြသည်။ အခြားစက္ကူကို အသုံးပြုကာ ထုတ်လုပ်သည့် ပစ္စည်းများဖြစ်သည့် ဂိဖုမီးအိမ်နှင့် ဂျိဖုထီးများကို ခရိုင်မြို့တော် ဂိဖုမြို့တွင် ပြုလုပ်သည်။ "မိနိုယခိအိုး" သည်လည်း ခရိုင်၏ ရိုးရာထုတ်ကုန် ဖြစ်ပြန်သည်။ ထိုအိုးကို တဂျိမိမြို့၊ တိုခိမြို့၊ မိဇုနမိမြို့တို့တွင် ပြလုပ်ကြသည်။[၈]
ခေတ်မီလုပ်ငန်းများ
[ပြင်ဆင်ရန်]ခခမိဂဟရမြို့သည် ခရိုင်၏ ခေတ်မီလုပ်ငန်းများတွင် ကြီးမားသည့်အခန်းတွင် ပါဝင်သည်။ ဤမြို့တွင် လေကြောင်းဆိုင်ရာပစ္စည်းများထုတ်လုပ်သည့် ခဝဆခိလုပ်ငန်းကြီးနှင့် မိဆွတ်ဘိရှိလုပ်ငန်းကြီးတို့ ရှိကြသည်။ ထို့အပြင် များစွာသော သတ္ထုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများလည်း ရှိသည်။
ခရိုင်အတွင်းတွင် သတင်းအချက်အလက်နည်းပညာကဏ္ဍသည်လည်း ခြေကုပ်ရရှိလာပြီ ဖြစ်သည်။ အိုးဂခိမြို့တွင် ဆော့တိုပီးယားဂျပန် (Softopia Japan) နှင့် ခမိဂဟရမြို့တွင် VR Techno Japan တို့ ရှိကြသည်။ အိုးဂခိမြို့နှင့် ခမိဂဟရမြို့အကြားရှိ ခရိုင်မြို့တော် ဂိဖုသည်လည်း အိုင်တီလုပ်ငန်း တိုးတက်လာစေရန် လုပ်ဆောင်လျက်ရှိသည်။
ခရီးသွားလုပ်ငန်း
[ပြင်ဆင်ရန်]ဂိဖုခရိုင်တွင် များစွာသော ခရီးသွားနေရာများရှိသည်။ ခရိုင်၏ အစိတ်အပိုင်းအားလုံးသို့ ခရီးသွားများသည် သွားရောက်လည်ပတ်ကြသည်။ အထင်ရှားဆုံးနေရာများမှာ ဂိဖုမြို့၊ ဂဲရိုမြို့၊ ရှိရခဝရွာနှင့် တခယမမြို့တို့ ဖြစ်ကြသည်။ ဂဲရိုမြို့သည် အပန်းဖြေနိုင်သည့် ရေပူစမ်းများ ရှိသဖြင့် တစ်နှစ်ပတ်လုံး ခရီးသွားများကို ဆွဲဆောင်ထားနိုင်သည့်နေရာ ဖြစ်သည်။ ရှိရခဝရွာသည် သမိုင်းကြောင်းရှိသည့် ရွာဖြစ်ကာ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ ဖြစ်သည်။ တခယမသည် မူလအသွင်အပြင်လက္ခဏာများကို ထိန်းသိမ်းထားသဖြင့် ထင်ရှားသည်။ တစ်ခါတရံ ဤမြို့ကို "ကျိုတိုမြို့ငယ်"ဟုပင် တင်စားခေါ်ဝေါ်ကြသည်။
နိုင်ငံတကာခရီးသွားများအတွက် ဂိဖုမြို့သည် များစွာသော နိုင်ငံတကာပွဲတော်များကို ကျင်းပသည်။ ၂၀၀၅ ခုနှစ်တွင် ခိုင်းဇုမြို့တွင် ကမ္ဘာ့လှေလှော်ချန်ပီယံပြိုင်ပွဲကို ကျင်းပခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဂုဂျောမြို့တွင် FIS ကမ္ဘာ့နှင်းလျှောစီးပြိုင်ပွဲကို ကျင်းပခဲ့သည်။ APEC Japan 2010 SME ဝန်ကြီးများအစည်းအဝေးကို ဂိဖုမြို့တွင် ကျင်းပခဲ့သည်။
လူဦးရေဆိုင်ရာ
[ပြင်ဆင်ရန်]
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အရ ခရိုင်လူဦးရေသည် ၂,၀၄၀,၀၀၀ ဦး ရှိသည်။ မြို့ပြများတွင် ခန့်မှန်းခြေ ၁.၈ သန်းနေထိုင်ကြသည်။ ကျန်အရေအတွက်သည် မြို့ငယ်များနှင့် ရွာများတွင် နေထိုင်ကြသည်။[၉] အမျိုးသားသည် ၄၈.၄ ရာခိုင်နှုန်းနှင့် အမျိုးသမီးသည် ၅၁.၆ ရာခိုင်နှုန်း ရှိသည်။ လူဦးရေ၏ ၁၄.၄ ရာခိုင်နှုန်းသည် အသက်၁၄ နှစ်ကျော်များ ဖြစ်ကြပြီး ထိုအထဲမှ ၂၂.၁ ရာခိုင်နှုန်းသည် အနည်းဆုံးအသက် ၆၅ နှစ်ရှိနေကြသူများ ဖြစ်သည်။
ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းများအရ နိုင်ငံလူဦးရေ၏ ဗဟိုချက်သည် ဂိဖုခရိုင်တွင် ရှိသည်။ ၂၀၀၀ ခုနှစ်တွင် လူဦးရေဗဟိုချက်သည် မုဂိမြို့တွင် ရှိခဲ့သည်။ မကြာသေးမီ ၂၀၀၅ ခုနှစ် လူဦးရေစာရင်းများအရ လူဦးရေဗဟိုချက်သည် အနည်းငယ်အရှေ့ဘက်သို့ ရွေ့လျားသွားကာ ဂိဖုမြို့အတွင်း ရှိနေသည်။
ပညာရေး
[ပြင်ဆင်ရန်]
- Asahi University
- Chubu Gakuin University
- Chukyo Gakuin University
- Gifu City Women's College
- Gifu College of Nursing
- Gifu Keizai University
- Gifu Pharmaceutical University
- Gifu Shotoku Gakuen University
- Gifu University
- Gifu University of Medical Science
- Gifu Women's University
- Institute of Advanced Media Arts and Sciences
- Tokai Gakuin University
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]ရထား
[ပြင်ဆင်ရန်]
ကားလမ်း
[ပြင်ဆင်ရန်]အမြန်လမ်းများ
[ပြင်ဆင်ရန်]- Chubu Jukan Expressway
- Chuo Expressway
- Hakusan Forest Road
- Meishin Expressway
- Mount Ibuki Toll Road
- Nagaragawa Riversideway
- Tokai Hokuriku Expressway
- Tokai Loop Expressway
နိုင်ငံအဆင့်အမြန်လမ်းမများ
[ပြင်ဆင်ရန်]ပြင်ပလင့်များ
[ပြင်ဆင်ရန်]
Wikivoyage ရှိ Gifu (prefecture) သို့ ခရီးသွားလမ်းညွှန်များ- တရားဝင် ဝက်ဘ်ဆိုက်တ်
- Gifu travel guide December 4, 2015, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Go Gifu (blog about tourism in Gifu)
- Map of Gifu Prefecture in 1891. National Archives of Japan.
ကိုးကား
[ပြင်ဆင်ရန်]- ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}. (in ja)။ Ministry of the Environment (31 March 2019)။ 22 July 2019 တွင် ပြန်စစ်ပြီး။
- ↑ Nishi Mino Portal Site. (in ဂျပန်) Ginet. Accessed June 24, 2008.
- ↑ Gifu Regional Promotion Office September 27, 2011, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. (in ဂျပန်) Gifu Prefecture. Accessed August 9, 2011.
- ↑ Chūnō Promotion Office September 27, 2011, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. (in ဂျပန်) Gifu Prefecture. Accessed August 9, 2011.
- ↑ Tōnō Promotional Office September 27, 2011, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. (in ဂျပန်) Gifu Prefecture. Accessed August 9, 2011.
- ↑ Hida Promotional Office September 27, 2011, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. (in ဂျပန်) Gifu Prefecture. Accessed August 9, 2011.
- ↑ Greg Goebel။ The Fire Balloons။ March 3, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 23, 2007 တွင် ပြန်စစ်ပြီး။
- ↑ Statistics Division of Gifu Prefecture October 14, 2007, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .. (in ဂျပန်) Gifu Prefecture. Accessed November 2, 2007.