ဂရိ အမျိုးသား ဘောလုံးအသင်း

ဝီကီပီးဒီးယား မှ
ဂရိ
Shirt badge/Association crest
အမည်ပြောင်Ethniki (National)
Galanolefki (Sky blue-white)
အဖွဲ့Hellenic Football Federation (HFF)
(Ελληνική Ποδοσφαιρική Ομοσπονδία – ΕΠΟ)
မဟာမိတ်အဖွဲ့ယူအေးဖာ (ဥရောပ)
နည်းပြချုပ်John van't Schip]
အသင်းခေါင်းဆောင်Kostas Stafylidis
Most capsGiorgos Karagounis (၁၃၉)
Top scorerNikos Anastopoulos (၂၉)
အိမ်ကွင်းအေသင် အိုလံပစ် အားကစားကွင်း
ဖီဖာကုဒ်GRE
FIFA အဆင့် 54 Steady (11 June 2020)[၁]
အမြင့်ဆုံး FIFA အဆင့်[၂] (၂၀၀၈ ဧပြီ၊ ၂၀၁၁ အောက်တိုဘာ)
အနိမ့်ဆုံး FIFA အဆင့်၆၆ (၁၉၉၈ စက်တင်ဘာ)
Elo အဆင့် 57 Decrease 4 (2 April 2020)[၃]
အမြင့်ဆုံး Elo အဆင့်7 (၂၀၀၄ ဩဂုတ်ဘ)
အနိမ့်ဆုံး Elo အဆင့်၇၈ (၁၉၆၃ မေ၊ ၁၉၆၃ နိုဝင်ဘာ)
အိမ်ကွင်း ဝတ်စုံရောင်
အဝေးကွင်း ဝတ်စုံရောင်
ပထမဆုံး နိုင်ငံတကာပွဲ
 ဂရိ 1–4 အီတလီ 
(Athens, Greece; ၁၉၂၉ ဧပြီ ၇)
အကြီးအကျယ် အနိုင်ရ
 ဂရိ 8–0 ဆီးရီးယား 
(Athens, Greece; ၁၉၄၉ နိုဝင်ဘာ ၂၅)
အကြီးအကျယ် ရှုံး
 ဟန်ဂေရီ 11–1 ဂရိ 
(Budapest, Hungary; ၁၉၃၈ မတ် ၂၅)
ကမ္ဘာ့ဖလား
မြင်တွေ့ရမှုများ၃ (First in ၁၉၉၄)
အကောင်းဆုံးရလဒ်(၁၆)သင်း အဆင့် (၂၀၁၄ ဖီဖာ ကမ္ဘာ့ဖလား)
ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲ
မြင်တွေ့ရမှုများ၄ (First in ၁၉၈၀ ယူရို)
အကောင်းဆုံးရလဒ်ချန်ပီယံ (၂၀၀၄ ယူရို)
အိုလံပစ် အားကစားပွဲတော်
မြင်တွေ့ရမှုများ၃ (First in ၁၉၂၀)
အကောင်းဆုံးရလဒ်အုပ်စု (၂၀၀၄)
Confederations Cup
မြင်တွေ့ရမှုများ၁ (First in 2005 FIFA Confederations Cup)
အကောင်းဆုံးရလဒ်အုပ်စု (2005 FIFA Confederations Cup)

ဂရိ အမျိုးသား ဘောလုံးအသင်း (ဂရိ: Εθνική Ελλάδος; အင်္ဂလိပ်: Greece national football team) သည် ဂရိနိုင်ငံကို ကိုယ်စားပြုသော အမျိုးသားဘောလုံးအသင်းဖြစ်၍ ဟယ်လန်နစ် ဘောလုံးအဖွဲ့ချုပ် (ဂရိဘောလုံး အဖွဲ့ချုပ်) က ထိန်းချုပ်ကွပ်ကဲသည်။ ဂရိအသင်းသည် အိမ်ကွင်းအများစုကို အေသင်မြို့ (သို့) အေသင်မြို့အနီးနားတွင် ကစားလေ့ရှိကာ အေသင်တွင် မြို့၏ဆင်ခြေဖုံးအရပ် 'မဲရို့စီ' (Maroussi) ရှိ အိုလံပစ် အားကစားကွင်းတွင်လည်းကောင်း၊ မြို့ပြင်ပတွင် ပိုင်းရီးယ(စ်) (သို့) ပစ်ရေးယ(စ်) (Piraeus) ဆိပ်ကမ်းမြို့ရှိ 'ကရိုင်းယစ်စကိုက်ကိစ်' (Karaiskakis) အားကစားကွင်းတွင်လည်းကောင်း ကစားသည်။ ဂရိအသင်းသည် ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲဆုရ အသင်းဆယ်သင်းအနက် တစ်သင်းဖြစ်သည်။

ဂရိသည် ၁၉၈၀ ယူအေးဖာ ယူရိုဖလားမှစ၍ ပထမဆုံးပါဝင် ယှဉ်ပြိုင်ကစားခဲ့ကာ အုပ်စုအဆင့်မှ ကျော်လွှားနိုင်ခြင်းမရှိခဲ့သလို ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီအထိ အခြားသော အဓိက ပြိုင်ပွဲများတွင် ပါဝင်ကစားရန် အရည်အချင်းပြည့်မှီခြင်းမရှိခဲ့ပေ။

ယူအေးဖာ ယူရို ၂၀၀၄ တွင် ဂရိဘောလုံးသမိုင်းတွင် အမြင့်ဆုံးအနေအထားရခဲ့ကာ ဥရောပဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ ပြိုင်ပွဲတွင် ဗိုလ်မစွဲနိုင်သည့် အဆင့်အတန်းဖြင့် သတ်မှတ်ခြင်းခံရသော်လည်း ရေပန်းစားနေခဲ့သော လက်ရှိချန်ပီယံ ပြင်သစ်နှင့် အိမ်ရှင် ပေါ်တူဂီအသင်းတို့ကို အနိုင်ပိုင်းနိုင်ခဲ့သည်။ ပြိုင်ပွဲ၏ အဖွင့်ပွဲနှင့် နောက်ဆုံး ဗိုလ်လုပွဲတွင် အိမ်ရှင် ပေါ်တူဂီနှင့် တွေ့ဆုံခဲ့ကာ နှစ်ပွဲလုံး အနိုင်ရရှိခဲ့သည်။

၂၀၀၄ အောင်မြင်မှုရရှိပြီးနောက် ဂရိအသင်းသည် ပြိုင်ပွဲအများစုကို ပါဝင်ရန် အရည်အချင်း ပြည့်မီခဲ့ပြီး ၂၀၁၂ ယူရိုတွင် ကွာတားဖိုင်နယ်၊ ၂၀၁၄ ကမ္ဘာ့ဖလားတွင် (၁၆)သင်း အဆင့်သို့ ရောက်ရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. The FIFA/Coca-Cola World Ranking (11 June 2020)။ 11 June 2020 တွင် ပြန်စစ်ပြီး။
  2. Greece Men's Ranking – Details and Ranking HistoryFIFA။ 7 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 November 2017 တွင် ပြန်စစ်ပြီး။
  3. Elo rankings change compared to one year ago. World Football Elo Ratings (2 April 2020)။ 2 April 2020 တွင် ပြန်စစ်ပြီး။