ဂရေဟမ် ဂရင်း

ဝီကီပီးဒီးယား မှ
(ဂရင်းဂရေဟမ် မှ ပြန်ညွှန်းထားသည်)

ထင်ရှားသောအင်္ဂလိပ်လူမျိုး စာရေးဆရာကြီး ဂရေဟမ်ဂရင်းကို ၁၉ဝ၄ ခုနှစ်အောက်တိုဘာလ ၂ ရက် နေ့ကမွေးဖွားခဲ့သည်။ ငယ်စဉ်ကစိတ်ရောဂါ စွဲကပ်ခဲ့သဖြင့် ဆေးကုသမှုခံယူခဲ့ရသည်။ ဂရင်းသည် ဘာကမ်စတက်ကျောင်း၌ ဘော်လီယိုကောလိပ် (အောက်စဖို့) တွင်ပညာသင်ကြားခဲ့သည်။ ထိုသို့ ပညာသင်စဉ်ကတည်းက စာပေစတင်ရေးသားခဲ့သည်။ ၁၉၂၆ ခုနှစ်မှ ၁၉၃ဝ ပြည့်နှစ်ထိ လန်ဒန်မြို့ထုတ် pectator သတင်းစာတွင် လက်ထောက်အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ဒစနခအအေသမသတင်းစာတွင် စာပေအယ်ဒီတာအဖြစ် ၁၉၄ဝ-၄၁ ခုနှစ်များတွင်လုပ်ကိုင်ခဲ့သည်။ ၁၉၄၁ မှ ၁၉၄၄ ခုနှစ်အထိ နိုင်ငံခြားရေးဌာနတွင် ဝင်ရောက်အမှုထမ်းခဲ့ပြီး ၁၉၄၄ ခုနှစ်မှ၁၉၄၈ ခုနှစ်အထိ ပုံနှိပ်ထုတ်ဝေသည့် လီမိတက်ကုမ္ပဏီကြီးတစ်ခု၌ ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဂရေဟမ်ဂရင်းသည် အခါအခွင့်သင့်တိုင်း ခရီးထွက်လေ့ရှိသည်။ အာဖရိက၊ အင်ဒိုချိုင်းနား စသောဒေသများသို့သွားရောက်ခဲ့သည်။ စစ်မက်ဖြစ်ပွားရာ ဒေသများ၊ တော်လှန်ရေးဖြစ်ပေါ်ရာဒေသများ၊ ရောဂါဆိုး ဖြစ်ပွားနေသောဒေသများသို့ သွားရောက်လေ့လာကာ ထိုအတွေ့အကြုံများကိုအခြေခံပြီး ဝတ္ထုများကိုရေးသားခဲ့သည်။ သူ၏ဝတ္ထုတော်တော်များများကို ရုပ်ရှင်ရိုက်ကူးခဲ့သည်။ သူသည်စာပေရေးသားရာတွင် အပျော်ဖတ်အရေး အသားနှင့် အတည်အခန့်အရေးအသားဟူ၍ ဟန်နှစ်မျိုးခွဲခြားပြီးရေးသားခဲ့သည်။ သူ၏ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့သော ဝတ္ထု The Man Within (၁၉၂၉) သည် အောင်မြင်မှုရရှိခဲ့ပြီး ရုပ်ရှင်ရိုက်ကူးခဲ့သည်။ စာပေနိုဘယ်ဆုအတွက် ထင်ကြေးပေးခြင်းခံခဲ့ရဖူးသော်လည်း ဆုရခဲ့ခြင်းမရှိပေ။ သို့ရာတွင်သူ၏ထင်ရှားသော စာပေအရည်အသွေးကြောင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များစွာ ရရှိခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ကိန်းဘရစ်ချ် တက္ကသိုလ်မှချီးမြှင့်သော ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကိုရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် အီဒင်ဘာရာတက္ကသိုလ်နှင့် ၁၉၇၉ ခုနှစ်တွင် အောက်စဖို့တက္ကသိုလ်တို့မှ အလားတူချီးမြှင့်သော စာပေပါရဂူဘွဲ့များကို ရရှိခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဟမ်းဘာ့တက္ကသိုလ်မှ ရှိတ်စပီးယားဆုချီးမြှင့်ခဲ့သည်။ သူ၏ဝတ္ထုများထဲမှ ထင်ရှားသောဝတ္ထုအချို့မှာ SmBrighton Roc (1938)/ The Heart of the Matter (1948)/ The End of the Affair (1951)/The Power and the Glory (1940) စသည်တို့ဖြစ်သည်။

ဂရေဟမ်ဂရင်းသည် ကွယ်လွန်ချိန်အသက် ၈၆ နှစ် အရွယ်အထိဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ခရီးသွားစာပေ၊ ဇာတ်ညွှန်းနှင့်ကလေးစာပေအပါအဝင် စာအုပ်ပေါင်း ၅ဝ ကျော် ရေးသားနိုင်ခဲ့သည်။ နာမည်ကျော် စာရေးဆရာကြီး ဂရေဟမ်ဂရင်းသည် ၁၉၉၁ ခုနှစ် ဧပြီလတွင်ကွယ်လွန်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)