ဂယောခုဟိုးအင်း
| ဂယောခုဟိုးအင်း 玉鳳院 | |
|---|---|
| အချက်အလက်များ | |
| တည်နေရာ | 11 Hanazono-Jinomakacho, Ukyō-ku, Kyoto-shi, Kyoto-fu |
| ကိုဩဒိနိတ် | 35°1′29.47″N 135°43′20.76″E / 35.0248528°N 135.7224333°Eကိုဩဒိနိတ်: 35°1′29.47″N 135°43′20.76″E / 35.0248528°N 135.7224333°E |
| ဘာသာရေး နှီးနွယ်မှု | Buddhist |
| ဘာသာရေးဓလေ့ | Rinzai school Myōshin-ji branch |
| နိုင်ငံ | |
| ဗိသုကာ | |
| တည်ထောင်သူ | Emperor Hanazono |
| ပြီးစီး | 1337 |
| တမ်းပလိတ်:Maplink2 | |
ဂယောခုဟိုးအင်း (玉鳳院) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ အုခယောရပ်ကွက်တွင်ရှိသည့် ဗုဒ္ဓဘာသာဇင်ကျောင်းတော်တစ်ခု ဖြ်စသည်။ မယောရှင်းဂျိကျောင်းတော်ခွဲ ၄၀ ကျော်ထဲတွင် ပါဝင်သည်။ "ဂယောခုဟိုး ဇန်းခယူး" (玉鳳院禅宮) ဟူသည့် အမည်ဖြင့်လည်း ခေါ်ဝေါ်သည်။ ပုံမှန်အားဖြင့် အများပြည်သူကြည့်ရှုနိုင်ရန် ဖွင့်လှစ်ထားခြင်း မရှိပေ။
အကြောင်းအရာ
[ပြင်ဆင်ရန်]ဂယောခုဟိုးအင်း သည် မယောရှင်းဂျိကျောင်းတော်ခွဲများထဲတွင် ရှေးအကျဆုံးကျောင်းတော် ဖြစ်သည်။ ၁၃၃၇ ခုနှစ်တွင် ဧကရာဇ် ဟနဇိုနိုက တည်ဆောက်ခဲ့သည်။ ပင်မဝင်ပေါက်မှ ဝင်ပါက "ခုရိ" (မီးဖိုချောင်အပိုင်း) ကို ရှေ့တည့်တည့်တွင် မြင်ရမည်ဖြစ်သည်။ ထိုနောက် "ဟိုးဂျော" ဟုခေါ်သည့် ကျောင်းထိုင်ဆရာတော်အခန်းနှင့် "ခိုင်းဆန်းဒိုး"ဟုခေါ်သည့် တည်ထောင်သူ၏အခန်း အထိ စင်္ကြန်လမ်းဖြင့် ချိတ်ဆက်ထားသည်။ ဟိုးဂျောတွင် ဖုဆုမပန်းချီလက်ရာများကို တွေ့မြင်နိုင်သည်။ ထိုလက်ရာများကို ခနိုးယဆုနိုဘုနှင့် ခနိုးတိုအွန်းတို့က ရေးဆွဲခဲ့သည်။ ဆန်းမွန်း၊ ဟိုးဂျောနှင့် ခိုင်းဆန်းဒိုးတို့သည် နိုင်ငံတော်၏ အရေးပါသည့်ယဉ်ကျေးမှုပစ္စည်းများ ဖြစ်ကြသည်။ ကျောင်းတော်၏ အတွင်းဘက်အပိုင်းတွင် ဧကရာဇ် ဟနဇိုနို၏ သစ်သားရုပ်တု တည်ရှိသည်။[၁][၂][၃] ၁၉၅၆ ခုနှစ်တွင် ကျောင်းတော်ကို ပြန်လည်ပြုပြင်ခဲ့သည်။
စင်္ကြန်လမ်း၏ တောင်ဘက်နှင့် မြောက်ဘက်ရှိ ဥယျာဉ်များသည် မိုမိုယမခေတ်ကာလက တည်ရှိခဲ့ကြသည် ဥယျာဉ်များ ဖြစ်ကြသည်။ ၎င်းဥယျာဉ်များမှာ တောင်ဘက်ဥယျာဉ်၊ တောင်ပေါ်ဥယျာဉ်နှင့် ဖန့်ရှုအိနွေဦးဥယျာဉ်တို့ ဖြစ်ကြသည်။ တောင်ဘက်ဥယျာဉ်သည် ဂျပန်ပုံစံ သဲနှင့် ကျောက်တုံးငယ်များ ခင်းထားသည့် ဥယျာဉ်ဖြစ်သည်။ ဤဥယျာဉ်တွင် ထင်းရှူးဖြူနှင့် ထင်းရှူးနက်ပင်များကို စိုက်ပျိုးထားသည်။ တောင်ပေါ်ဥယျာဉ်သည် ခိုင်းဆန်းဒိုး၏ အရှေ့ဘက်တွင်ရှိပြီး လူလုပ်တောင်ကုန်းတစ်ခုလည်း ရှိသည်။ ဤဥယျာဉ်တွင် တောင်ပုံစံကျောက်တုံးအလှဆင်ထားသည့် လက်ရာတစ်ခုလ်း ရှိသည်။ ဖန့်ရှုအိနွေဦးဥယျာဉ်သည် ကျောင်းတော်၏ မြောက်ဘက်တွင် ရှိသည်။ ၎င်းတွင် ရေတံခွန်တံခု၊ ဟိုးရိုင်တောင်ကို ကိုယ်စားပြုသည့် ကျောက်တုံးလက်ရာတစ်ခုနှင့် ကျောက်လှေကားထစ်များ၊ ရေတွင်းတစ်ခုလည်း ရှိသည်။ ၁၉၃၁ ခုနှစ်တွင် ဤဥယျာဉ်များကို နိုင်ငံတော်၏ လှပသည့်နေရာများနှင့် နိုင်ငံ၏ သမိုင်းဝင်နေရာများအဖြစ် သတ်မှတ်ခဲ့သည်။[၄][၅]
ဂယောခုဟိုးအင်းသို့ ဟနဇိုနိုဘူတာမှ သွားပါက ခြေလျင် ၁၀ မိနစ် ကြာသည်။ ဂယောခုဟိုးအင်း၏ အရှေ့မြောက်ဘက်တွင် တိုယောတိုမိဟိဒဲယောရှိ၏ သားဖြစ်သူ "ဆုတဲမရု" ၏ အုတ်ဂူရှိသည်။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Japanese garden information(in ဂျပန်)
- Myoshin-ji home page(in ဂျပန်)
- Kyoto Travel Navi 25 November 2024 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .(in ဂျပန်)
ကိုးကား
[ပြင်ဆင်ရန်]- ↑ 玉鳳院四脚門(微笑庵前門 (in Japanese)။ Agency for Cultural Affairs။ August 20, 2020 တွင် ပြန်စစ်ပြီး။
- ↑ 玉宝院本堂 (in Japanese)။ Agency for Cultural Affairs။ August 20, 2020 တွင် ပြန်စစ်ပြီး။
- ↑ 玉鳳院開山堂 (in Japanese)။ Agency for Cultural Affairs။ August 20, 2020 တွင် ပြန်စစ်ပြီး။
- ↑ 玉鳳院庭園 (in Japanese)။ Agency for Cultural Affairs။ August 20, 2020 တွင် ပြန်စစ်ပြီး။
- ↑ Isomura၊ Yukio; Sakai၊ Hideya (2012)။ (国指定史跡事典) National Historic Site Encyclopedia။ 学生社။ ISBN 978-4311750403။(in ဂျပန်)