ခွေးလှေးယား

ဝီကီပီးဒီးယား မှ
(ခွေးလှေယားပင် မှ ပြန်ညွှန်းထားသည်)
Mucuna pruriens
Mucuna pruriens inflorescence
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: Fabaceae
မျိုးဇာတ်: Phaseoleae
မျိုးစု: Mucuna
မျိုးစိတ်:
M. pruriens
ဒွိနာမ
Mucuna pruriens
Synonyms[၁]
  • Carpogon capitatus Roxb.
  • Carpogon niveus Roxb.
  • Carpopogon capitatus Roxb.
  • Carpopogon niveum Roxb.
  • Carpopogon pruriens (L.) Roxb.
  • Dolichos pruriens L.
  • Macranthus cochinchinensis Lour.
  • Marcanthus cochinchinense Lour.
  • Mucuna aterrima (Piper & Tracy) Holland
  • Mucuna atrocarpa F.P.Metcalf
  • Mucuna axillaris Baker
  • Mucuna bernieriana Baill.
  • Mucuna capitata Wight & Arn.
  • Mucuna cochinchinense (Lour.) A.Chev.
  • Mucuna cochinchinensis (Lour.) A.Chev.
  • Mucuna deeringiana (Bort) Merr.
  • Mucuna esquirolii H. Lév.
  • Mucuna esquirolii H.Lev.
  • Mucuna hassjoo (Piper & Tracy) Mansf.
  • Mucuna hirsuta Wight & Arn.
  • Mucuna luzoniensis Merr.
  • Mucuna lyonii Merr.
  • Mucuna martinii H.Lev. & Vaniot
  • Mucuna minima Haines
  • Mucuna nivea (Roxb.) DC.
  • Mucuna nivea (Roxb.) Wight & Arn.
  • Mucuna prurita (L.) Hook.
  • Mucuna prurita Wight
  • Mucuna sericophylla Perkins
  • Mucuna utilis Wight
  • Mucuna velutina Hassk.
  • Negretia mitis Blanco
  • Stizolobium aterrimum Piper & Tracy
  • Stizolobium capitatum (Roxb.) Kuntze
  • Stizolobium cochinchinense (Lour.) Burk
  • Stizolobium deeringianum Bort
  • Stizolobium hassjoo Piper & Tracy
  • Stizolobium hirsutum (Wight & Arn.) Kuntze
  • Stizolobium niveum (Roxb.) Kuntze
  • Stizolobium pruriens (L.) Medik.
  • Stizolobium pruritum (Wight) Piper
  • Stizolobium utile (Wall. ex Wight) Ditmer
  • Stizolobium velutinum (Hassk.) Piper & Tracy

ပုံသဏ္ဌာန် : အပင် တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်၍ သေးသွယ်သော အကိုင်းအခက်များတွင် အမွေးများ ရှိသည်။ အပင်ကြီးရင့်လာသောအခါ ပြောင်ချော၏ ။ အရွက် ရွက်လွှဲထွက်သည်။ သုံးရွက်မြွှာပေါင်းဖြစ်၍ အောက်နှစ်ရွက်သည် လိပ်ပြာတောင်ပုံသဏ္ဌာန်ရှိပြီး ရွက်ရင်း ရွဲ့စောင်းနေသည်။ ထိပ်ရွက်မြွှာသည် ဘေးရွက်မြွှာ နှစ်ခုထက်သေးငယ်ပြီး ရွက်ထိပ်ရွက်ရက်းသွယ်၍ အလယ်ပိုင်း ကျယ်သည်။ အရွက်ထက်အောက် မျက်နှာပြင်နှင့်ရွက်ညှာတွင် အမွေးများရှိသည်။ ရွက်မြွှာများ၏ ရွက်ညှာရင်းတွင် ရွက်စွယ်၂ ခုရှိ၏။ အပွင့် ပဲပုစွန်ပွင့်နှင့်တူ၏ ။ ပွင့်ညှာတို၍ ပန်းခိုင်အောက်ဘက်သို့ ငိုက်ကျနေသည်။ အပွင့် ခရမ်းရောင်ဖြစ်သည်။ ပွင့်ချပ် အညိုရောင်ပေါ်တွင် အနက်စက်ကလေးများ ရှိ၍ မီးခိုးရောင် အမွေးကလေးများ ရှိ၏။ အသီး ညိုဝါရောင်ရှိ၏ ။ အသီးတောင့်မှာ ၂ လက်မ ၃ လက်မ ရှည်၍ ထိပ်ဘက်တွင် ကောက်နေ၏ ။ အစေ့အိမ်ဘေးတွင် ယားယံစေသော အမွေးများ ရှိသည်။ အစေ့ ၅-၆စေ့ ခန့်ပါသည်။ တပို့တွဲလ တပေါင်းလတွင်သီးသည်။ အစေ့ ဘဲဥပုံဖြစ်သည်။ ပြားချပ်နေသည်။ အညိုရောင်တွင် အနက်စက်များ ပါရှိ၏ ။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အမြစ် ၊ အစေ့ ၊ အသီး ၊ အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ။ ။ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်း များ အလိုအရ ခွေးလှေးယားသည် ချိုခါးသော အရသာ ရှိ၏ ။ အေးသောဂုဏ်သတ္တိရှိ၏ ။ လေ ၊ သည်းခြေကို နိုင်၏ ။ အစေ့သည် သုက်ကိုပွားစေ၏ ။ အားကို ဖြစ်စေ၏ ၊ ၀ဖြိုးစေ၏ ၊ သန်ပိုးများကို နိုင်၏ ၊ အာရုံကြောများကို အားရှိစေ၏ ၊ အမြစ်သည် အကြောများကို အားရှိစေ၏။ ဆီးရွှင်စေ၏။ အစေ့အိမ်၌ ကပ်နေသော အမွေးများသည် သန်ပိုးများကို ကျစေ၍ သွေးလေတို့ကို ကြွစေနိုင်သဖြင့် ထုံကျင်နေသောနေရာတို့၌ လိမ်းပေးရ၏ ။ အသုံးပြုပုံ- အမြစ် ၁ ။ ခွေးလှေးယားမြစ်မှုန့် အနည်းငယ်ကို ရေနှင့်ရောသောက်သော် သွေးဝမ်းကျရောဂါ ပျောက်၏။ ၂ ။ ခွေးလှေယားမြစ်ကို သုံးခွက်တစ်ခွက်တင်ပြုတ်၍ ပျားရည်နှင့် ရောသောက် သော် ကာလဝမ်းရောဂါ ပျောက်၏ ။ ၃ ။ ခွေးလှေယားမြစ်ကို ကြိတ်၍ ရေဖျဉ်းရှိသောဗိုက်တွင် လိမ်းပေးခြင်း ၊ အတုံးငယ်ကလေးများပြု၍ ခြေဆစ်လက်ဆစ်တို့၌ ချည်နှောင်ပေးခြင်းဖြင့် ရေဖျဉ်းရောဂါပျောက်စေ၏။ ၄ ။ ခွေးလှေယားမြစ် ကြိတ်ရည်ကို နေ့စဉ်သောက်သုံးသော် လေရောဂါ လက်မောင်းသိမ်ရောဂါ ပျောက်စေ၏ ။ ၅ ။ ခွေးလှေယားမြစ်မှုန့်ကို ဆီနှင့် ချင်ပြီး အဆီကို စစ်ယူ၍ လိမ်းပေးသော် ဆင်ခြေထောက်ရောဂါ ပျောက်၏ ။ အစေ့ ၁ ။ ခွေးလှေယားစေ့မှုန့်ကို ရေနှင့် ရောသောက်သော် ဆီးချုပ်ရောဂါ ပျောက်၏ ။ ၂ ။ ခွေးလှေယားစေ့အနုကို ဟင်းအဖြစ် ကြော်ချက်စားသော် သွေးအန် သွေးလျှံရောဂါ ပျောက်၏ ။ ၃ ။ ခွေးလှေယားစေ့ကို ထောပတ်နှင့် ကြော်ချက်စားသော် လူကို ၀စေ၍ အားကို တိုးစေသည်။ ၄ ။ ခွေးလှေယားစေ့ကို ကြိတ်၍ ကင်းကိုက်ရာ၌ အုံပေးသော် ကင်းဆိပ်ပျောက်၏ ။ ၅ ။ ခွေးလှေယားစေ့သည် အားတိုးဆေး၊ ကာလသားရောဂါပျောက်ဆေး ၊ လေငန်းရောဂါပျောက်ဆေးအဖြစ်လည်း သုံး၏ ။ ၆ ။ ခွေးလှေယားစေ့ကို အမှုန့်ပြု၍ နွားနို့သောက်လျှင် သုက်အားကို အထူးပွားစေ၏ ။ အမျိုးသမီးများ နို့ထွက်စေ၏ ။ ၇ ။ ခွေးလှေယားစေ့နှင့် ခွေးလှေယားမြစ်ကို ဆတူအမှုန့်ပြု၍ ယင်းအမှုန့်နှင့် သကြားဆတူရောပြီး နွားနို့နှင့် နေ့စဉ်သောက်ပါက ကျန်းမာ၀ဖြိုးပြီး သုက်အားကို အလွန်အမင်း ကောင်းစေသည်။ အသီး ၁ ။ အသီးတောင့်ကို သန်ကျဆေးအဖြစ် သုံး၏ ။ အရွက် ၁ ။ ခွေးလှေယားရွက်ကို ပြုတ်တို့လျှင် အမျိုးသမီး သားသည် မိခင်များ နို့ထွက်များစေ၏ ။ သွေးအန် ၊ သွေးကျရောဂါ ကို ကာကွယ်နိုင်၏ ။ ယောက်ျားများ ဒူလာပါဒရက်ရောဂါပျောက်စေ၏။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. The Plant List: A Working List of All Plant Species။ 5 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 November 2021 တွင် ပြန်စစ်ပြီး။
  2. http://arogyamonline.com/commodity/materials/?raw=77[လင့်ခ်သေ]