ခွေးဖြူ တော မတိုးဝံ့

ဝီကီပီးဒီးယား မှ

ခွေးဖြူ တော မတိုးဝံ့ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

ကြောက်ရွံ့တတ်သော ခွေးဖြူသည် တောမတိုးဝံ့သကဲ့သို့ သတ္တိနည်းသူသည် အခက်အခဲကို ရင်မဆိုင်ဝံ့ချေ။

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ဝီရိယဓာတ် နုံ့လှသော သူတို့သည် ခွေးဖြူ တော မတိုးဝံ့ဆိုသကဲ့သို့ ဝီရိယစိုက်ထုတ်၍ လုပ်ဆောင်ရသော အမှုတို့နှင့် တွေ့ကြုံခဲ့လျှင် တွန့်၍ သွားကြကုန်မြဲတည်း။" [၁၂၆၆] ဗောဓိ။ ၅၄။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄၄