မာတိကာသို့ ခုန်သွားရန်

ခွန်ပေါရန်း

ဝီကီပီးဒီးယား မှ
ခွန်ပေါရန်း
ဒေသခံအမည်ခွန်သန်းရွှေ
အမည်ရင်းခွန်သန်းရွှေ
မွေးဖွား (1959-11-30) နိုဝင်ဘာ ၃၀၊ ၁၉၅၉ (အသက် ၆၅)
ဘုရားဖြုရွာ၊ ပန်းတင်ကျေးရွာအုပ်စု
မူလတိုင်းပြည်တောင်ကြီးမြို့ရှမ်းပြည်နယ်
ကွယ်လွန်မေ ၅၊ ၁၉၈၆(1986-05-05) (အသက် ၂၆)
ရှမ်းပြည်နယ်
အလုပ်အကိုင်တေးရေး၊ တေးဆို
တူရိယာဂစ်တာ
တက်ကြွသည့်နှစ်များ၁၉၈၀–၁၉၈၄
ပူးတွဲ ပါဝင်မှုမျိုꩻခွန်ခွိုꩻ
Notable instruments
ဂစ်တာ

ခွန်ပေါရန်း (ပအိုဝ်း : ခွန်ပေါရင်း) သည် ပအိုဝ်းတိုင်းရင်းသား တေးသံရှင်တစ်ဦးဖြစ်သည်။ ပအိုဝ်းသီချင်းသာမက မြန်မာဘာသာဖြင့်ပါ တေးသီချင်းများ ရေးစပ်သီဆိုခဲ့ခြင်းကြောင့် နာမည်ရသောအဆိုတော်တစ်ဦးလည်းဖြစ်သည်။ တိုတောင်းလှသော အနုပညာသက်တမ်းအတွင်း လှတာမက်ရင် ညစာခက် သီချင်းအပါအဝင် နာမည်ရသီချင်းအချို့ကို ရေးစပ်ခဲ့သည်။ အမည်ရင်းမှာ ခွန်သန်းရွှေဖြစ်ပြီး ပအိုဝ်းဘာသာနှင့် သီဆိုထားသော သီချင်းများကို အသံသွင်းရာ၌ ဂစ်တာအတီးသမား ငှားရမ်းတီးခတ်ခြင်းမပြုပဲ ကိုယ်တိုင်ဝင်ရောက်တီးခတ်ခဲ့သည်။ မွေးချင်းမောင်နှမ ၉ ယောက်ရှိသည်။[]

သီဆိုခဲ့သော သီချင်းများ

[ပြင်ဆင်ရန်]
  1. ကုလအလွမ်း
  2. သူလက်ထပ်ပွဲ
  3. ပပအနမ်း
  4. နေညိုညိုအလွမ်း
  5. နောင်း
  6. လွမ်းစိတ်သူ့ထံ
  7. အားငယ်မိတယ်
  8. မျှော်လင့်ချက်နဲ့ ရည်မှန်းချက်
  9. နှလုံးသားရင်ပြင်
  10. ဆောင်းမမ
  11. နှလုံးသားချစ်သူ
  12. လှတာမက်ရင် ညစာခက်တတ်တယ်
  13. စောင်းလုလင်
  14. သိလိုက်ပြီမေ
  15. အချစ်နဲ့ကို
  16. မောင့်အချစ်ဖူး
  17. တို့တိုင်းရင်းသား
  18. လှည့်ကြည့်ပါဦး
  19. အချိုဆုံးစကားသံ
  20. အချစ်တေးရထား
  21. တောင်ယာဝင်ချိန်အတွေး
  22. ချစ်ဆရာမ

ခွန်ပေါရန်းကို ၁၉၅၉ ခုနှစ်နှောင်းပိုင်း၌ အဖ ဦးမောင်ငယ်၊ အမိ ဒေါ်အေးတင်တို့မှ တောင်ကြီးမြို့နယ်၊ ဘုရားဖြူရွာတွင် မွေးဖွားခဲ့သည်။ အခြေခံပညာရေးတွင် သတ္တမတန်းအောင်သည်အထိသာ ပညာသင်ကြားခဲ့သည်။ မွေးချင်းမောင်နှမ ၉ ဦးအနက် ခွန်ခမ်းခြိုင်ꩻနှင့် ခွန်ပေါရန်းနှစ်ယောက်မှာ ပအိုဝ်းခေတ်ဦးအဆိုတော် တေးရေးသူ ခွန်သာဒွန်း၏ လက်တွဲခေါ်မှုဖြင့် ဂီတနယ်ပယ်တွင် စတင်ခြေလှမ်းခဲ့ကြသည်။

မိသားစု

[ပြင်ဆင်ရန်]

ခွန်ပေါရန်းသည် မနန်းအေး (ခ) ငဲမူႏနှင့် အိမ်ထောင်ကျခဲ့ပြီး ခွန်ရန်းထင်ႏအပါအဝင် သားနှစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မောင်းမွူးခံꩻ လိတ်လွီးလယ်ႏ အမုဲင် ၂၂ (Pa'Oဘာသာစကားဖြင့်)။ The Golden Gong။