ခွန်စံလွင်
စည်သူ ခွန်စံလွင် | |
|---|---|
| အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ |
| သမ္မတ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီတာဝန်) |
| ခေါင်းဆောင် | စောထွန်းအောင်မြင့်၊ အဖွဲ့ခေါင်းဆောင် |
| ယခင်လူ | ရာထူးစတင် |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၃ – ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ | ဦးမြင့်ဆွေ (ယာယီ) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ) |
| ခေါင်းဆောင် | မင်းအောင်လှိုင်၊ ကောင်စီဥက္ကဋ္ဌ |
| ယခင်လူ | ကောင်စီစတင် |
| ဆက်ခံသူ | ကောင်စီဖျက်သိမ်း |
| ဒုတိယအကြိမ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၃၁ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
| သမ္မတ | ဦးထင်ကျော် (သမ္မတ) ဦးဝင်းမြင့် (သမ္မတ) |
| ယခင်လူ | ကိုယ်တိုင် |
| ဆက်ခံသူ | ခွန်ရဲထွေး |
| ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၈ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
| ယခင်လူ | ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့ |
| မဲဆန္ဒနယ် | ဟိုပုံး မဲဆန္ဒနယ် အမှတ် (၂) |
| အနိုင်ရမဲ အရေအတွက် | ၁၆၂၅၇ မဲ (ခိုင်လုံမဲ) |
| ပထမအကြိမ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | |
| သမ္မတ | ဦးသိန်းစိန် (သမ္မတ) |
| ယခင်လူ | အခြေခံဥပဒေစတင် |
| ဆက်ခံသူ | ကိုယ်တိုင် |
| ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း | |
| တာဝန်သက်တမ်း မရှိ – မရှိ | |
| ယခင်လူ | အခြေခံဥပဒေစတင် |
| ဆက်ခံသူ | ကိုယ်တိုင် |
| မဲဆန္ဒနယ် | ဟိုပုံး မဲဆန္ဒနယ် အမှတ် (၂) |
| အနိုင်ရမဲ အရေအတွက် | ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၁ မတ် ၁၉၆၁
(အသက် ၆၄) တောင်ကြီးမြို့၊ ရှမ်းပြည်နယ် |
| လူမျိုး | ပအိုဝ်း |
| နိုင်ငံရေးပါတီ | ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် |
| အခြား နိုင်ငံရေးလွှမ်းမိုးမှု | ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ပအိုဝ်းအမျိုးသားတပ်မတော် |
| ကြင်ဖော် | ဒေါ်တင်တင်ဝင်း |
| မိခင် | ဒေါ်သန်းရီ |
| ဖခင် | ဦးလှဖေ |
| ပညာရေး | B.SC (Phy) မန္တလေးတက္ကသိုလ် |
| အလုပ်အကိုင် |
|
| ဆုတံဆိပ်များ | စည်သူဘွဲ့ (၂၀၂၅) |
ခွန်စံလွင် (အင်္ဂလိပ်: Khun San Lwin)(၂၁ မတ် ၁၉၆၁ မွေးဖွား) သည် ပအိုဝ်းလူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။[၁]သူသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ အဖွဲ့ဝင်တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သ ည်။ ယခင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဥက္ကဋ္ဌအဖြစ် [၂] အစိုးရနှစ်ဆက်အထိ ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[၃]
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]ခွန်စံလွင် ကို ပအိုဝ်းအမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သည့် သထုံ ဦးလှဖေ နှင့် မိခင်ဖြစ်သူ ဒေါ်သန်းရီ တို့က ၁၉၆၁ ခုနှစ် မတ်လ ၂၁ ရက်နေ့ တွင် ရှမ်းပြည်နယ်၊တောင်ကြီးမြို့ တွင် မွေးဖွားခဲ့သည်။
၁၉၆၆ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ အ.ထ.က(၄) တောင်ကြီး တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ တွဲဘက် အ.ထ.က ကျောက်တန်း၊ ၁၉၇၉ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ တောင်ကြီး ဒီဂရီကောလိပ် နှင့် ၁၉၈၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ မန္တလေးတက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့ပြီး ရူပဗေဒအထူးပြုဖြင့် ဘွဲ့ရခဲ့သည်။
နိုင်ငံရေးလှုပ်ရှားမှု
[ပြင်ဆင်ရန်]ခွန်စံလွင် သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး ပြည်သူ့အရေးတော်ပုံအတွင်း ကျောင်းသားတပ်မတော် (ABSDF) တွင် ပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သို့ ဝင်ရောက်ကာ နိုင်ငံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တွင် အတွင်းရေးမှူး ရာထူးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
အထွေထွေရွေးကောက်ပွဲ ၂၀၁၀ တွင် သူသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ ကိုယ်စားပြုပြီး ဟိုပုံးမဲဆန္ဒနယ် အမှတ် (၂) မှနေ၍ ရွေးကောက်ပွဲ ဝင်ရန်စာရင်းသွင်းခဲ့သော်လည်း ထိုဒေသကို တည်ငြိမ်မှုမရှိသည့်ဒေသ အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က သတ်မှတ်သဖြင့် မဲဆန္ဒနယ်၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။[၄]
ထို့နောက် သမ္မတ ဦးသိန်းစိန် က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော် ၏ အဆုံးအဖြတ်ဖြင့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ရက်တွင် ခန့်အပ်ခဲ့သည်။[၅]
အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင်လည်း ဟိုပုံးမဲဆန္ဒနယ် အမှတ် (၂) မှနေ၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲထပ်မံ ယှဉ်ပြိုင်ခဲ့သည်။ထိုရွေးကောက်ပွဲ၌ အနိုင်ရပြီးနောက်[၆] ပြည်နယ်လွှတ်တော်အမတ် အဖြစ် ထမ်းဆောင်ခဲ့သည်။ထိုအချိန်တွင် သမ္မတ ဦးထင်ကျော်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဥက္ကဋ္ဌအဖြစ် ထပ်မံ အမည်စာရင်းတင်သွင်းခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော် ၏ အဆုံးအဖြတ်ဖြင့် ၂၀၁၆ ခုနှစ် မတ်လ ၃၀ရက်တွင် ဒုတိယအကြိမ်အဖြစ် ခန့်အပ်ခံရသည်။ခွန်စံလွင်သည် ထိုရာထူးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၁ နောက်ပိုင်းအခြေအနေ
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် တွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရပြီးနောက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ အဖြစ် ယခင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီး(ငြိမ်း) ခွန်ရဲထွေး နှင့် အစားထိုး ခန့်အပ်ခဲ့သည်။ထို့ကြောင့် ခွန်စံလွင်သည် အဆိုပါရာထူးမှ လက်လွှတ်ခဲ့ရသည်။
သို့သော် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ခွန်စံလွင် ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အဖွဲ့ဝင် တစ်ဦး အဖြစ် ခန့်အပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်အမှတ် ၁၀/၂၀၂၅ ဖြင့် ယခင်နစက ကောင်စီဝင်များနှင့် နစက ဗဟိုအကြံပေးအဖွဲ့ဝင်များကို ကာလုံဗဟိုအကြံပေးအဖွဲ့သစ်တွင် တာဝန်ပေးခံရသည်။[၇]
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း
[ပြင်ဆင်ရန်]ခွန်စံလွင်သည် ပအိုဝ်းလူမျိုး တိုင်းရင်းသားခေါင်းဆောင် အောင်ခမ်းထီ နှင့် နီးကပ်သည့် ဆက်ဆံရေးရှိပြီး လက်ရုံးသဖွယ် ထင်ရှားသည်။သူသည် အင်းလေးဒေသရှိ နမ်းပန် နှင့် သလဲဦးတို့တွင် ဖွင့်လှစ်ထားသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ ရွေကျွန်းမျှော ဟိုတယ်များ(Golden Island Cottages) ကို စီမံခန့်ခွဲသည့် Golden Island Cottages Hotel Group ကုမ္ပဏီတွင် ဒါရိုက်တာအဖြစ် ပါဝင်သည်။အဆိုပါ ကုမ္ပဏီသည် PNO ခေါင်းဆောင်တချို့ဖြင့် တည်ထောင်ထားခြင်း ဖြစ်သည်။
ထို့အပြင် Golden Island Cottages Mining ကုမ္ပဏီနှင့် Kyolar Joker Mate Thahar Tours Co., Ltd. တို့တွင်လည်း ဒါရိုက်တာ ဖြစ်သည်။[၈]ထို့အပြင် ပတ္တမြား နဂါးအုပ်စု ဖြစ်သည့် Ruby Dragon Jade & Gems ကုမ္ပဏီ၊ ကျောက်စိမ်းနဂါး (Gems) ကုမ္ပဏီနှင့် ဆောက်လုပ်ရေး၊ ကုန်သွယ်ရေးလုပ်ငန်းများ ဖြစ်သည့် အခြားကုမ္ပဏီ တချို့တွင်လည်း အစုရှယ်ယာရှင်နှင့် ဒါရိုက်တာ အဖြစ် ပါဝင်သည်။
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၂၅ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော စည်သူဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။ [၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Myo။ "Pa-O party plans for political presence outside Shan State"၊ 4–10 October 2010။
- ↑ Kyaw။ "Without Knowledge, We Can’t Attempt to Develop"၊ 3 June 2014။
- ↑ Min Aung Hlaing (1 February 2023)။ State Administration Council Order No 5/2023။ Global New Light of Myanmar။ 6 February 2023 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ မဲရရှိမှုအခြေအနေ (၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ)။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၇ နိုဝင်ဘာ ၂၀၁၀)။ ၁ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ ဥက္ကဋ္ဌ များ ခန့်အပ် တာဝန်ပေးခြင်း။ ၂၀၁၁ ခုနှစ် မတလ ၃၁ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ ၁၁ (၃၀ မတ် ၂၀၁၁)။ ၁ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ မဲရရှိမှုအခြေအနေ (၂၀၁၅ အထွေထွေရွေးကောက်ပွဲ)။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၅)။ ၁ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း။ CINCDS။ 2025 August 2 တွင် ပြန်စစ်ပြီး။
- ↑ အာဏာရှင်နှင့် စီးပွားဖက် ပအိုဝ်းခေါင်းဆောင်များ အပိုင်း ၃။ The Irrawaddy (၂၇ ဩဂုတ် ၂၀၂၄)။ ၁ ဇွန် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၆၀ / ၂၀၂၅။ Ministry of Information။ 2 August 2025 တွင် ပြန်စစ်ပြီး။