ခွန်းတဖောကျောင်းတော်

ဝီကီပီးဒီးယား မှ
(ခွန့်တဖာအိုကျောင်းတော် မှ ပြန်ညွှန်းထားသည်)

ကိုဩဒိနိတ်: 17°39′13″N 100°08′25″E / 17.6536°N 100.1403°E / 17.6536; 100.1403

Ubosoth of Wat Khung Taphao, 2008.

ခွန်းတဖောကျောင်းတော် (ထိုင်း: วัดคุ้งตะเภา; အင်္ဂလိပ်: Wat Khung Taphao) သည် ထိုင်းနိုင်ငံရှိ ဗုဒ္ဓကျောင်းတော် ဖြစ်သည်။ ရှေးကျသည့် ဘုန်းတော်ကြီးကျောင်း ဖြစ်ပြီး Maha Nikai ၏ လက်အောက်တွင် တည်ရှိသည်။ ထို့ပြင် ကျောင်းတော်သည် Uttaradit စီရင်စုဒေသရှိ အရေးပါသည့် ကျောင်းတော် (၉) ခုထဲမှ တစ်ခုလည်း ဖြစ်သည်။ ကျောင်းတော်တွင် ရဟန်း (၁၄) ပါး၊ သာမဏေ (၇) ပါး ရှိသည်။

ကျောင်းတော်သည် Kung Taphao ဒေသတွင် သက်တမ်းအရှည်ကြာဆုံးကျောင်းတော် ဖြစ်ပြီး ဗုဒ္ဓ၏ ဓာတ်တော်များကိန်းဝပ်ရာနေရာလည်းဖြစ်၊ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူဖြစ်သည့် Phra Buddha Suawannaphetar နှင့် Phra Buddha Sukosamrit တို့လည်း ရှိသဖြင့် အထူးလူသိများသည်။ ထိုဗုဒ္ဓရုပ်ပွားတော်နှစ်ဆူသည် Uttaradit တွင် အရေးပါဆုံး ရုပ်ပွားတော်ကိုးဆူထဲမှ နှစ်ဆူဖြစ်သည်။

ခွန့်တဖာအိုကျောင်းတော်ကို Thonburi ဘုရင့်နိုင်ငံခေတ်က တည်ထောင်ခဲ့ပြီး Ban Khung Taphao ဒေသတွင် အရေးပါပြီး အသက်ဝင်လျက် ရှိသည့် ကျောင်းတော်အဖြစ် တည်ရှိနေတုန်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]