ချွန်ဘူရီ ပြည်နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ချွန်ဘူရီ (Chonburi (ထိုင်း: ชลบุรี, RTGSChon Buri,  [tɕ͡ʰōn bū.rīː] ( )) သည် ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ပြည်နယ်တစ်ခုဖြစ်သည်။[၁] အနီးအနားရှိ ပြည်နယ်များမှာ (မြောက်ဘက်မှ နာရီလက်တံအတိုင်း) ချာချိုဆန်ပြည်နယ်, ချန်သဘူရီပြည်နယ်နှင့် ရေယွန်ပြည်နယ်တို့ဖြစ်သည်။ အနောက်ဘက်တွင် ထိုင်းပင်လယ်ကွေ့ရှိသည်။ ချွန်ဘူရီပြည်နယ်တွင် ထိုင်းနိုင်ငံ၏ ခရီးသွားမြို့တစ်ခုဖြစ်သော ပတ္တယား တည်ရှိသည်။ ထို့အပြင် ထိုင်းနိုင်ငံ၏ အကြီးဆုံးနှင့် အဓိက ဆိပ်ကမ်း တည်ရှိသည်။ ထိုအချက်များကြောင့် ပြည်နယ်၏ လူဦးရေမှာ လျင်မြန်စွာ တိုးတက်လာပြီး လက်ရှိအချိန်တွင် လူဦးရေ ၁.၇သန်း နေထိုင်လျက်ရှိသည်။[၂] ၂၀၁၂ ဒီဇင်ဘာ ၃၁ အရ မှတ်ပုံတင်ထားသောလူဦးရေမှာ ၁.၃၆ သန်း ရှိသည်။[၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သမိုင်းကြောင်း သက်သေ အထောက်အထားများအရ မောင်းချွန်ဘူရီမှာ ထိုင်းနိုင်ငံသမိုင်း၏ အယုဒ္ဓယခေတ်ကပင် အခြေတည်ခဲ့သည်။ထိုစဉ်က ဤနယ်ပယ်တွင် ဘန်စိုင်း၊ ဘန် ပလဆွိုင်နှင့် ဘန်ဖရာ စသည့် မြို့ငယ်များ တည်ရှိခဲ့သည်။ချူလာလောင်ကွန်းဘုရင် (ရာမ၅)မှ ထိုမြို့များကို စုစည်းကာ ချွန်ဘူရီနယ်ပယ်အဖြစ် ဖန်တီးခဲ့သည်။

အမည်နာမ[ပြင်ဆင်ရန်]

ချွန် ("chon" )ဟူသော စကားလုံးမှာ သင်္သကရိုက်ဘာသာစကားလုံးဖြစ်သော ဂျလ ("jala")ဟူသော စကားလုံးမှ ဆင်းသက်လာကာ 'ရေ'ဟု အဓိပပ္ပါယ်ရသည်။ဘူရီ ("buri") ဟူသော စကားလုံးမှာ သင်္သကရိုက်ဘာသာစကားလုံးဖြစ်သော ပူရီ (ပူရ) ("puri")ဟူသော စကားလုံးမှ ဆင်းသက်လာကာ 'မြို့'ဟု အဓိပ္ပါယ်ရသည်။ထို့ကြောင့် ပြည်နယ် အမည်၏ အဓိပ္ပါယ်မှာ ရေမြို့တော်ဟု အဓိပ္ပါယ်ရသည်။

မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

ချွန်ညူရီပြည်နယ်မှာ ထိုင်းပင်လယ်ကွေ့၏ မြောက်ဘက်အဆုံး၊ ဘန်ကောက်ပင်လယ်အော်တွင် တည်ရှိသည်။ ခေါင်ခို တောင်တန်း သည် ပြည်နယ်၏ မြောက်ပိုင်းမှ တောင်ပိုင်းသို့ ပိုင်းထားသည်။မြောက်ပိုင်းရှိ မြေဩဇာကောင်းပြီး ကျယ်ဝန်းသော လွင်ပြင်ကြီးက စိုက်ပျိုးရေး လုပ်ရန် သင့်လျော်သည်။ပြည်နယ် တောင်ပိုင်းရှိ လန်ချဘမ်းမြို့တွင် ထိုင်းနိုင်ငံ၏ အနည်းငယ်သော ပင်လယ်ရေနက်ဆိပ်ကမ်းများ အတွင်းမှ တစ်ခုရှိသည်။

ပြည်နယ်၏ လူဦးရေမှာ နှစ်စဉ် ၄ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိပြီး ၂၀၀၀ခုနှစ်တွင် လူဦးရေ ၁၀၄၀၈၆၅ဦးရှိရာမှ ၂၀၁၀ခုနှစ်တွင် ၁၅၅၄၃၆၅ဦးရှိခဲ့သည်။[၂]ခွင့်ပြုချက်မရှိပဲ ကာလကြာရှည်စွာ နေထိုင်နေသည့် ထိုင်းလူမျိုးမဟုတ်သူများလည်း ရှိသေးသည်။

အထိမ်းအမှတ်တံဆိပ်[ပြင်ဆင်ရန်]

ပြည်နယ်၏ စည်းတံဆိပ် မှာ ခိုဆမ်မွတ်တောင်ကိုပြသည်။ ထိုတောင်တွင် နတ်ဘုရားမဖြစ်သော Chao Mae Sahm Muk ၏ ရုပ်တုရှိပြီး သူမသည် ပင်လယ်ရေလုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသခံများကို ကာကွယ်ပေးသည်ဟု ယုံကြည်ကြသည်။[၄]

ပြည်နယ်၏ အမှတ်တံဆိပ် သစ်ပင်နှင့် ပန်းမှာ နယူးဂီနီရို့စ်ဝုဒ်"New Guinea Rosewood" (Pterocarpus indicus)ဖြစ်သည်။

ပြည်နယ်၏ ဆောင်ပုဒ်မှာ 'Beautiful beaches, delicious khao lam, sweet sugar cane, delicate basketry products, and buffalo racing.'ဖြစ်သည်။

အုပ်ချုပ်ရေး နယ်မြေများ[ပြင်ဆင်ရန်]

Map of districts

ပြည်နယ်ကို ခရိုင် ၁၁ခု ခွဲခြားထားသည်။ထို ၁၁ခရိုင်ကို နောက်ထပ် ခရိုင်ခွဲ ၉၂ခု၊ ရွာပေါင်း ၆၉၁ရွာ ထပ်မံခွဲခြားသည်။

  1. မောင်း ချွန်ဘူရီ
  2. ဘန်ဘန်း
  3. နွမ်ယိုင်
  4. ဘန် လမ်မန်း
  5. ဖန်သွန်
  6. ဖနတ် နီကွန်
  1. ဆီ ရာချာ
  2. ခို ဆီချန်း
  3. ဆသာဟပ်
  4. ဘိုသွန်း
  5. ခိုချန်း

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

လေကြောင်း[ပြင်ဆင်ရန်]

ချွန်ဘူရီသည် နိုင်ငံ၏ အကြီးဆုံးလေဆိပ်ဖြစ်သော သုဝဏ္ဏဘူမိလေဆိပ်မှ ကားလမ်းဖြင့် ၁၂၀ ကီလိုမီတာ (၇၅ မိုင်) ခန့် ကွာဝေးသည်။ ဆူခူဗစ်လမ်း နှင့် Motorway 7 တို့ဖြင့် ဘန်ကောက်မှ တစ်ဆင့် ပြန်လာနိုင်သည်။မြို့မှ တောင်ဘက်သို့ ၄၅မိနစ်ခန့် မောင်းရသော ဦးသဖောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှလည်း လေယာဉ်အချို့ရှိသည်။

အဝေးပြေးလမ်း[ပြင်ဆင်ရန်]

ချွန်ဘူရီကို ဖြတ်သော အဓိကလမ်းမမှာ ထိုင်းလမ်းမ၃ဖြစ်သည်။ဆူခူဗစ်လမ်းဟု လူသိကြသည်။အရှေ့မြောက်တွင် ဘန်ကောက်သို့ဆက်သွယ်ပြီး တောင်ဘက်တွင် ရေယွန်ပြည်နယ်၊ ချန်သဘူရီပြည်နယ်၊ တရပ်ပြည်နယ်တို့ကို ဆက်သွယ်ထားသည်။အမှတ်၇မှာလည်း အမှတ်၃နှင့်အပြိုင်လိုက်သည်။သို့သော် လူထူထပ်သော ပင်လယ်ကမ်းခြေဖြစ်သော ပတ္တယားကို ရှောင်ကွင်းသွားသည်။

ရထားလမ်း[ပြင်ဆင်ရန်]

နိုင်ငံ၏ ခရီးသည်တင် ရထားလိုင်းဖြစ်သော နိုင်ငံတော် ရထားလမ်းသည် ချွန်ဘူရီပြည်နယ်တွင် လည်ပတ်သည်။အဓိက ဘူတာရုံမှာ ချွန်ဘူရီ ဘူတာရုံ ဖြစ်သည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ချွန်ဘူရီတွင် ဆေးရုံများစွာ ရှိသည်။အစိုးရရော ပုဂ္ဂလိကပါ ဖြစ်သည်။ခိွန်ဘူရီတွင် ဘူရာဖ တက္ကသိုလ် ဆေးရုံတစ်ခုရှိသည်။ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ လက်အောက်ရှိ ချွန်ဘူရီဆေးရုံမှာ အဓိကဆေးရုံဖြစ်သည်။အခြားသော အဖွဲ့အစည်းများဖြစ်သော ကြက်ခြေနီ၊ ထိုင်းတော်ဝင်ရေတပ် စသည်တို့လက်အောက်ရှိဆေးရုံများမှာ ဆာဗန် ဗဟာနာ မိဖုရား အထိမ်းအမှတ်ဆေးရုံ)နှင့် (သီရိခေတ်မိဖုရား ရေတပ်ဆေးရုံ) တို့ဖြစ်သည်။

ခရီးသွား ကဏ္ဍ[ပြင်ဆင်ရန်]

၂၀၁၂ခုနှစ်က စာရင်းများအရ ခရီးသည် ၉သန်း လာရောက်ခဲ့သည်။ခရီးသည် ၆.၁သန်းမှာ ပြည်ပမှဖြစ်ကာ ထိုအထဲတွင် ရုရှားနိုင်ငံမှ ၂.၂သန်း လာရောက်ခဲ့သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]