မာတိကာသို့ ခုန်သွားရန်

ချောင်းတူရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

ဝီကီပီးဒီးယား မှ
ချောင်းတူရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
ရခိုင်ပြည်နယ် တိုက်ပွဲများ ၏ တစ်စိတ်တစ်ပိုင်း
ချောင်းတူရွာ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ချောင်းတူရွာ
ချောင်းတူရွာ
ချောင်းတူရွာ တည်နေရာ (ကျောက်တော်-ပုဏ္ဏားကျွန်းအစပ်)
နေရာကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်၊ ချောင်းတူကျေးရွာ အနောက်ဘက်
ကိုဩဒိနိတ်20°21′15″N 93°01′24″E / 20.3541°N 93.0232°E / 20.3541; 93.0232ကိုဩဒိနိတ်: 20°21′15″N 93°01′24″E / 20.3541°N 93.0232°E / 20.3541; 93.0232
ရက်စွဲ၂၀ ဇန်နဝါရီ ၂၀၂၆
သေဆုံးသူဦးရေ၂၁ ဦး
ဒဏ်ရာရဦးရေ
၃၀ ဦး
ပြစ်မှုကျူးလွန်သူများ တပ်မတော် (လေ)
  • အာရက္ခတပ်တော်၏ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းအား တပ်မတော် (လေ) မှ တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
  • သေဆုံးသူများတွင် လသားအရွယ်ကလေးငယ် အပါအဝင် ၁၅ နှစ်အောက် ကလေး ၄ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ဦး ပါဝင်သည်။
  • တိုက်ခိုက်ခံရသည့်နေရာမှာ အလံဖြူထောင်လက်နက်ချခဲ့သည့် ခမရ (၅၃၉) နှင့် အမတ (၃၇၇) တို့မှ မိသားစုဝင်များအား ထားရှိသည့် ဆေးကုသဆောင်နှင့် အိပ်ဆောင်များဖြစ်သည်။
  • ၂၀၂၃ ခုနှစ်နောက်ပိုင်း အာရက္ခတပ်တော်မှ သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများအတွင်းရှိ စစ်သုံ့ပန်းစခန်းများ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် ဖြစ်စဉ်များထဲမှ တစ်ခုဖြစ်သည်။အလားတူဖြစ်စဉ်များမှာ - ဒလက်ချောင်း ဖြစ်စဉ်(၂၀၂၆ မတ် ၈)၊ ရမ်းချောင်းဖြစ်စဉ်(၂၀၂၅ ဇန်နဝါရီ ၁၈)၊ ရှင်ရွာဖြစ်စဉ် (၂၀၂၄ စက်တင်ဘာ ၈)၊ နခခ(၂)ဖြစ်စဉ် (၂၀၂၄ စက်တင်ဘာ ၉) တို့ဖြစ်သည်။

ချောင်းတူရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်ရှိ အာရက္ခတပ်တော် (AA) ၏ အကျဉ်းစခန်းတစ်ခုကို တပ်မတော် (လေ) က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် အာရက္ခတပ်တော်က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင် ၂၁ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်။[]

ဖြစ်စဉ်

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ညတွင် ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်၊ ချောင်းတူကျေးရွာ အနောက်ဘက်ရှိ အာရက္ခတပ်တော်၏ အကျဉ်းစခန်းကို တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ် တိုက်ခိုက်မှုကို ည ၇ နာရီ ၂၄ မိနစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ် တိုက်ခိုက်မှုကို ည ၇ နာရီ ၂၈ မိနစ်တွင် လည်းကောင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်လေယာဉ်များက ကြဲချသော ဗုံးများသည် အကျဉ်းစခန်းရှိ ဆေးကုသဆောင်၊ နားနေဆောင်နှင့် အိပ်ဆောင်တို့တွင် တည့်တည့်ကျရောက် ပေါက်ကွဲခဲ့သည်။[][]

သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရမှု

[ပြင်ဆင်ရန်]

လေကြောင်းတိုက်ခိုက်မှုကြောင့် စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများတွင် အမျိုးသား ၁၂ ဦး၊ ကိုယ်ဝန်ဆောင် နှစ်ဦး အပါအဝင် အမျိုးသမီး ငါးဦးနှင့် လသားအရွယ် ကလေးတစ်ဦး အပါအဝင် ၁၅ နှစ်အောက် ကလေး လေးဦးတို့ ပါဝင်သည်။ဒဏ်ရာရရှိသူ ၃၀ ဦးတွင် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ကိုးဦးနှင့် ကလေး ခုနစ်ဦးတို့ ပါဝင်သည်။ ဒဏ်ရာရရှိသည့် ကလေးများအနက် ငါးနှစ်အောက် ကလေး လေးဦးနှင့် ၁၅ နှစ်အောက် ကလေး သုံးဦးတို့ ဖြစ်ကြသည်။[][]

နောက်ခံအခြေအနေ

[ပြင်ဆင်ရန်]

ဗုံးကြဲခံရသည့်နေရာသည် ကျောက်တော်အခြေစိုက် ခြေမြန်တပ်ရင်း (၅၃၉) နှင့် အမှတ် (၃၇၇) အမြောက်တပ်ရင်းတို့မှ အလံဖြူထောင် လက်နက်ချခဲ့သည့် စစ်သည်များနှင့် ၎င်းတို့၏ မိသားစုဝင်များအား ထားရှိသည့်နေရာဖြစ်သည်။ အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်အရ သေဆုံးသူများမှာ မကြာမီ ပြန်လည်လွှတ်ပေးရန် စီစဉ်ထားသည့် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖြစ်ကြသည်။ရန်ကုန်-စစ်တွေ ကားလမ်းမဘေး၊ ကန်စောက်တောင်ခြေရင်းတွင် အခြေစိုက်ထားသည့် ခြေမြန်တပ်ရင်း (၅၃၉) သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် အရာရှိ၊ စစ်သားနှင့် မိသားစုဝင်များ အပါအဝင် တပ်ရင်းတစ်ခုလုံး အာရက္ခတပ်တော်ထံ လက်နက်ချခဲ့ခြင်းဖြစ်သည်။[][]

နောက်ဆက်တွဲ ဖြစ်ရပ်

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၉ နာရီခန့်တွင် တပ်မတော်(လေ) က အဆိုပါ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းနှင့် မိသားစုဝင်များကို ထိန်းသိမ်းထားသည့် အကျဉ်းထောင်ကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ စစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ ဂျက်ဖိုက်တာဖြင့် ဗုံး ၄ ကြိမ် လာရောက်ကြဲချခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ အာရက္ခတပ်တော် ဘက်မှ မထုတ်ပြန်ခဲ့ပေ။[]

ဆက်စပ်ကြည့်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Lin၊ Editor Htein (2026-01-22)။ ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ လူ ၂၁ ယောက်သေဆုံးကာ ၃၀ လောက်ဒဏ်ရာရရှိခဲ့ (in en-US)။ 2026-05-02 တွင် ပြန်စစ်ပြီး။
  2. ထွန်းအောင်၊ ဖဒူ (2026-01-22)။ ကျောက်တော် AA အကျဉ်းစခန်း ဗုံးကြဲခံရမှု လသားကလေးနှင့် ကိုယ်ဝန်ဆောင်အပါ၂၁ ဦးသေဆုံး (in en-US)။ 2026-05-02 တွင် ပြန်စစ်ပြီး။
  3. AA အကျဉ်းစခန်းဗုံးကြဲခံရမှု စစ်သုံ့ပန်းနှင့် စစ်သုံ့ပန်းမိသားစုဝင် ၂၁ ဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာရ (in my)။ 2026-05-02 တွင် ပြန်စစ်ပြီး။
  4. ချောင်းတူရွာ စစ်သုံ့ပန်းစခန်းကို စစ်တပ် ဗုံးကြဲမှု ၂၁ ယောက် သေဆုံး (in my-MM)။ 2026-05-02 တွင် ပြန်စစ်ပြီး။
  5. ကျောက်တော်က အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲမှု စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၁ ဦး သေဆုံး၊ ၃၀ ဦး ဒဏ်ရာရ (in my)။ 2026-05-02 တွင် ပြန်စစ်ပြီး။
  6. Watch၊ Dawei (2024-01-17)။ ရခိုင် ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ (in en)။ 2026-05-02 တွင် ပြန်စစ်ပြီး။
  7. မိုးဦး၊ ရောင်နီ, ခင်ငြိမ်းချမ်း (2024-02-07)။ မြို့တော်စစ်တွေသို့ ချဉ်းကပ်လာသော AA က ၅ မြို့ထက်မနည်း ထိန်းချုပ်ထား (in en-US)။ 2026-05-02 တွင် ပြန်စစ်ပြီး။
  8. ကျောက်တော်တွင် စစ်သုံ့ပန်းထားသည့် အကျဉ်းထောင်ကို စစ်တပ်က ဒုတိယအကြိမ် ဗုံးကြဲ (in en)။ 2026-05-02 တွင် ပြန်စစ်ပြီး။