ချောချောစိန်
ဒေါက်တာ ချောချောစိန် | |
|---|---|
| ပညာရေးဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃၁ ဇူလိုင် ၂၀၂၅ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ |
| ဝန်ကြီးချုပ် | ညိုစော |
| ယခင်လူ | ဒေါက်တာ ညွန့်ဖေ |
| လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၃ ဩဂုတ် ၂၀၂၄ | |
| နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ် | |
| တာဝန်သက်တမ်း ၂၀၂၀ – ၂၀၂၄ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၁ စက်တင်ဘာ၊ ၁၉၆၈ |
| လူမျိုး | မြန်မာ |
| မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
| အစိုးရအဖွဲ့ | ဦးညိုစောအစိုးရ |
ဒေါက်တာ ချောချောစိန် (၁၁ စက်တင်ဘာ ၁၉၆၈ မွေးဖွား) သည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။[၁] သူသည် ယင်းမတိုင်မီက ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဖြစ်ခဲ့ပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၏ ဒုတိယပါမောက္ခချုပ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။[၂]
ပညာရေးဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]၁၉၈၄ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ် ၌ နိုင်ငံတကာဆက်ဆံရေးဘာသာရပ် အထူးပြုဖြင့် စတင် တက်ရောက်ခဲ့သည်။၁၉၉၆ ခုနှစ် တွင် နိုင်ငံတကာဆက်ဆံရေးမဟာဘွဲ့ နှင့် ၂၀၀၄ ခုနှစ် တွင် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်အထူးပြုဖြင့် ဒေါက်တာဘွဲ့ ကို ရန်ကုန်တက္ကသိုလ် မှ ရရှိခဲ့သည်။
ဝန်ထမ်းဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]၁၉၉၃ ခုနှစ် တွင် သူသည် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန တွင် သင်တန်းနည်းပြ အဖြစ် စတင် အမှုထမ်းသည်။ယင်းနောက် ရာထူးအဆင့်ဆင့်တိုးကာ ၂၀၁၁ ခုနှစ် ကစပြီး ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန ၏ ပါမောက္ခ (ဌာနမှူး) ဖြစ်လာခဲ့သည်။[၃] ၂၀၂၀ ပြည့်နှစ် တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၏ ဒုတိယပါမောက္ခချုပ် အဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခံခဲ့ရသည်။ [၄]
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဩဂုတ် ၁၃ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် သူ့အား ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် အဖြစ်မှ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့၍ ဒေါက်တာ ချောချောစိန်သည် ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာခဲ့သည်။ထိုတာဝန်ကို ၁နှစ် နီးပါးခန့် ထမ်းဆောင်ခဲ့သည်။[၅]
ဝန်ကြီးဘဝ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည် ပြည်ထောင်စုအစိုးရအဖွဲ့ တွင် ပညာရေးဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း။ MOI Myanmar (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာချောချောစိန်အား ခန့်အပ်။ Eleven Media (၃၁ ဇူလိုင် ၂၀၂၅)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရန်ကုန်တက္ကသိုလ်(ပင်မ)ပြုပြင်မွမ်းမံခြင်း နှင့် အဆင့်မြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းခြင်း။ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် ၇၃/၂၀၁၆ (၁၁ နိုဝင်ဘာ ၂၀၁၆)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Dr. Chaw Chaw Sein။ YUFL။ 14 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း။ MYANMAR NATIONAL PORTAL (၁၃ ဩဂုတ် ၂၀၂၄)။ ၃၁ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။