မာတိကာသို့ ခုန်သွားရန်

ချီဝကန်

ဝီကီပီးဒီးယား မှ
ချီဝကန်
seen from space (false color)
ချီဝကန် သည် Malawi တွင် တည်ရှိသည်
ချီဝကန်
ချီဝကန်
တည်နေရာZomba District
ကိုဩဒိနိတ်15°18′S 35°42′E / 15.300°S 35.700°E / -15.300; 35.700ကိုဩဒိနိတ်: 15°18′S 35°42′E / 15.300°S 35.700°E / -15.300; 35.700
ပင်မ ရေဝင်စီးကြောင်းNaisi, Thondwe, Phalombe, Songani, Domasi
ပင်မ ရေထွက်စီးကြောင်းnone
ရေဝေကြောရှိရာ နိုင်ငံများမာလဝီနိုင်ငံ
အကျယ်ဆုံး အလျား၆၀ km (၃၇ mi)
အကျယ်ဆုံး အနံ၄၀ km (၂၅ mi)
ကျွန်းများChisi
ရွေးချယ်ခြင်း14 November 1996
ရည်ညွှန်းနံပါတ်869[]

ချီဝကန် သည် မာလဝီနိုင်ငံတွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ မာလဝီကန်ပြီးနောက် နိုင်ငံတွင် ဒုတိယမြောက် အကြီဆုံးကန် ဖြစ်သည်။ ၎င်းကန်သည် မိုဇမ်ဘစ်နိုင်ငံနယ်နိမိတ်အနီး ဇွန်ဘခရိုင် အရှေ့ဘက်ပိုင်းတွင် တည်ရှိသည်။ ၎င်းကန်သည် ခန့်မှန်းခြေအားဖြင့် ၆၀ ကီလိုမီတာအရှည်ရှိပြီး ၄၀ ကီလိုမီတာကျယ်သည်။ ကန်ပတ်လည်တွင် စိုစွတ်မြေများဖြင့် ပတ်လည်တည်ရှိသည်။ ကန်၏ အလယ်တွင် ကျွန်းတစ်ခုတည်ရှိကာ ၎င်းကို "ချီစီကျွန်း" ဟု ခေါ်သည်။ ကန်တွင် ရေထွက်ပေါက် မရှိပေ။ ကန်ရှိရေ၏ မျက်နှာပြင်အမြင့်သည် မိုးရာသီမိုးရွာသွန်းမှုနှင့် နွေရာသီရေငွေ့ပျံမှုတို့အပေါ်မူတည်ကာ ပြောင်းလဲမှု ရှိသည်။ ၁၉၆၈ ခုနှစ်တွင် ခြောက်သွေ့သည့်ရာသီဥတုကြောင့် ကန်သည် ပျောက်ကွယ်သွားခဲ့ရသည်။ ၁၈၅၉ ခုနှစ် ဒေးဗစ်လစ်ဗင်းစတုန်းသည် ကန်သို့ လည်ပတ်ခဲ့စဉ်အခါက တောင်ဘက်ကန်ခြေသည် Mulanje Massif သည် ကွာဝေးသည်။ ထိုအတိုင်းအတာသည် အနည်းဆုံး ၃၂ ကီလိုမီတာ (၂၀ မိုင်) ရှိပြီး ယနေ့လက်ရှိအချိန်ထက် ပိုမိုရှည်လျားသည့် ပမာဏ ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Lake Chilwa 25 April 2018 တွင် ပြန်စစ်ပြီး။