မာတိကာသို့ ခုန်သွားရန်

ချိုထွန်းအောင်

ဝီကီပီးဒီးယား မှ

ချိုထွန်းအောင်
ဘရူနိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၅ မတ် ၂၀၁၅  ၅ မေ ၂၀၁၈
သမ္မတဦးသိန်းစိန်
ဦးထင်ကျော်
ဦးဝင်းမြင့်
ယခင်လူဒေါ်ယဉ်ယဉ်မြင့်
ဆက်ခံသူဦးထင်လင်း
ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၂၂ ဇန်နဝါရီ ၂၀၁၁  ၄ မတ် ၂၀၁၅
နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီး သန်းရွှေ
သမ္မတ ဦးသိန်းစိန်
ဆက်ခံသူဦးစိုးနွယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1958-05-08)မေ ၈၊ ၁၉၅၈
ကွယ်လွန်၂၂ မေ၊ ၂၀၂၅(2025-05-22) (အသက် ၆၇)
ရန်ကုန်
လူမျိုးမြန်မာ
ကြင်ဖော်နန်းယဉ်မေဝင်း
သားသမီးသားသမီး ၃ဦး
မိဘဦးတင်အေး +ဒေါ်အေးရှင်
မိခင်ကျောင်းအလုပ်သင်ဗိုလ်/ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅) (OTC 5)
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော်
အမှုထမ်းကာလ၁၉၇၉ -၂၀၁၁
ရာထူး ဗိုလ်မှူးချုပ်

ဦးချိုထွန်းအောင် (၅ မေ ၁၉၅၈ - ၂၂ မေ ၂၀၂၅) သည် အငြိမ်းစားဗိုလ်မှူးချုပ် နှင့် မြန်မာသံအမတ်ကြီး ဖြစ်သည်။နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ၏ စာပေပညာရပ်ဆိုင်ရာ အချိန်ပိုင်းသင်တန်းနည်းပြတစ်ဦးလည်းဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေနတ်သမားအချို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အသက်ဆုံးခဲ့ရသူဖြစ်သည်။

ဖခင်ဖြစ်သူ ပညာဝန် ဦးတင်အေး နှင့် မိခင်ဖြစ်သူ ဒေါ်အေးရှင် တို့က ၁၉၅၈ ခုနှစ် မေလ ၈ရက် နေ့တွင် ၎င်းအား မွေးဖွားသည်။မွေးချင်း၆ ဦးရှိသည့်အနက် စတုတ္ထမြောက် သား ဖြစ်သည်။

ဝန်ထမ်းဘဝ

[ပြင်ဆင်ရန်]

ငယ်စဉ်ကတည်းက ပညာရေးတွင် ထူးချွန်သူဖြစ်သည်။ ဆယ်တန်းအောင် ဘွဲ့ရပြီးနောက် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း သို့တက်ရောက်သည်။ အမှတ်စဉ် (၅) သင်တန်းဆင်းပြီးနောက် ၁၉၇၉ ခုနှစ်နောက်ပိုင်းကစ၍ တပ်မတော်တွင် စတင်စစ်မှုထမ်းသည်။ သူ၏ ပြန်တမ်းဝင်စစ်မှုထမ်းအမှတ်မှာ ကြည်း ၁၄၈၈၁ ဖြစ်သည်။

သူသည် ၂၀၀၉ ခုနှစ် နှစ်ကုန်အထိ ဗိုလ်မှူးချုပ်အဆင့်ဖြင့် မွန်ပြည်နယ်ရေးမြို့အခြေ စိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် မှူး တာဝန်အထိ ထမ်းဆောင်ခဲ့သည်။[]

ထို့နောက်တွင် အရပ်ဘက် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့တွင် နိုင်ငံတော်အေး ချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ၎င်းအား ကမ္ဘောဒီးယားနိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးသည်။[]

သမ္မတ ဦးသိန်းစိန် လက်ထက်အထိ ထိုတာဝန်ကို ထမ်းဆောင်သည်။၂၀၁၅ ခုနှစ် မတ်လ ၄ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် မှ ဘရူနိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်သို့ ဦးသိန်းစိန် က ပြောင်းရွှေ့ခန့်အပ် တာဝန်ပေးသည်။[]

သမ္မတ ဦးထင်ကျော် လက်ထက်၊သမ္မတ ဦးဝင်းမြင့် လက်ထက်အထိ []ထိုတာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့တွင် သက်ပြည့်အငြိမ်းစား ယူသည်။

၂၀၂၁ နောက်ပိုင်းကာလ

[ပြင်ဆင်ရန်]

သူသည် အငြိမ်းစားစစ်မှုထမ်း တစ်ဦး နှင့် အငြိမ်းစားသံအမတ်ကြီး တစ်ဦးဖြစ်၍ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် က သင်တန်းများပို့ချပေးရန် ကမ်းလှမ်းခြင်းကို ခံရသည်။သူက လက်ခံပြီး နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အပါအဝင် နိုင်ငံတကာဆက်ဆံရေး တို့ကို သင်ကြားပေးသည်။ယင်းအပြင် သူအငြိမ်းစားယူပြီးနောက်ပိုင်း တပ်မတော်နေ့ အခမ်းအနားများသို့ နောက်ဆုံးစစ်မှုထမ်းခဲ့စဉ်က ရာထူးအတိုင်း စစ်ဝတ်စုံဝတ်၍ တက်ရောက်ခွင့်လည်း ရခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗိုလ်မှူးချုပ်ဟောင်း ဦးချိုထွန်းအောင်ကို တပ်ချုပ်မင်းအောင်လှိုင်ကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့ပြီး ရွှေအချိန် ၅ ကျပ် သားကိုပါ ဂုဏ်ပြုဆုအဖြစ် တစ်ပါတည်းပေးအပ်ခဲ့သည်။[]

လုပ်ကြံခံရခြင်း

[ပြင်ဆင်ရန်]

သူ့ကို မြို့ပြတော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်သည့် Golden Valley Warriors အဖွဲ့က စစ်ကောင်စီအား အထောက်အကူပြုနေသူတစ်ဦးအဖြစ် စွပ်စွဲပြီး စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ၂၀၂၅ ခုနှစ်​ မေလ ၂၂ရက် နံနက် ၉း၀၀နာရီ ခန့် အချိန်တွင် ရန်ကုန်မြို့ မရမ်းကုန်းရှိ နေအိမ်ရှေ့တွင် သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံကြသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ထိုနေ့မှာပင် ကွယ်လွန်သည်။[]သူသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်ရှိ မြို့ပြပျောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် အင်းလျားမြို့ပြပျောက်ကျားအဖွဲ့ Inya Urban Force က စစ်တပ်အရာရှိဟောင်း နှင့် သံအမတ်ကြီးဟောင်း ဦးအုန်းသွင် ကို လုပ်ကြံသတ်ဖြတ်ပြီးနောက် ထပ်မံလုပ်ကြံခံရသည့် ဒုတိယမြောက် အငြိမ်းစား စစ်ဖက်ဆိုင်ရာ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။[]

နောက်ဆက်တွဲ အခြေအနေနှင့် ဖမ်းဆီးမှုများ

[ပြင်ဆင်ရန်]

လုပ်ကြံမှုဖြစ်ပွားပြီးနောက် မေလ ၂၃ ရက်မှ ၂၉ ရက်အတွင်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ကြံမှုနှင့် ဆက်စပ်သည်ဟု သံသယရှိသူ ၁၆ ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများတွင် သေနတ်သမား မြတ်ကိုကို၊ ၎င်း၏ မိသားစုဝင်များ၊ ၎င်းကို ဆေးကုသပေးခဲ့သည်ဟု စွပ်စွဲခံရသော ဆေးရုံပိုင်ရှင်နှင့် လုပ်ကြံမှုကို ထောက်ပံ့ကူညီမှု သို့မဟုတ် ဖုံးကွယ်မှုတို့တွင် ပါဝင်ခဲ့သော ရပ်ရွာနေထိုင်သူများ ပါဝင်သည်ဟု ဆိုသည်။ အဆိုပါဖမ်းဆီးခံရသူများထဲတွင် အသက်ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန စပါးစိုက်ခင်းများအတွင်း ငါးမျိုးစိုက်ထည့် ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ ၁၆ (၂၅ စက်တငဘာ ၂၀၀၉)။ ၂၃ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. ဦးချိုထွန်းအောင်အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ၉ (၂၂ ဇန်နဝါရီ ၂၀၁၁)။ ၂၃ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်သို့ ပြောင်းရွေ့ ၂၀၁၅ ခုနှစ် မတ်လ ၄ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ။စာမျက်နှာ ၃ (၄ မတ် ၂၀၁၅)။ ၂၃ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. State Counsellor in Brunei The Global New Light of Myanmar (7 Oct 2017)။ 23 May 2025 တွင် ပြန်စစ်ပြီး။
  5. "နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် စာသင်ကြားနေပြီး မင်းအောင်လှိုင် ပေးအပ်သည့် ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ပစ်ခတ် ရှင်းလင်း"၊ Khit Thit Media၊ May 22, 2025 2025-6-8 တွင် ပြန်စစ်ပြီး
  6. An urban guerrilla group in Myanmar claims responsibility for assassinating a retired army officer AP (22 May 2025)။ 23 May 2025 တွင် ပြန်စစ်ပြီး။
  7. အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်ကို လုပ်ကြံမှုအပေါ် စစ်ကောင်စီရှုတ်ချ VOA Burmese (၂၅ စက်တင်ဘာ ၂၀၂၂)။ ၂၃ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. တရားခံစာရင်း၌ ကလေးဓာတ်ပုံဖော်ပြမှု မြန်မာ့လူ့အခွင့်အရေး ကော်မရှင် နှုတ်ဆိတ်နေ The Irrawaddy Burmese (7 June 2025)။ 2025-6-8 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-8 တွင် ပြန်စစ်ပြီး။
  9. ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို လုပ်ကြံသည်ဟုဆိုကာ ၆ နှစ်သမီးအပါအဝင် ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး Mizzima (June 5, 2025)။ 2025-6-8 တွင် ပြန်စစ်ပြီး။