ချိုခါး ဆိမ့်သက် အချစ်တစ်ခွက်

ဝီကီပီးဒီးယား မှ

ချိုခါးဆိမ့်သက် အချစ်တစ်ခွက်(Brew Me A Favor)သည် CANAL+ Myanmar Productionနှင့် Bonanza Production တို့မှ ရိုက်ကူးသော ဒရမ်မာ ဇာတ်လမ်းတွဲရှည်ဖြစ်သည်။ နာရီ၀က်ကြာမြင့်သော အပိုင်း(၉၀)ပါ၀င်ပြီး ၂၀၂၂ခုနှစ်စက်တင်ဘာ၁၂ရက်မှ ၂၀၂၃ ဇန်နဝါရီ ၅ရက်အထိ အပတ်စဉ် တနင်္လာမှ သောကြာနေ့ည၇:၃၀တွင် CANAL+ Zatlennမှာ ပြသခဲ့သည်။

ချိုခါး ဆိမ့်သက် အချစ်တစ်ခွက်
Brew Me A Favor TV series poster.jpg
Poster
အမျိုးအစားဒရမ်မာ
ဒါရိုက်တာမေဘရဏီ
သရုပ်ဆောင်
  • မုဒြာ အဖြစ် ကူးကူးဇင်‌အောင်
  • ‌သော်ထွဋ် အဖြစ် ‌ အေးချမ်း‌မောင်
  • ဘုန်းခန့် အဖြစ် ဟိန်းသစ်စ
  • ဂျူလီယာ အဖြစ် ဆုထက်
  • ‌မေသက် အဖြစ် စိုးမိုးကြည်
  • နေဇင်အဖြစ်စစ်မင်းထက်
  • သူရအောင်အဖြစ်နေ့သစ်အေးမောင်
  • နွယ်နီအဖြစ်ဂိုဂို
  • ပင်ကီအဖြစ်မှူး
  • ငယ်ငယ်တိုးအဖြစ်နွေးနွေးချစ်ဖွယ်
  • ကိုစိုးအဖြစ်ကွန်း
  • ဒေါ်စောခင်အဖြစ် ခင်သန်းနွယ်(ရှုမ၀)
  • တိုး၀င်းအဖြစ်မင်းသူ
  • တိုးမင်းအဖြစ်ရဲမွန်
  • ဒေါ်ရွှေစင်အဖြစ်သာသာ
  • ဒေါ်ခင်ထားအဖြစ်တင်ဇာ၀င်းပြည့်
  • လင်းထက်အဖြစ်စည်သူရဲထွဋ်
  • ကောင်းခန့်မင်းအဖြစ်ဟိန်းသန့်စ
  • နစ်ကီအဖြစ်ရောင်ပြန်
  • စင်သီယာအဖြစ် သရဖီ
နိုင်ငံ မြန်မာ
ဘာသာစကား မြန်မာ
ရာသီပေါင်း
အပိုင်းပေါင်း၉၀
ထုတ်လုပ်မှု
ရိုက်ကူးသည့် နေရာMyanmar
ပြသချိန်၃၀မိနစ်
ထုတ်လုပ်သည့် ကုမ္ပဏီBonanza Production
Canal+
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းCanal+ Zat Lenn
ရုပ်ပုံအမျိုးအစား1080i(FHD)
မူလပြသမှု၁၂ စက်တင်ဘာ ၂၀၂၂ (၂၀၂၂-၀၉-၁၂) – ၅ ဇန်နဝါရီ ၂၀၂၃ (၂၀၂၃-၀၁-၀၅)

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

ဘုန်းခန့်နှင့်သော်ထွဋ်တို့သည် ၀မ်းကွဲညီအစ်ကို ဖြစ်ကြပြီး သော်ထွဋ်မှာ ဒေါ်‌စောခင်ဧ။်‌မြေးအကြီးဆုံးဖြစ်သော်လည်း သူ၏အမေဒေါ်မေသက်၏လုပ်ရပ်များကြောင့် သူ၏အဖေထွက်ပြေးသွားခဲ့သည်ဟု ဒေါ်စောခင်က ထင်ခဲ့သောကြောင့် ဆွေမျိုးအသိုင်းအဝိုင်းတွင် ဖယ်ကျန်ခြင်းကို ခံခဲ့ရသည်။ တစ်ဖက်တွင် မုဒြာ၏ ‌‌‌‌‌‌အမေသည်သော်ထွဋ်အဖေ“ဦးတိုး၀င်း”၏ အငယ်အနှောင်း အဖြစ် ဒေါ်မေသက်က ထင်ခဲ့သည်။ မုဒြာတို့ မိသားစုသည် ကော်ဖီစိုက်ပျိုးရေးကို လုပ်ကိုင်ပြီး သူမ၏အဘိုးဆုံး‌‌ပါးသွားသောအခါ သူမတို့၏ မြေကွက်ကို ‌ဒေါ်စောခင်က ပြန်လည်သိမ်းယူခဲ့သည်။ သော်ထွဋ်သည် နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်လာသောအခါ သူ၏အဘွားက ကော်ဖီလုပ်ငန်းလုပ်ရန် တိုက်တွန်းသောကြောင့် LaLune ကော်ဖီလုပ်ငန်းအစ ကော်ဖီမှုန့်ထုတ်လုပ်ရေးလုပ်ငန်းကို စတင်ခဲ့သည်။ မုဒြာသည် သူမ‌‌အမေမှ နာတာရှည်ရောဂါဖြစ်သဖြင့် သူမ၏အရင်မြေကွက်တွင် ကော်ဖီစိုက်ပျိုးသူ အလုပ်သမားအဖြစ်ပြန်လည်၀င်ရောက်ကာ ဒေါ်စောခင်‌ထံကျန်သော အကြွေးကို ဆပ်ရန်ကြိုးစားခဲ့သည်။ ဘုန်းခန့်သည် ဆိုးသွမ်းသူဖြစ်ပြီး မုဒြာနှင့်တွေ့ဆုံပြီးနောက် ကော်ဖီလုပ်ငန်းကို ၀င်ရောက်လာသည်။ ဘုန်းခန့်‌‌အဖေဦးတိုး၀င်းသည် သူ့တူသော်ထွဋ်အား သူ၏ပိုင်ဆိုင်မှုများကို ကျူးကျော်လာနိုင်သည်ဟု ထင်သောကြောင့် ကော်ဖီလုပ်ငန်း ပျက်စီးရန် အမျိုးမျိုးဆောင်ရွက်တော့သည်။ သော်ထွဋ်ရဲ့ ကော်ဖီလုပ်ငန်းအောင်မြင်ပါ့မလား။သူရဲ့ ငယ်ကတည်းစွန့်ပစ်ခံရမှုအတွက် ဘယ်လိုလက်စားပြန်ချေမလဲ။ ကုမ္ပဏီကို လုကြရင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲ။ မုဒြာနဲ့ရော လေးပွင့်ဆိုင်အချစ်တွေဖြစ်မှာလား။ အခြားဘာဇာတ်လမ်း‌တွေရှိသေးလဲဆိုတာ....

ကိုးကား[ပြင်ဆင်ရန်]

https://www.facebook.com/canalplusmmfg https://www.canalplus-myanmar.com/ http://www.myanmarcelebrity.com/2023/01/blog-post_85.html?m=1