ချမိုကန်
| ချမိုကန် | |
|---|---|
Lake Chamo seen from Arba Minch | |
![]() | |
| ကိုဩဒိနိတ် | 5°50′N 37°33′E / 5.833°N 37.550°Eကိုဩဒိနိတ်: 5°50′N 37°33′E / 5.833°N 37.550°E |
| ရေဝေကြောရှိရာ နိုင်ငံများ | Ethiopia |
| အကျယ်ဆုံး အလျား | ၃၂ km (၂၀ mi) |
| အကျယ်ဆုံး အနံ | ၁၃ km (၈.၁ mi) |
| မျက်နှာပြင် ဧရိယာ | ၃၁၇ km2 (၁၂၂ sq mi) |
| အနက်ဆုံး အနက်အရှိုင်း | ၁၄ m (၄၆ ft) |
| ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁,၁၁၀ m (၃,၆၄၀ ft) |
ချမိုကန် (Amharic: ቻሞ ሐይቅ) သည် အီသီယီုးပီးယားနိုင်ငံတောင်ပိုင်းတွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ ကန်သည် အီသီယိုးပီးယား၏ အဓိကမြေနိမ့်ဒေသတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထိက် ၁၁၁၀ မီတာတွင် တည်ရှိသည်။ ဤကန်သည် အဘယာကန်နှင့် အာဘမင့်မြို့၏ တောင်ဘက်နား၊ ဂက်တောင်တန်းများ၏ အရှေ့ဘက်နှင့် အမရိုတောင်တန်းများ၏ အနောက်ဘက်တွင် တည်ရှိသည်။
အကျဉ်းချုပ်
[ပြင်ဆင်ရန်]ချမိုကန်၏ မြောက်ဘက်အဆုံးနေရာသည် နီချီဆာအမျိုသားပန်းခြံတွင် တည်ရှိသည်။ အလယ်ပိုင်းဒေသအချက်အလက်အေဂျင်စီက ထုတ်ပြန်သည့် ပုံများအရ ကန်သည် အရှည် ၃၂ ကီလိုမီတာ၊ အကျယ် ၁၃ မီတာ၊ မျက်နှာပြင်ဧရိယာသည် ၃၁၇ စတုရန်းကီလိုမီတာ၊ အမြင့်ဆုံးအနက်သည် ၁၄ မီတာနှင့် ရေဝေရေလဲ ဧရိယာသည် ၁၈၇၅၇ စတုရန်းကီလိုမီတာခန့် ရှိသည်။ အခြားသော ရင်းမြစ်များကမူ ကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၂၃၅ မီတာ၊ အရှည် ၂၆ ကီလိုမီတာ၊ အကျယ် ၂၂ ကီလိုမီတာ၊ ဧရိယာ ၅၅၁ စတုရန်းကီလိုမီတာ၊ ရေဝေရေလဲ ဧရိယာသည် ၂၂၂၀ စတုရန်းကီလိုမီတာ၊ အမြင့်ဆုံးအနက်သည် ၁၀ မီတာ ရှိသည်။[၁][၂][၃]
ရုပ်ပုံများ
[ပြင်ဆင်ရန်]- On the lake
ပြင်ပလင့်မျာ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ "Water Resources and Irrigation Development in Ethiopia - IWMI" 18 July 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Table 3. Basic hydrological data of lakes and reservoirs of Ethiopia. (accessed 2 July 2011)
- ↑ Google Earth
- ↑ "Climate, 2008 National Statistics (Abstract)" 13 November 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Table A.2. Central Statistical Agency website (accessed 26 December 2009)
