ချတ်ရော့ကျောင်းတော်

ဝီကီပီးဒီးယား မှ
The Maha chedi of Wat Chet Yot

ချတ်ရော့ကျောင်းတော် (မြန်မာ: ဗောဓာရာမ မဟာဝိဟာရ; ပါဠိ: Bodhārāma Mahāvihāra) သည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် တည်ရှိသည့် ဗုဒ္ဓကျောင်းတော်တစ်ခု ဖြစ်သည်။ မြွေနှစ်တွင် မွေးဖွားသည့် ဘုရားဖူးသူများ အဓိကလာရောက်ကြသည့် နေရာလည်း ဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

ချတ်ရော့ကျောင်းတော်သည် ချင်းမိုင်အဆင့်မြင့်အဝေးပြေးလမ်းမကြီးတစ်လျှောက်ရှိ ချင်းမိုင်မြို့တော်၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။

တည်ဆောက်မှု[ပြင်ဆင်ရန်]

ကျောင်းတော်ကို ၁၄၅၅ စီအီးတွင် တီလိုကာရတ်ဘုရင်(Tilokarat) က တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ၊ ပုဂံသို့ ဘုန်းတော်ကြီးများကို စေလွှတ်ကာ မဟာဗောဓိကျောင်းတော်၏ ဒီဇိုင်းကို လေ့လာစေခဲ့သည်။ မြန်မာနိုင်ငံ၊ ပုဂံရှိ မဟာဗောဓိကျောင်းတော်သည်လည်း အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်ကို ပုံစံကူးယူတည်ဆောက်ထားခြင်း ဖြစ်သည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 18°48′32.7″N 98°58′17.94″E / 18.809083°N 98.9716500°E / 18.809083; 98.9716500