ချစ်၊ ဆရာ(အရှေ့ပိုင်း)

ဝီကီပီးဒီးယား မှ

အရှေ့ပိုင်း ဆရာချစ်သည် သိချင်းရေးဆရာ လှည်းတန်း ဦးလူကလေး၊ဦးအောင်ချင်း ၊၁၂ လမ်းဆရာဖောင်၊ မန္တလေး ဆရာထာ တို့ နှစ် အတူ ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီ၏ ပင်တိုင် စာရေး ဆရာတစ်ဦးဖြစ်သည်။ ဦးစွာ ပထမ အငြိမ့်များတွင် သီချင်းရေးပြီး ၁၉၀၉ ခု၊ခွေးတံဆိပ်ဓာတ်ပြား ပေါ်ပေါက်လာသည့်အခါ ဓာတ်ပြား သီချင်း များ ရေးသားခဲ့သည်။ အရှေ့ပိုင်း ဆရာချစ်သည် နန်းတော်ရှေ့ ဆရာတင် ထက်အသက်ကြီး သည်၊နန်းတော်ရှေ့ ဆရာတင်ကို အရှေ့ပိုင်းဆရာချစ်က ခွေးတံဆိပ်ဓာတ်ပြား ကုမ္ပဏီ နှင့် အဆက်အသွယ် ပြုပေးသဖြင့် သီချင်းများရေးရသည်၊ အဆိုတော်မကြည်အောင်သည် အရှေ့ပိုင်းဆရာချစ်ကြောင့်ပင် အဆိုတော် ဖြစ်လာရသည် ဟု ဆိုရမည်၊မကြည်အောင်အား ဆရာချစ်ကပင် ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီ နှင့် ဆက်သွယ်ပေး ပြီး ဆရာချစ်၏ ကိုလေအိုးသီချင်းဖြင့် မကြည်အောင် နာမည်ကြီးလာသည်။ ကိုလေအိုးသီချင်းကို ဓတ်ပြား ထွက်လာသည်နှင့်ရောင်း၍ မလောက်အောင်စွံခဲ့သည်။ ဆရာချစ်သည် သီချင်းရေး ဆရာသာ မဟုတ်သေး၊လန်ဒန်အတ်ဦးအုန်းမောင် ကိုအကြောင်းပြု၍ ရုပ်ရှင် လောကတွင် သီချင်းလည်းရေး၊ သရုပ်ဆောင်လည်းလုပ် ခဲ့သည်၊ ဗိုလ်၀၊ဗိုလ်ကျော် စသည့် စတန့် ဇတ်ကားများတွင် ဒါရိုက်တာ ဦးတုတ်ကြီး၊ဦးချစ်ဖေ၊ဆားဘထွန်းတို့နှင့်အတူ သရုပ်ဆောင်ခဲ့ဘူးသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]