မာတိကာသို့ ခုန်သွားရန်

ချစ်ဆွေ (သံအမတ်ကြီး)

ဝီကီပီးဒီးယား မှ
ဗိုလ်မှူးချုပ် (ငြိမ်း)
ဦး

ချစ်ဆွေ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၈ မတ် ၂၀၂၆
ယခင်လူသိမ်းဆွေ
(NLD)
(၂၀၁၅ ရွေးကောက်ပွဲ)
(အနိုင်ရသူ အကုန်ယူစနစ်စနစ်ဖြင့်)
မဲဆန္ဒနယ်ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ် (၁၁)
အနိုင်ရမဲ အရေအတွက်အချိုးကျကိုယ်စားပြုစနစ်ဖြင့်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၂၅  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
လက်ထောက်ဦးမင်းမင်း
ဦးကျော်ရွှေထွန်း
ဝန်ကြီးချုပ်ညိုစော
ယခင်လူထွန်းအုံ
ဆက်ခံသူထွန်းအုံ
အလုပ်သမားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၂၅  ၃၁ ဇူလိုင် ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဝန်ကြီးချုပ်မင်းအောင်လှိုင်
ယခင်လူမြင့်နောင်
ဆက်ခံသူအောင်ကျော်ဟိုး
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၁၈ ဇွန် ၂၀၂၂  ၁၀ ဇန်နဝါရီ ၂၀၂၅
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတမြင့်ဆွေ (ယာယီ)
မင်းအောင်လှိုင် (ယာယီ)
ယခင်လူမျိုးမြင့်သန်း
ဆက်ခံသူဇော်ဇော်စိုး
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်နီနီအောင်
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ကြည်း)
ရာထူးဗိုလ်မှူးချုပ်

ဦးချစ်ဆွေ သည် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် မြန်မာ့တပ်မတော်အရာရှိဟောင်း၊ သံအမတ်ကြီးဟောင်းနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်ခဲ့သည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ယင်းမတိုင်မီက အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

စစ်မှုထမ်းဘဝ

[ပြင်ဆင်ရန်]

သူသည် မြန်မာ့တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူးအထိ စစ်မှုထမ်း ခဲ့သည်။၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) တာဝန်အပ်နှင်းခံရသည်။ ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံ [] တို့တွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၂၀၂၁ နောက်ပိုင်းတွင် အရပ်ဘက်သို့ ကူးပြောင်းလာပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သံအမတ်ကြီး ဖြစ်လာသည်။

သံအမတ်ကြီး

[ပြင်ဆင်ရန်]

သူ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေးပြီးဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇွန်လ ၁၈ ရက်တွင် ကြေညာသည်။သံအမတ်ကြီး ဦးချစ်ဆွေသည် ၎င်း၏ခန့်အပ်လွှာကို ၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်တွင် ဗန်ကောက်မြို့၌ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ထံ ပေးအပ်ခြင်းဖြင့် သံတာဝန်ကို စတင်ထမ်းဆောင်သည်။[]

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းအား ဝန်ကြီးရုံးအမိန့်ကြော်ငြာစာအမှတ် (၀၃၃/၂၀၂၅) ဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတာဝန်မှ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့ခန့်ထားသည်။

ဝန်ကြီး

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အလုပ်သမားဝန်ကြီး ဌာန ၏ ပြည်ထောင်စုဝန်ကြီး တာဝန်ပေးအပ်သည်။[]

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ဦးညိုစောအစိုးရ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။ []

နိုင်ငံရေးဖြတ်သန်းမှု

[ပြင်ဆင်ရန်]

အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး အချိုးကျကိုယ်စားပြုစနစ်ဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအား ဦးဆောင်သူ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခန့်အပ်ခံရသည်။[]

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်တွင် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်ခဲ့သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. "ရိုဟင်ဂျာ" ဆိုတဲ့ အပေါ် သဘောထား မြန်မာသံအမတ် ရှင်းပြ VOA Burmese (၁၈ ဖေဖော်ဝါရီ ၂၀၁၈)။ ၄ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. သံအမတ်ကြီး ဦးချစ်ဆွေ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ် MOI Myanmar (၁၉ ဇွန် ၂၀၂၂)။ ၄ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၅)။ ၄ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ Myanmar Digital News (၂၁ ဇန်နဝါရီ ၂၀၂၆)။ ၂၅ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  5. အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ဦးချစ်ဆွေနှင့် အတွင်းရေးမှူးအဖြစ် ဦးသန်းအောင် တို့ကို တာဝန်ပေးအပ်ရန် လျာထားပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည် Eleven Media Group (၂၄ မတ် ၂၀၂၆)။ ၂၅ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
  6. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-04-17 တွင် ပြန်စစ်ပြီး။