ချင်းညီနောင် စစ်ဆင်ရေး
| ||||||||||||||||||||||||||||
၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ချင်းတိုင်းရင်းသား အဖွဲ့အစည်းအများအပြားဖြင့် ဖွဲ့စည်းထားသော စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်သည့် ချင်းညီနောင်က ၎င်းတို့လှုပ်ရှားနေသော ဒေသများကို သိမ်းပိုက်ရန်အတွက် ချင်းညီနောင်စစ်ဆင်ရေး (အင်္ဂလိပ်: Operation Chin Brotherhood) ဟု အတိုကောက်အားဖြင့် Operation CB ဟုခေါ်သည့် စစ်ဆင်ရေးကို စတင်ခဲ့သည်။
ဤစစ်ဆင်ရေးကို ချင်းလူမျိုးမဟုတ်သည့် အဖွဲ့အစည်းအများအပြား၊ အထူးသဖြင့် ရခိုင်အခြေပြု အာရက္ခတပ်တော် (Arakan Army) နှင့် မကွေးတိုင်းဒေသကြီးအခြေပြု ယောတပ်မတော်တို့က ကူညီပံ့ပိုးခဲ့သည်။
ထိုးစစ်များအတွင်း ချင်းညီနောင်က မတူပီ၊ လိုင်လင်းပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ဖလမ်း မြို့ငါးမြို့ကို သိမ်းပိုက်ခဲ့ပသည်။
စစ်ဆင်ရေးများ မစတင်မီ
[ပြင်ဆင်ရန်]ချင်းညီနောင်သည် Operation CB စစ်ဆင်ရေးမစတင်မီတွင် အခြားစစ်ဆင်ရေးအချို့ကို စတင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကန်ပက်လက်မြို့နယ်ရှိ မဟာဗျူဟာမြောက် အရေးပါသော ကျင်ဒွေးမြို့ကို ခရစ္စမတ်အမီသိမ်းပိုက်ရန် စစ်ဆင်ရေးစတင်ခဲ့သည်။[၁] ၂၀၂၄ ခုနှစ်၊ မတ်လတွင် စစ်ဆင်ရေးများကို အရှိန်မြှင့်တင်ပြီးနောက် ချင်းညီနောင်သည် ဧပြီလ ၂၉ ရက်နေ့တွင် ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။[၂] ကျင်ဒွေးမြို့သိမ်းပိုက်ပြီးနောက် ချင်းညီနောင်သည် မေလ ၂၆ ရက်နေ့တွင် တီးတိန်မြို့ဘက်သို့ ဆက်လက်ချီတက်ခဲ့သည်။ မြို့တွင်းနေရာအချို့ကို သိမ်းပိုက်ပြီးနောက် စစ်ဆင်ရေးမှာ ရပ်တန့်ခဲ့ပြီး ချင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များ နှစ်ဖက်စလုံး မြို့တွင်းတွင် ရှိနေဆဲဖြစ်သည်။[၃]
ချင်းညီနောင်စစ်ဆင်ရေး
[ပြင်ဆင်ရန်]ဇွန်လ ၉ ရက်နေ့တွင် ချင်းညီနောင်၊ အာရက္ခတပ်တော် (AA) နှင့် မကွေးတိုင်းအခြေစိုက် ယောတပ်မတော် (Yaw Army) တို့သည် မတူပီမြို့ကို တိုက်ခိုက်ပြီး ချင်းညီနောင်စစ်ဆင်ရေးကို စတင်ခဲ့ပြီး ၄ ရက်အကြာတွင် တရားဝင်ကြေညာခဲ့သည်။[၄] ကြေညာပြီးမကြာမီတွင် ချင်းပြည်ကောင်စီက အာရက္ခတပ်တော်အား ချင်းပြည်နယ်အတွင်း စစ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ရန် ထုတ်ပြန်တောင်းဆိုခဲ့သည်။[၅] သို့သော်လည်း စစ်ဆင်ရေးမှာ ဆက်လက်ဖြစ်ပွားခဲ့ပြီး ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့များသည် ဇွန်လ ၁၇ ရက်နေ့တွင် မတူပီအပြင်ဘက်ရှိ စစ်ကောင်စီတပ်ရင်းစခန်းနှစ်ခုအနက် တစ်ခုကို သိမ်းပိုက်ခဲ့သည်။[၆] နောက်ဆုံးစခန်းဆီသို့ ချီတက်စဉ် ချင်းညီနောင် နှင့် ချင်းအမျိုးသားတပ်မတော် တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့သည်။[၇] ချင်းအမျိုးသားတပ်မတော်/ချင်းပြည်ကောင်စီသည် ဇွန်လ ၂၄ ရက်နေ့တွင် မတူပီဧရိယာမှ ဆုတ်ခွာခဲ့ရသည်။[၈] ဇွန်လ ၂၉ ရက်နေ့တွင် ချင်းညီနောင်သည် မတူပီအနီးရှိ ကျန်ရှိသော စစ်ကောင်စီစခန်းကို သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။[၉] ပြည်တွင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားခဲ့ရာချင်းအမျိုးသားတပ်မတော်က အခြားယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ထိန်းသိမ်းခဲ့ပြီး[၁၀] MDF (ချင်းညီနောင် လက်အောက်ခံ) နှင့် AA တို့သည် ဇူလိုင်လ ၁၁ ရက်နေ့တွင် CDF-Mara နှင့် CNA ထံမှ မတူပီမြို့နယ်ရှိ လိုင်လင်းပီမြို့ကို သိမ်းပိုက်ခဲ့သည်။[၁၁]
နိုဝင်ဘာလ ၉ ရက်နေ့တွင် ချင်းညီနောင်သည် ချင်းညီနောင်စစ်ဆင်ရေးကို ပြန်လည်စတင်ခဲ့ပြီး ဖလမ်းနှင့် မင်းတပ်မြို့များကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့ရာ ဖလမ်းမြို့၏ အများစုကို သိမ်းပိုက်နိုင်ခဲ့သည်။[၁၂] ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မင်းတပ်ခရိုင်နှင့် မြို့နယ်ရဲစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးနှင့် ရဲအရာရှိများမှာ ၎င်းတို့၏ မိသားစုများနှင့်အတူ ချင်းညီနောင်ထံ လက်နက်ချခဲ့သည်။[၁၃] ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ချင်းညီနောင် က မြို့ကိုသိမ်းပိုက်ပြီးနောက် မင်းတပ်ကို စစ်ကောင်စီကင်းမဲ့ဇုန်အဖြစ် ကြေညာခဲ့သည်။[၁၄] နောက်တစ်နေ့တွင် အနီးအနားရှိ ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာပြီးနောက် ငြိမ်းချမ်းစွာ သိမ်းပိုက်နိုင်ခဲ့ရာ တောင်ပိုင်းချင်းပြည်နယ်တစ်ခုလုံး လွတ်မြောက်ခဲ့သည်။[၁၅]
၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ချင်းညီနောင်များအဖွဲ့သည် ဖလမ်းမြို့ရှိ နောက်ဆုံးကျန်ရှိသော စစ်ကောင်စီစခန်းဖြစ်သည့် အမှတ် (၂၆၈) ခြေလျင်တပ်ရင်း ကို သိမ်းပိုက်နိုင်ခဲ့သည်။[၁၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Chin Anti-Regime Groups Target Town Despite Myanmar Junta Reinforcements"၊ The Irrawaddy၊ April 30, 2024။
- ↑ "As Myawaddy Made Headlines, Myanmar's Resistance Took Bigger Prize: Kyindwe"၊ The Irrawaddy၊ May 2, 2024။
- ↑ "Junta and Chin Resistance Forces Share Control Over Tedim Town"၊ Khonumthung News၊ June 13, 2024။
- ↑ "Operation Chin Brotherhood Sees Swift Success Against Myanmar Junta Troops"၊ The Irrawaddy၊ 15 June 2024။
- ↑ "The Chin Council asked the AA not to conduct military operations in Chin State" (in my)၊ Radio Free Asia၊ 11 June 2024။
- ↑ "Chin Brotherhood Alliance on the Path towards Liberating Southern Chin State from Junta control"၊ Khonumthung News၊ 19 June 2024။
- ↑ "Two Fighters Killed as Rival Myanmar Resistance Groups Clash in Chin State"၊ The Irrawaddy၊ 20 June 2024။
- ↑ "Chin Brotherhood Hails Progress Against Myanmar Junta"၊ The Irrawaddy၊ 26 June 2024။
- ↑ "The Chin Brotherhood alliance took over the town of Mutipi" (in my)၊ Radio Free Asia၊ 30 June 2024။
- ↑ "2 Yaw soldiers arrested by CNA released" (in my)၊ Mizzima၊ 12 July 2024။
- ↑ "Lailenpi Under MDF Control Amid Tension Between Mara Armed Forces"၊ Khonumthung News၊ 18 July 2024။
- ↑ "Fighting Flares as Chin Rebels Launch Fresh Offensive"၊ The Irrawaddy၊ 15 November 2024။
- ↑ "Over 100 Junta Troops Surrender in Mindat"၊ Narinjara News၊ 16 December 2024။
- ↑ "Mindat Declared Junta-Free After 42-Day Operation"၊ Mizzima News၊ 25 December 2024။
- ↑ "Myanmar Junta Grip on Chin State Hangs by Thread"၊ The Irrawaddy၊ 9 January 2025။
- ↑ "Chin Rebels Rout Myanmar Junta From Falam After Five-Month Battle"၊ The Irrawaddy၊ 8 April 2025။