မာတိကာသို့ ခုန်သွားရန်

ချင်းညီနောင်

ဝီကီပီးဒီးယား မှ
ချင်းညီနောင်
တည်ထောင်ခြင်း၃၀ ဒီဇင်ဘာ ၂၀၂၃
စတင်လှုပ်ရှားခြင်း၃၀ ဒီဇင်ဘာ ၂၀၂၃–လက်ရှိ
အုပ်စု(များ)
လှုပ်ရှားနယ်မြေချင်းပြည်နယ်
မကွေးတိုင်းဒေသကြီး
စစ်ကိုင်းတိုင်းဒေသကြီး
မြန်မာ-အိန္ဒိယ နယ်စပ်
မဟာမိတ်နိုင်ငံ မဟာမိတ်များ

နိုင်ငံမဟုတ်သော မဟာမိတ်များ

ပြိုင်ဘက်များနိုင်ငံ ပြိုင်ဘက်များ

 မြန်မာ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)

နိုင်ငံမဟုတ်သော ပြိုင်ဘက်များ
ချင်းပြည်ကောင်စီ[]

ဇိုမီးတော်လှန်ရေးတပ်
စစ်ပွဲနှင့် တိုက်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ

ချင်းညီနောင် (အင်္ဂလိပ်: Chin Brotherhood) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေးနှင့် နိုင်ငံရေးမဟာမိတ်အဖွဲ့ ဖြစ်သည်။ မြန်မာ့ပြည်တွင်းစစ်ကာလ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။[] ချင်းပြည်ကောင်စီနှင့် ချင်းပြည် ဖွဲ့စည်းပုံ ထူထောင်မှုသည် "ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီခြင်း၊ တန်းတူမရှိခြင်းနှင့် ချင်းတိုင်းရင်းသားအုပ်စုအားလုံး၏ ညီညွတ်မှုကို မထင်ဟပ်" ဟု ယုံကြည်ကြသော ချင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်များ ပူးပေါင်းကာ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ မေ ၁၃ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ၆ ဖွဲ့ ပေါင်းစည်းထားသော ချင်းညီနောင်အဖွဲ့ကို ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ် ပေးနိုင်သည့် တပ်မတော်တစ်ရပ်အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရေး စတင်လုပ်ဆောင်နေပြီဟု ချင်းညီနောင်အဖွဲ့က ကြေညာသည်။[]

အခြား ချင်းအဖွဲ့များနှင့် ပဋိပက္ခများ

[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် CDF-မရာလန်း၊ CDF-ပလက်ဝ၊ CDF-ထန်တလန်၊ CDF–ဇိုဖေ၊ CDF-လောက်တူ၊ နှင့် CDF–ဆယ်ထန်တို့သည် ချင်းအမျိုးသားတပ်မတော်နှင့် အတူ ချင်းညီနောင်အဖွဲ့ဝင် မရာလန်းကာကွယ်ရေးတပ်မတော်အား ထိုးစစ်ဆင်ခဲ့ရာ ချင်းအမျိုးသားတပ်မတော်မှ တစ်ဦးကျဆုံးပြီး CDF-မရာလန်းအဖွဲ့ဝင်များ ဖမ်းဆီးခံခဲ့ရသည်။[] တစ်လခန့်အကြာတွင် မရာလန်းကာကွယ်ရေးတပ်မတော်နှင့် ချင်းအမျိုးသားတပ်မတော်တို့ ပလက်ဝမြို့နယ်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။[]

မေလအစောပိုင်းတွင် ချင်းညီနောင်အဖွဲ့က ကျင်ဒွေးမြို့အား သိမ်းပိုက်ပြီးနောက် ချင်းပြည်ကောင်စီနှင့် ချင်းအမျိုးသားတပ်ဦးတို့သည် နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းသည့်အနေဖြင့် ကျင်ဒွေးမြို့အား ရယူရန် ကြိုးပမ်းခဲ့သည်ဟု မဟာမိတ်အဖွဲ့က စွပ်စွဲထားသည်။ []

အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]

တည်ထောင်အဖွဲ့ဝင်များ

နောက်ပိုင်း အဖွဲ့ဝင်များ

ကိုးကား

[ပြင်ဆင်ရန်]