ခေး၊ ကို (စာရေးဆရာ)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ညောင်လေးပင် အနောက်ဘက် ခုနှစ် မိုင်ခန့် ဝေးသည့် ဇီးကန်ရွာ ဇာတိ။ လယ်သမား၏ သား ဖြစ်သည်။ မော်လမြိုင် ကောလိပ် မဂ္ဂဇင်းတွင် ‘ခေး’ ကလောင် အမည်ဖြင့် စတင် ရေးခဲ့သည်။ ၁၉၈၄ ခု ဧပြီလ ပေဖူးလွှာတွင် ‘ရေခဲ သစ်သီး’ ဝတ္ထုတိုကို ‘ကိုခေး’ အမည်ဖြင့် ရေးသည်။ ၁၉၇၇ တွင် သိပ္ပံဘွဲ့၊ ၁၉၈၁ တွင် ဓာတ်ခွဲခန်း ဒီပလိုမာ ရရှိသည်။ ‘ကျောင်း အဆင်းမှာ’၊ ‘ပုဈာ’၊ ‘ထဘီ တိုတို ရေစိုစို’၊ ‘အတောင်မဲ့ လိပ်ပြာ’၊ ‘တသက်လျာ လွမ်းစာ ပါပြီထင့်’ နှင့် ‘တုံ့နှောင် တင်းရစ်’ ဝတ္ထုတို များမှာ ထင်ရှားသည်။

ကိုးကား[ပြင်ဆင်ရန်]