ခုဒ္ဒကပါဌ

ဝီကီပီးဒီးယား မှ

သရဏဂုံသုံးပါး[ပြင်ဆင်ရန်]

မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

နှစ်ကြိမ်မြောက်လည်းတရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

နှစ်ကြိမ်မြောက်လည်း သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

သုံးကြိမ်မြောက်လည်းတရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

သုံးကြိမ်မြောက်လည်း သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

သရဏဂုံကဏ္ဍပြီး၏။

အခြေခံသိက္ခာပုဒ်ဆယ်ပါး[ပြင်ဆင်ရန်]

  • သူတစ်ပါးအသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
  • မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
  • မမြတ်သောမေထုန်အကျင့်မှ ရှောင်ကြဉ်ကြောင်းသိက္ခာပုဒ်ကိုဆောက်တည်ပါ၏။
  • မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
  • ယစ်မူးမေ့လျောခြင်း၏ အကြောင်းဖြစ်သော သေရက်သေရည်သောက်စားခြင်းမှ ရှောင်ကြဉ်ကြောင်းသိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
  • နေ့လွဲညစာစားခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
  • ကခြင်း၊သီဆိုခြင်း၊တီးမှုတ်ခြင်းနှင့် သူတော်ကောင်းတရား၏ ဆူးငြောင့်သဖွယ်ဖြစ်သော ပွဲလမ်းသဘင်တို့ကို ကြည့်ရှုနားထောင်ခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
  • ပန်းပန်ခြင်း၊နံ့သာခြယ်ခြင်း၊နံ့သာပျောင်းလိမ်းခြင်း၊ တန်ဆာဆင်ခြင်း၊ အပြေအပြစ်ပြုခြင်းမှ ရှောင်ကြဉ်ကြောင့် သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
  • မြင့်သောနေရာ မြတ်သောနေရာတို့အား ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
  • ရွှေငွေတို့ကို ကိုင်ခြင်း၊ခံယူခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။

သိက္ခာပုဒ်ဆယ်ပါးပြီး၏။

သုံးဆယ့်နှစ်ကောဋ္ဌာသ[ပြင်ဆင်ရန်]

ကုမာရပဉှာ[ပြင်ဆင်ရန်]

မင်္ဂလသုတ်[ပြင်ဆင်ရန်]

[၁] [၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ၃၈-ဖြာ မင်္ဂလာတရားတော်တို့ကို နတ်ဗြဟ္မာတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃]


ရတနသုတ်[ပြင်ဆင်ရန်]

ရတနသုတ်၏ စွမ်းရည်သတ္တိ - ဘုရားရှင် လက်ထက် ကြီးကျယ်ခမ်းနားစည်ပင် ပြန့်ပြောခဲ့သော ဝေသာလီပြည်ကြီးဝယ် ငတ်မွတ်ခေါင်းပါးသောဘေး ဘီလူးဘေး ရောဂါအန္တရာယ်ဘေး-ဟူသော ဘေးကြီး ၃-ပါးဖြစ်ပေါ်လာမှုကြောင့် လူပေါင်းမြောက်မြားစွာ သေကျေပျက်စီးဆုံးရှူံးခဲ့ကြသည်၊ ထို့နောက် ဘုရားရှင်ကြွရောက်တော်မူလာပြီး ရတနသုတ် ပရိတ်တော်ကို အရှင်အာနန္ဒာမထေရ်ကို သင်ပေး၍အရွတ်ဆိုခိုင်း, မိမိကိုယ်တိုင်လည်းဟောကြားတော်မူရာ ဘေးဥပါဒ်အားလုံးကင်းငြိမ်းပပျောက်ပြီး ရှစ်သောင်းလေးထောင် (၈၄၀၀၀)သော သတ္တဝါတို့သစ္စာသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြလေသည်။ ရတနသုတ်၏ စွမ်းရည်သတ္တိသည် စကြဝဠာ ကုဋေတစ်သိန်းဟုဆိုအပ်သော အာဏာခေတ်အတွင်း၌ ပျံ့နှံ့လေသည်။ ယင်းရတနသုတ်၌ အားလုံး(၁၈) ဂါထာပါရှိရာ ရတနာသုံးပါး၏ ဂုဏ်ရည်များဖြင့် သစ္စာပြုပုံများ ဖြစ်လေသည်။ [၄][၅]

တိရောကုဋ္ဋသုတ်[ပြင်ဆင်ရန်]

[၆] [၇] (၁) သာဓုခေါ်ဆိုနိုင်ရန် နေအိမ်အနီးအနားသို့ ရောက်လာတတ်ပုံ။

(၂) ကောင်းမှုကုသိုလ်ပြုကြသော်လည်း ထိုသူတို့၏ အကုသိုလ်ကံကြောင့် အမှတ်မရကြပုံ။

(၃) ကောင်းမှုပြုပြီး “ဣဒံ ဝေါ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော”ဟု ကုသိုလ်ရှင်က အမျှပေးဝေပုံ။

(၄) ဆွေမျိုးပြိတ္တာတို့ အနုမောဒနာပြုကြပုံ။ ။

(၅) ဆွေမျိုးပြိတ္တာတို့ အလှူရှင်တို့အား ဆုတောင်းကြပုံ။

(၆) ပြိတ္တာဘုံ၌ စီးပွားရေးလုပ်ငန်း တစ်ခုမျှမရှိ။

(၅/၈) ဤဘဝက ကုသိုလ်စေတနာ တမလွန်ဘဝရှိ ဆွေမျိုးများထံ ရောက်ရှိပုံ ဥပမာ။

(၉) အမျှဝေခါနီး၌ မိမိအပေါ်ပြုခဲ့ဖူးသော ဆွေမျိုးများ၏ကျေးဇူးကို အာရုံပြု အမျှ ပေးဝေရန်။

(၁၀) ငိုကြွေးမှု စိုးရိမ်ပူပန်မှု ပြောဆိုမြည်တမ်းငိုယိုမှုများသည် ကွယ်လွန်ပြီးသူများအတွက် ဘာအကျိုးမျှမဖြစ်။

(၁၁) သံဃာအားလှူဒါန်းသော ကောင်းမှုစေတနာသည်သာ ချက်ချင်းအကျိုးခံစားရပုံ၊

(၁၂) အမျှဝေခြင်းကုသိုလ်သည် ဉာတိဓမ္မ၊ ဉာတိပူဇာ အလှူခံတို့အား ဗလဒါန၊ အလှူရှင်တို့ ကောင်းမှုဆည်းပူး စုဆောင်းခြင်းဖြစ်ပုံတို့ကို ဘုရားရှင်က ဗိမ္မိသာရ မင်းအား ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ (၉၂)ကမ္ဘာထက် ဖုဿဘုရားရှင်လက်ထက်တော်က ဖြစ်စဉ်နှင့် ဂေါတမဘုရားရှင်လက်ထက်ဖြစ်စဉ်များနှင့် ဂါထာဆိုင်ရာ ဖွင့်ဆိုချက်များ ရှိပါသည်။[၃]

နိဓိကဏ္ဍသုတ်[ပြင်ဆင်ရန်]

[၈] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဘုရားအမှူးရှိသော သံဃာတော်အား ဆွမ်းကပ်လှူနေစဉ် ကောသလဘုရင်က အခေါ်လွှတ်လိုက်သော မင်းချင်းယောက်ျားကို “ပြီးလျှင်လာခဲ့ပါမည်၊ ရွှေအိုးမြှုပ်နေလို့ပါ” ဟုပြောလိုက်သောစကားကို အကြောင်းပြု၍ ဘုရားရှင်က “နိဓိ နိဓေတိ”အစရှိသော နိဓိကဏ္ဍသုတ္တန်ဖြင့် သူကြွယ်အား ဆွမ်းအနုမောဒနာ ပြုတော်မူသည့်သုတ်။

ဂါထာ (၁၊၂)တို့ဖြင့် ရွှေအိုးမြှုပ်နှံပုံနှင့် ရည်ရွယ်ချက်ကိုလည်းကောင်း (၃)ဂါထာဖြင့် မြှုပ်ထားသော ရွှေအိုး၏ အစိုးမရပုံကိုလည်းကောင်း၊ (၄၊၅)ဂါထာတို့ဖြင့် မြှုပ်ထားသောရွှေအိုး ပျောက်ဆုံးနိုင်ပုံကိုလည်းကောင်း၊ (၆)ဂါထာဖြင့် အနုဂါမိက ရွှေအိုး (၃)မျိုး မြှုပ်နှံပုံကိုလည်းကောင်း (၇)ဂါထာဖြင့် ရွှေအိုးမြှုပ်နှံရာဌာနတို့ကိုလည်းကောင်း (၈၊၉)ဂါထာတို့ဖြင့် ရတနနိဓိနှင့်ပုညနိမိတို့၏ ခြားနားပုံကိုလည်းကောင်း (၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅) ဂါထာတို့ဖြင့် ပုညနိမိ၏ အကျိုးကျေးဇူးအမျိုးမျိုး ရရှိခံစားနိုင် ပုံကိုလည်းကောင်း (၁၆)ဂါထာဖြင့် ပုညနိဓိမြှုပ်နှံဖို့ရန် တိုက်တွန်းပုံကို လည်းကောင်း ဟောကြားတော်မူပါသည်။

အဋ္ဌကထာ၌ သုတ်တော်၏နိဒါန်းနှင့် ဂါထာအလိုက်သိသင့်သမျှ သာဓက ပါဠိများဖြင့် ပြည့်ပြည့်စုံစုံ ဖွင့်ဆိုထားပါသည်။[၃]

မေတ္တသုတ်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. -ခုဒ္ဒက၊၃-၄။ ခုဒ္ဒက၊မြန်၊၃-၄။ ခုဒ္ဒက၊ဋ္ဌ၊၇၅-၁၃၂။ -ခုဒ္ဒကနိကာယ၊ ခုဒ္ဒကပါဌ၊ ပဉ္စမသုတ်။
  2. -သုတ္တနိ၊၃၁၈-၉။ သုတ္တနိ၊မြန်၊၃၀၀-၁။ သုတ္တနိ၊ဋ္ဌ၊၂၊၁-၃၇။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ၊ ၂-စူဠဝဂ္ဂ၊ စတုတ္ထသုတ်။
  3. ၃.၀ ၃.၁ ၃.၂ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. (ခုဒ္ဒက၊၄၊၈၊ သုတ္တနိ၊၃၁၂-၅။ မိလိန္ဒ၊၃၃၂။ ခုဒ္ဒက၊ဋ္ဌ၊၁၃၅-၆၊ ၁၆၄။ ဓမ္မ၊ဋ္ဌ၊၂၊၂၇၃-၄။ သုတ္တနိ၊ဋ္ဌ၊၁၊၂၆၅-၆။ ၂၉၂။ ဝိသုဒ္ဓိ၊၂၊၄၄။)
  5. တိပိဋကအဘိဓာန် အတွဲ-၁၇
  6. -ခုဒ္ဒကပါဌ၊၈-၉။ ခုဒ္ဒကပါဌ၊မြန်၊၇-၈။ ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၆၈-၁၈၂။ -ခုဒ္ဒကနိကာယ၊ ခုဒ္ဒကပါဌ၊ သတ္တမသုတ်။
  7. -ပေတ၊၁၂၉-၁၃၀။ ပေတ၊မြန်၊၁၂၇-၈။ ပေတ၊ဋ္ဌ၊၁၈-၂၉။ -ခုဒ္ဒကနိကာယ၊ ပေတဝတ္ထု၊ ၁-ဥရဂဝဂ္ဂ၊ ပဉ္စမဝတ္ထု။
  8. -ခုဒ္ဒက၊၉-၁၀။ ခုဒ္ဒက၊မြန်၊၈-၁၀။ ခုဒ္ဒက၊ဋ္ဌ၊၁၈၂-၁၉၇။ -ခုဒ္ဒကနိကာယ၊ ခုဒ္ဒကပါဌ၊ အဋ္ဌမသုတ်။