ခုတင် (၅၀၀) ဆံ့အထူးကုဆေးရုံကြီး၊ ရန်ကုန်

ဝီကီပီးဒီးယား မှ
ခုတင် (၅၀၀) ဆံ့အထူးကုဆေးရုံကြီး၊ ရန်ကုန်
Map
ပထဝီဝင်ဆိုင်ရာ
တည်နေရာLanmadaw 11131, Yangon, Yangon Region, Myanmar
ကိုဩဒိနိတ်16°46′59″N 96°08′33″E / 16.783100°N 96.142593°E / 16.783100; 96.142593ကိုဩဒိနိတ်: 16°46′59″N 96°08′33″E / 16.783100°N 96.142593°E / 16.783100; 96.142593
အဖွဲ့အစည်း
ဆေးရုံအမျိုးအစားသင်ကြားရေး
နှီးနွယ် တက္ကသိုလ်University of Medicine 1, Yangon, University of Medicine 2, Yangon
ဝန်ဆောင်မှုများ
အရေးပေါ်ကုသရေးဌာနYes
ကုတင်အရေအတွက်500[၁]
SpecialityHepatology, rheumatology, urology
သမိုင်းကြောင်း
တည်ထောင်ခဲ့2014[၁]

ခုတင် (၅၀၀) ဆံ့အထူးကုဆေးရုံကြီး၊ ရန်ကုန် သည် ရန်ကုန်မြို့တွင် တည်ရှိသည့် အထူးကုဆေးရုံတစ်ခု ဖြစ်သည်။ ဆေးရုံကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည်။[၁] ဆေးရုံသည် လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလ်မးတွင် တည်ရှိသည်။ ရန်ကုန်ဆေးရုံကြီးမှ လမ်းလျှောက်သွားမည်ဆိုပါက ၂၀ မိနစ် ကြာမြင့်သည်။ ဤဆေးရုံသည် ယခင်က စွမ်းအင်ဝန်ကြီးဌာနအဖြစ် အသုံးပြုခဲ့သည့် အဆောက်အဦကို ပြုပြင်မွမ်းမံကာ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။[၂] ဤဆေးရုံကို မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ပုဂ္ဂလိကကုမ္ပဏီများဖြစ်ကြသည့် Original Group, A1, Golden Flower and Shwe Taung Development တို့က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီများဘက်မှ အမေရိကန်ဒေါ်လာ ၇.၆ သန်းကျော် ထောက်ပံ့ပေးပြီး ကျန်းမာရေးဝန်ကြီးဌာနက အတွင်းပိုင်းအပြင်အဆင်၊ လိုအပ်သည့် ပစ္စည်းများနှင့် ဝန်ထမ်းများအတွက် တာဝန်ယူရသည်။ [၃]ဤဆေးရုံကို နောင်ကာလတွင် အသည်းနှင့် ကျောက်ကပ်အဓိကကုသပေးသည့် ဆေးရုံတစ်ခုအဖြစ် ရည်ရွယ်ထားသည်။[၂]

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆေးရုံနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို စတင်ခဲ့သည်။ ခွဲစိတ်မှုနှင့် အထူးကုဌာနများသည် ၂၀၁၄ ခုနှစ်၊ ဇွန်လအကုန်တွင် စတင်ခဲ့သည်။[၃] အစိုးရ၏ ထောက်ပံ့မှုဖြင့် modular operation theater နှင့် air handing unit နှင့် အထူးကုဌာနတစ်ခုကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်ကတည်းက စတင်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှစတင်ကာ ဆေးရုံတွင် လူနာစုစုပေါင်း ၄၃၈၅ ဦးကို ကုသပေးခဲ့ပြီး ဆေးရုံကို လာရောက်ခဲ့သည့် လူနာအရေအတွက်သည် ၁၃၂၄၆ ဦး ရှိခဲ့သည်။[၁]

ဆေးရုံတွင် ပါမောက္ခ ၅ ဦး၊ အကြီးတန်းဆရာဝန် ၈ ဦး၊ အငယ်တန်းဆရာဝန် ၂၂ ဦးနှင့် လက်ထောက်ခွဲစိတ်ဆရာဝန် ၂၅ ဦး၊ သူနာပြု ၁၃၀ ဦး ရှိသည်။[၂]

ဤဆေးရုံသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် စသည့် တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် တတိယတန်းအဆင့်ရှိ သင်ကြားကုသရေးဆေးရုံတစ်ခုလည်း ဖြစ်သည်။[၃]

ဌာနများ[ပြင်ဆင်ရန်]

ဆေးရုံတွင် အထူးကုဌာန ၈ ခု နှင့် အကူဌာန ၁၂ ခု ရှိသည်။[၁] ရန်ကုန်ဆေးရုံကြီးနှင့် ရန်ကုန်ဆေးရုံသစ်ကြီးမှ hepatology နှင့် urology ဌာနများ၊ အထူးကုဌာန လေးခုတို့သည် ဤဆေးရုံသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ဆေးရုံရှိ Rheumatology ဌာနသည် မြန်မာနိုင်ငံရှိ ပထမဆုံးသော Rheumatology ဌာန ဖြစ်သည်။[၂]

အထူးကုဌာနများ[ပြင်ဆင်ရန်]

  • Department of Hepatology
  • Department of Hepatobiliary Surgery
  • Department of Nephrology
  • Department of Respiratory Medicine
  • Department of Rheumatology
  • Department of Thoracic Surgery
  • Department of Urology
  • Physical Medicine & Rehabilitation Unit

ရောဂါစမ်းသပ်ရှာဖွေရေးဌာများ[ပြင်ဆင်ရန်]

သင်ကြားရေးအစီအစဉ်များ[ပြင်ဆင်ရန်]

ဤဆေးရုံသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့၏ ဘွဲ့ကြိုနှင့် ဘွဲ့လွန် အစီအစဉ်များနှင့် သင်တန်းများအတွက် သင်ကြားရေးဆေးရုံလည်း ဖြစ်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ခုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီး ရန်ကုန် ဖွင့်ပွဲအခမ်းအနား။ The President Office။ 2014-09-22 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ New 500-bed hospital in Yangon to become national medical hub for liver, kidney transplants။ The New Light of Myanmar။ 2014-09-15 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ New infirmary opens in Yangon။ The Myanmar International။ 2014-09-10 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]