မာတိကာသို့ ခုန်သွားရန်

ခီဆာခင်

ဝီကီပီးဒီးယား မှ
ခီဆာခင်
ဇာတိ အမည်ခီဆာခင်
မွေးဖွား (2008-03-03) ၃ မတ်၊ ၂၀၀၈ (အသက် ၁၈)
တောကျွဲအင်းရွာ၊ ကျောက်တံခါးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး
အရပ်၁၇၈ cm (၅ ft ၁၀ in)
ဘွဲ့Miss Tourism Myanmar 2023
Miss World Myanmar 2025
အလှမယ်ဘွဲ့ ရရှိသူ
အေဂျင်စီRadiance Event Production
အဓိက ပြိုင်ပွဲ(များ)Miss Tourism Myanmar 2023
(Winner)
Miss Tourism International 2023
(Unplaced)
(Best of Speak Out Award)
Miss World Myanmar 2025
(Winner)
Miss World 2025
(Unplaced)

ခီဆာခင် (အင်္ဂလိပ်: Khisa Khin ; ၃ မတ် ၂၀၀၈ မွေးဖွား) သည် မြန်မာ့မော်ဒယ်နှင့် အလှမယ်ဖြစ်သည်။ Miss Tourism Myanmar 2023 နှင့် Miss World Myanmar 2025 သရဖူကို ရရှိခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် Miss World 2025 တွင် သွားရောက်ယှဉ်ပြိုင်‌ မည်ဖြစ်သည်။[][]

အလှမယ်

[ပြင်ဆင်ရန်]

Miss Tourism Myanmar 2023

[ပြင်ဆင်ရန်]

ခီဆာခင်သည် Miss Tourism Myanmar 2023 သရဖူကို ဆွတ်ခူးခဲ့သည်။ နိုင်ငံကိုယ်စားပြုအဖြစ် Miss Tourism International 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။[]

Miss Tourism international 2023

[ပြင်ဆင်ရန်]

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က မလေးရှားနိုင်ငံ Kota Kinabalu ရှိ Sabah International Convention Center (SICC) တွင် ကျင်းပပြုလုပ်သည့် Miss Tourism International 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ကမ္ဘာတစ်ဝန်းမှ ပြိုင်ပွဲဝင် ၄၄ ဦး ပါဝင်ခဲ့သည်။ သူမ၏ ထူးချွန်ထက်မြက်တဲ့ ဆက်သွယ်ရေးစွမ်းရည်အတွက် Best of Speak Out Award ကို ချီးမြှင့်ခံခဲ့ရသည်။[]

အဆိုပါပြိုင်ပွဲတွင် ထိုင်းနိုင်ငံ၏ ဒုတိယအကြိမ်မြောက် အနိုင်ရရှိမှုအဖြစ် ထိုင်းနိုင်ငံမှ Tia Li Taveepanichpan အား အဓိကဆုအား ချီးမြှင့်ခဲ့သည်။[]

Miss World Myanmar 2025

[ပြင်ဆင်ရန်]

၂၀၂၅ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် Miss World Myanmar 2025 သရဖူကို ခီဆာခင်က ရရှိခဲ့ပြီး နိုင်ငံကိုယ်စားပြုအနေဖြင့် Miss World 2025 အလှမယ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည်။[][]

အိန္ဒိယနိုင်ငံ Telangana တွင် ကျင်းပမည့် Miss World 2025 ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပြိုင်ပွဲဝင်များနှင့်အတူ ယှဉ်ပြိုင်ရသည်။[] အလှမယ်သည် အလှတရားသာမက ရည်ရွယ်ချက်ဖြင့် မောင်းနှင်သော ပရောဂျက်များနှင့် ကမ္ဘာလုံးဆိုင်ရာ လှုံ့ဆော်မှုများကိုလည်း အလေးပေးပါသည်။[]

ပရောဂျက်

[ပြင်ဆင်ရန်]

ခီဆာခင် ၏ "Beauty with a Purpose" ခေါင်းစဉ်ဖြင့် Rebuilding Hope ပရောဂျက်သည် အကူအညီများနှင့် အသိပညာပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံရပ်ရွာများကို ပံ့ပိုးပေးသည်။[၁၀] “ကလေးတိုင်း ကျောင်းတက်ခွင့် ထိုက်တန်ပါတယ်” ဟု ပညာရေးအတွက် ထောက်ခံအားပေးပြီး ကျေးလက်ဒေသနှင့် အားနည်းသော ဒေသများတွင် သင်ကြားခွင့်ရရှိရေး မြှင့်တင်ရန် လုပ်ဆောင်နေသူဖြစ်သည်။[၁၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. (၇၂) ကြိမ်မြောက် Miss World ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် ခီဆာခင် ဝင်ရောက်ယှဉ်ပြိုင်မည် (9 May 2025)။ 25 May 2025 တွင် ပြန်စစ်ပြီး။
  2. အလှမယ် ခီဆာခင်ဟာ၇၂ ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံအတွက်အကောင်းဆုံး ကြိုးစားသွားမည်ဟုဆို (in my) (10 May 2025)။ 25 May 2025 တွင် ပြန်စစ်ပြီး။
  3. Miss Tourism International 2023 ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အလှမယ် ခီဆာခင် National Costume ကို “မရှုံးသောဧကရီ” ဝတ်စုံနှင့် ဝင်ရောက်ယှဉ်ပြိုင်မည် (in my) (14 November 2023)။ 25 May 2025 တွင် ပြန်စစ်ပြီး။
  4. Miss Tourism Myanmar competes in Miss Tourism International 2023 in Malaysia 25 May 2025 တွင် ပြန်စစ်ပြီး။
  5. Thailand wins Miss Tourism International for second time 25 May 2025 တွင် ပြန်စစ်ပြီး။
  6. Khisa Khin wins Miss World Myanmar 2025 crown 25 May 2025 တွင် ပြန်စစ်ပြီး။
  7. အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် ၇၂ ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ခီဆာခင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံက စတင်ထွက်ခွာ (in my) (6 May 2025)။ 25 May 2025 တွင် ပြန်စစ်ပြီး။
  8. မြန်မာ့အလှမယ်လေး ခီဆာခင်ဟာငလျင်ပရောဂျက်ယှဉ်ပြိုင်မှုကြောင့် Miss World ပိုင်ရှင်ကိုယ်တိုင်ချီးကျူးပြီး မြန်မာကိုလာလည်မယ်လို့ပြောခဲ့ (in my) (15 May 2025)။ 25 May 2025 တွင် ပြန်စစ်ပြီး။
  9. Myanmar readies for 72nd Miss World stage in India (in en) (9 May 2025)။ 25 May 2025 တွင် ပြန်စစ်ပြီး။
  10. ငလျင်နှင့် ပြည်တွင်းစစ်ကြောင့် သေဆုံးရတဲ့ မြန်မာကလေးငယ်များအတွက် Miss World အလှမယ် ထုတ်ဖော် (in my) (22 May 2025)။ 25 May 2025 တွင် ပြန်စစ်ပြီး။
  11. ကလေးသူငယ်တိုင်း ကျောင်းတက်ခွင့်ရသင့်တဲ့အကြောင်း မယ်ကမ္ဘာမြန်မာပြော (in my) (22 May 2025)။ 25 May 2025 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]
အောင်မြင်မှု
ယခင်က
မြန်မာနိုင်ငံ ယွန်းသိမ့်သိမ့်‌နွေး
Miss World Myanmar
2025
ဆက်ခံသူ
လက်ရှိ